Match Report UCL&UEL

အတ္တလန္တာကို အချဉ်ဖမ်းလို့ လူစုံတက်စုံနဲ့ အန်းဖီးမှာ ရှုံးချက်နာခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အတ္တလန္တာကို အိမ်ကွင်း အန်းဖီးမှာ ၃-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဘက်မှာ ဒဏ်ရာရကစားသမားတွေ အများအပြား ပြန်ပါလာနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်း ဖြုန်းတီးမှု၊ ခံစစ်ပိုင်း ပေါ့လျော့မှုတွေကြောင့် ကလော့ပ်ရဲ့ အသင်းအတွက် စိတ်ပျက်စရာ ညနေဖြစ်ခဲ့တာဖြစ်ပါတယ်။

စီးရီးအေကလပ်အသင်းဟာ ပထမပိုင်းပြီးဆုံးခါနီး ၃၈ မိနစ်မှာ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း ဂျန်လူကာ စက္ကာမက္ကာရဲ့ သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးမှာ ကယ်လီဟာအနေနဲ့ ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တာဖြစ်ပေမယ့်လည်း အဖွင့် ၄၅ မိနစ်အတွင်း အခြားအချိန်တွေတုန်းက အသင်းကို မျက်နှာ၊ ရင်ဘတ်တွေနဲ့ ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အတွက် အကောင်းဆုံးအခွင့်အရေးတွေကို ဒါဝင် နူးညက်ဇ်က ဖြုန်းတီးပစ်ခဲ့တာဖြစ်ပြီး ဟာဗီး အဲလီးယော့တ်ရဲ့ အပိုင်ဂိုးသွင်းယူမှုကလည်း ဂိုးဘားတန်းထိမှန်သွားခဲ့လို့ လီဗာပူးလ်တို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က ရောဘတ်ဆန်၊ မိုဆာလား၊ ဆဘော့ဇ်ဆလိုင်းတို့ကို ပထမပိုင်းအပြီးမှာ လူစားဝင်ကစားစေခဲ့ပေမယ့်လည်း အကျိုးသက်ရောက်မှုအနည်းငယ်သာ ရှိခဲ့ပြီး မိနစ် ၆၀ မှာ စက္ကာမက္ကာကပဲ နောက်ထပ် ဦးဆောင်ဂိုးကို ဒီကတ်တလီယာရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယဂိုးပေးလိုက်ရပြီးနောက် ကလော့ပ်က တိုက်စစ်မှာ ဖြုန်းနေတဲ့ နူးညက်ဇ်နဲ့ နေရာမှာ လူးဝစ္စ ဒီယက်ဇ်ကို ထည့်သွင်းကစားစေခဲ့ပြီး အန်ဒိုနေရာမှာလည်း ဂျိုတာကို ထည့်ပြီး တိုက်စစ်မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်တို့အတွက် ပြန်လာနိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်ခဲ့ပြီး ပွဲပြတ်သွားစေမယ့်​ နောက်ထပ် ဦးဆောင်ဂိုးကို ၈၄ မိနစ်မှာ ပါဆားလစ်က လီဗာပူးလ်ကစားသမားတွေရဲ့ အမှားကနေတဆင့် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆဘော့ဇ်ဆလိုင်းရဲ့ ကိုနာတီဆီ ဆိုးရွားတဲ့ နောက်ပြန်ပေးပို့မှုကို ကုမိန်နာစ်က ရယူပြီး တိုက်စစ်ကို တဟုန်ထိုး ပြေးထွက်ပြီး အီဒါဆန်ကို ပေးပို့ခဲ့ရာမှာ ကယ်လီဟာက ပုတ်ထုတ်နိုင်ခဲ့ပေမယ့်လည်း ပါဆားလစ်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်အလွတ်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၈၅ မိနစ်မှာ လီဗာပူးလ်တို့ နှစ်သိမ့်ဂိုးတစ်ဂိုး ပြန်သွင်းယူနိုင်ဖို့ အခွင့်အရေးရခဲ့ပြီး ဘယ်တောင်ပံကနေ ရောဘတ်ဆန် ပင်နယ်တီဧရိယာထဲကို ပြေးဝင်ခဲ့ရာမှာ ဂိုးသမား မူဆိုက အလျင်စလို ပြေးထွက်လာခဲ့တာကြောင့် လီဗာပူးလ်နောက်ခံလူက ဝိုက်ကန်သွင်းခဲ့ရာမျာ ရပ်ဂီရီက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် အိမ်ရှင်လီဗာပူးလ်ဟာ ဥရောပပြိုင်ပွဲမှာ နောက်ထပ် အကြီးမားဆုံးရှုံးပွဲစံချိန်နဲ့ ပူးတွဲစံချိန်ပိုင်ဆိုင်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကို  ၂၀၁၄ အောက်တိုဘာတုန်းက ၃-၀၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ၅-၂ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္ဟာ ၾကာသပေတးေန႔ညက ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ အတၱလႏၲာကို အိမ္ကြင္း အန္းဖီးမွာ ၃-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဘက္မွာ ဒဏ္ရာရကစားသမားေတြ အမ်ားအျပား ျပန္ပါလာႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္ပိုင္း ျဖဳန္းတီးမႈ၊ ခံစစ္ပိုင္း ေပါ့ေလ်ာ့မႈေတြေၾကာင့္ ကေလာ့ပ္ရဲ႕ အသင္းအတြက္ စိတ္ပ်က္စရာ ညေနျဖစ္ခဲ့တာျဖစ္ပါတယ္။

စီးရီးေအကလပ္အသင္းဟာ ပထမပိုင္းၿပီးဆုံးခါနီး ၃၈ မိနစ္မွာ ဝက္စ္ဟမ္းတိုက္စစ္မႉးေဟာင္း ဂ်န္လူကာ စကၠာမကၠာရဲ႕ သြင္းဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးမွာ ကယ္လီဟာအေနနဲ႔ ပိုေကာင္းေအာင္ လုပ္ႏိုင္ခဲ့သင့္တာျဖစ္ေပမယ့္လည္း အဖြင့္ ၄၅ မိနစ္အတြင္း အျခားအခ်ိန္ေတြတုန္းက အသင္းကို မ်က္ႏွာ၊ ရင္ဘတ္ေတြနဲ႔ ကာကြယ္ေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အတြက္ အေကာင္းဆုံးအခြင့္အေရးေတြကို ဒါဝင္ ႏူးညက္ဇ္က ျဖဳန္းတီးပစ္ခဲ့တာျဖစ္ၿပီး ဟာဗီး အဲလီးေယာ့တ္ရဲ႕ အပိုင္ဂိုးသြင္းယူမႈကလည္း ဂိုးဘားတန္းထိမွန္သြားခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးမရခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က ေရာဘတ္ဆန္၊ မိုဆာလား၊ ဆေဘာ့ဇ္ဆလိုင္းတို႔ကို ပထမပိုင္းအၿပီးမွာ လူစားဝင္ကစားေစခဲ့ေပမယ့္လည္း အက်ိဳးသက္ေရာက္မႈအနည္းငယ္သာ ရွိခဲ့ၿပီး မိနစ္ ၆၀ မွာ စကၠာမကၠာကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ဒီကတ္တလီယာရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယဂိုးေပးလိုက္ရၿပီးေနာက္ ကေလာ့ပ္က တိုက္စစ္မွာ ျဖဳန္းေနတဲ့ ႏူးညက္ဇ္နဲ႔ ေနရာမွာ လူးဝစၥ ဒီယက္ဇ္ကို ထည့္သြင္းကစားေစခဲ့ၿပီး အန္ဒိုေနရာမွာလည္း ဂ်ိဳတာကို ထည့္ၿပီး တိုက္စစ္ျမႇင့္တင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္တို႔အတြက္ ျပန္လာႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ အေျခအေနျဖစ္ခဲ့ၿပီး ပြဲျပတ္သြားေစမယ့္​ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ၈၄ မိနစ္မွာ ပါဆားလစ္က လီဗာပူးလ္ကစားသမားေတြရဲ႕ အမွားကေနတဆင့္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဆေဘာ့ဇ္ဆလိုင္းရဲ႕ ကိုနာတီဆီ ဆိုး႐ြားတဲ့ ေနာက္ျပန္ေပးပို႔မႈကို ကုမိန္နာစ္က ရယူၿပီး တိုက္စစ္ကို တဟုန္ထိုး ေျပးထြက္ၿပီး အီဒါဆန္ကို ေပးပို႔ခဲ့ရာမွာ ကယ္လီဟာက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္လည္း ပါဆားလစ္က ဂိုးသမားမရွိတဲ့ ဂိုးေပါက္အလြတ္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၈၅ မိနစ္မွာ လီဗာပူးလ္တို႔ ႏွစ္သိမ့္ဂိုးတစ္ဂိုး ျပန္သြင္းယူႏိုင္ဖို႔ အခြင့္အေရးရခဲ့ၿပီး ဘယ္ေတာင္ပံကေန ေရာဘတ္ဆန္ ပင္နယ္တီဧရိယာထဲကို ေျပးဝင္ခဲ့ရာမွာ ဂိုးသမား မူဆိုက အလ်င္စလို ေျပးထြက္လာခဲ့တာေၾကာင့္ လီဗာပူးလ္ေနာက္ခံလူက ဝိုက္ကန္သြင္းခဲ့ရာမ်ာ ရပ္ဂီရီက ဂိုးစည္းေပၚကေန ရွင္းထုတ္ခဲ့ရတာျဖစ္ပါတယ္။

ဒီရႈံးပြဲေၾကာင့္ အိမ္ရွင္လီဗာပူးလ္ဟာ ဥေရာပၿပိဳင္ပြဲမွာ ေနာက္ထပ္ အႀကီးမားဆုံးရႈံးပြဲစံခ်ိန္နဲ႔ ပူးတြဲစံခ်ိန္ပိုင္ဆိုင္ခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္ကို  ၂၀၁၄ ေအာက္တိုဘာတုန္းက ၃-၀၊ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလက ၅-၂ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.