Match Report UCL&UEL

နောက်ကျဂိုးတွေနဲ့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး နောက်တဆင့်တက်ဖို့ အခြေအနေကောင်းခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် ကစားခဲ့တဲ့ ကြာသပတေးနေ့ညပွဲစဉ်မှာ ဟော့ဖ်မန်း၊ ဘိုနီဖေ့စ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် ဘေးအရီနာမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားဦးဆောင်သူတွေကို စိတ်ပျက်စေခဲ့ပြီး အလွန်ဆိုက သူ့ရဲ့ ဝှက်ဖဲတွေဖြစ်တဲ့ ဟော့ဖ်မန်းနဲ့ ဘိုနီဖေ့စ်တို့ ပစ်လိုက်ပြီး ကစားကွက်အပြောင်းအလဲကြောင့် ၈၃ မိနစ်နဲ့ ၉၁ မိနစ်တို့မှာ ဂိုးတွေရခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဝက်စ်ဟမ်းကို နောက်ကျဂိုး ၂ ဂိုးနဲ့ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အသာစီး ရယူနိုင်ခဲ့တာဖြစ်ပြီး လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဂျိုးနတ် ဟော့ဖ်မန်းနဲ့ ဗစ်တာ ဘိုနီဖေ့စ်တို့က နောက်ဆုံး ၇ မိနစ်အတွင်း ဧည့်သည်တွေကို အသည်းခွဲခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ပထမပိုင်း ၁၀ မိနစ်မှာ ဂိုးသွင်းယူနိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးကို ဖန်တီးနိုင်ခဲ့ပြီး အန်တိုနီယိုက တန်ပြန်တိုက်စစ်ဆင်ပြီး မိုဟာမက် ကူးဒူးစ်ကို ခင်းပေးခဲ့ရာမှာ ပထမဆုံးကန်ချက်မှာပဲ မာတာ ကိုဗာဆီ တည့်တည့်ကြီး ကန်မိခဲ့တာဖြစ်ပါတယ်။

တစ်ဖက်က ဧည့်သည်တွေရဲ့ ဂိုးသမား လူးကပ်စ် ဖေဘီယန်းစကီးကတော့ ဂရီမယ်လ်ဒို၊ ပက်ထရစ် ရှစ်ခ်၊ တပ်ဆိုဘာတို့ရဲ့ အပိုင်ဂိုးသွင်းမှုတွေကို ပါးပါးနပ်နပ်နဲ့ ကာကွယ်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း လေဗာကူဆင်တို့က ဆက်လက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် မိနစ် ၇၀ မှာ ရှစ်ခ်ရဲ့ ခေါင်းတိုက်ချက်ကို ဝက်စ်ဟမ်းဂိုးသမားက အလိုအလျောက်တုံ့ပြန်မှုနဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲပြီးခါနီး ၇ မိနစ်မှာတော့ ဟော့ဖ်မန်းရဲ့ မြေမကျကန်ချက်ကို ခွင့်ပြုလိုက်ရပြီး နောက်ထပ် ၈ မိနစ်အကြာမှာတော့ အဖွင့်ဂိုးသွင်းရှင်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဘိုနီဖေ့စ်က ခေါင်းတိုက်ပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ စုစုပေါင်း ၄၁ ပွဲအထိ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပြီး ဒီအပတ် လိဂ်ပွဲစဉ်အပြီး ပထမဆုံးသော ဘွန်ဒက်စ်လီဂါဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာဖြစ်သလို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့လည်း အခွင့်အရေးကောင်းပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေလဗာကူဆင္ဟာ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္ပထမအေက်ာ့အျဖစ္ ကစားခဲ့တဲ့ ၾကာသပေတးေန႔ညပြဲစဥ္မွာ ေဟာ့ဖ္မန္း၊ ဘိုနီေဖ့စ္တို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြေၾကာင့္ ေဘးအရီနာမွာ ၂-၀ နဲ႔ အႏိုင္ရခဲ့ပါတယ္။

ဝက္စ္ဟမ္းဟာ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားဦးေဆာင္သူေတြကို စိတ္ပ်က္ေစခဲ့ၿပီး အလြန္ဆိုက သူ႔ရဲ႕ ဝွက္ဖဲေတြျဖစ္တဲ့ ေဟာ့ဖ္မန္းနဲ႔ ဘိုနီေဖ့စ္တို႔ ပစ္လိုက္ၿပီး ကစားကြက္အေျပာင္းအလဲေၾကာင့္ ၈၃ မိနစ္နဲ႔ ၉၁ မိနစ္တို႔မွာ ဂိုးေတြရခဲ့တာျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာ ဝက္စ္ဟမ္းကို ေနာက္က်ဂိုး ၂ ဂိုးနဲ႔ ဒုတိယအေက်ာ့ပြဲစဥ္မတိုင္ခင္ အသာစီး ရယူႏိုင္ခဲ့တာျဖစ္ၿပီး လူစားဝင္ကစားသမားေတြျဖစ္တဲ့ ဂ်ိဳးနတ္ ေဟာ့ဖ္မန္းနဲ႔ ဗစ္တာ ဘိုနီေဖ့စ္တို႔က ေနာက္ဆုံး ၇ မိနစ္အတြင္း ဧည့္သည္ေတြကို အသည္းခြဲခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းဟာ ပထမပိုင္း ၁၀ မိနစ္မွာ ဂိုးသြင္းယူႏိုင္ဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးကို ဖန္တီးႏိုင္ခဲ့ၿပီး အန္တိုနီယိုက တန္ျပန္တိုက္စစ္ဆင္ၿပီး မိုဟာမက္ ကူးဒူးစ္ကို ခင္းေပးခဲ့ရာမွာ ပထမဆုံးကန္ခ်က္မွာပဲ မာတာ ကိုဗာဆီ တည့္တည့္ႀကီး ကန္မိခဲ့တာျဖစ္ပါတယ္။

တစ္ဖက္က ဧည့္သည္ေတြရဲ႕ ဂိုးသမား လူးကပ္စ္ ေဖဘီယန္းစကီးကေတာ့ ဂရီမယ္လ္ဒို၊ ပက္ထရစ္ ရွစ္ခ္၊ တပ္ဆိုဘာတို႔ရဲ႕ အပိုင္ဂိုးသြင္းမႈေတြကို ပါးပါးနပ္နပ္နဲ႔ ကာကြယ္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ေလဗာကူဆင္တို႔က ဆက္လက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ မိနစ္ ၇၀ မွာ ရွစ္ခ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဝက္စ္ဟမ္းဂိုးသမားက အလိုအေလ်ာက္တုံ႔ျပန္မႈနဲ႔ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ပြဲၿပီးခါနီး ၇ မိနစ္မွာေတာ့ ေဟာ့ဖ္မန္းရဲ႕ ေျမမက်ကန္ခ်က္ကို ခြင့္ျပဳလိုက္ရၿပီး ေနာက္ထပ္ ၈ မိနစ္အၾကာမွာေတာ့ အဖြင့္ဂိုးသြင္းရွင္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဘိုနီေဖ့စ္က ေခါင္းတိုက္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ ဒီႏိုင္ပြဲေၾကာင့္ ဒီရာသီ စုစုေပါင္း ၄၁ ပြဲအထိ ရႈံးပြဲမရွိစံခ်ိန္ကို တိုးျမႇင့္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီအပတ္ လိဂ္ပြဲစဥ္အၿပီး ပထမဆုံးေသာ ဘြန္ဒက္စ္လီဂါဖလားကို ကိုင္ေျမႇာက္သြားႏိုင္ေတာ့မွာျဖစ္သလို ယူ႐ိုပါလိဂ္ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ဖို႔လည္း အခြင့္အေရးေကာင္းပိုင္ဆိုင္သြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.