Match Report UCL&UEL

ပထမပိုင်းသွင်းဂိုးတွေကြောင့် ဒေါ့မွန်ကို အနိုင်ရခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်

အက်သလက်တီကို မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ပထမပိုင်းသွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့မှုကြောင့် နောက်ကျချေပဂိုး သွင်းယူနိုင်ခဲ့တဲ့ ဒေါ့မွန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆီမြွန်နီရဲ့အသင်းဟာ မက်ထရိုပိုလီတာနိုမှာ တောက်ပတဲ့ စတင်မှုကို ပြုလုပ်နိုင်ခဲ့ပြီး ရိုဒရီဂို ဒီပေါလ်က ပထမပိုင်း ၄ မိနစ်မှာပဲ အီယန် မတ်ဆန်ရဲ့ မသေသပ်တဲ့ ဘောလုံးပေးပို့မှုကို ကြားဝင်လုယူပြီး အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည်တွေဟာ အစောပိုင်းမှာ တော်တော်လေး ခြေမပေါ်ခဲ့ဘဲ နောက်ထပ် ခံစစ်ပိုင်း ညံ့ဖျင်းမှုကနေတဆင့် ဆမ်မြူရယ် လီနိုက ဂရစ်ဇ်မန်းရဲ့ ပေးပို့မှုကနေ အက်သလက်တီကိုအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ဟာ ပထမပိုင်းပြီးခါနီးမှ ကစားပုံ တိုးတက်လာခဲ့ပြီး ဒုတိယပိုင်းမှာ လီနိုရဲ့ နောက်ထပ် ဦးဆောင်ဂိုးသွင်းယူမှုကို ကိုဘယ် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုး ထပ်မပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲက ၂-၀ နဲ့ ပြီးဆုံးတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ဒေါ့မွန်က ပွဲပြီးခါနီး ၉ မိနစ်အလိုမှာ လူစားဝင်ကစားပေးခဲ့တဲ့ ဆီဘက်စတီယန် အဲလားရဲ့ သွင်းဂိုးကြောင့် ချေပဂိုး ပြန်လည်ရရှိသွားခဲ့ပြီး နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဘိုင်နိုး-ဂစ်တန်စ်ရဲ့ ဘယ်ခြေကန်ချက်ဟာ အက်ဇ်ပီလီကွေတာနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့ပြီးနောက် ဂိုးဘားတန်းကို ထိမှန်သွားခဲ့တာကြောင့် ဒေါ့မွန်တို့ နောက်ထပ် ချေပဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

အီဒင် တာဇစ်ရဲ့ အသင်းဟာ နောက်ထပ် လူစားဝင်ကစားသမားဖြစ်တဲ့ ဂျူလီယန် ဘရန့်တ်ဒ်ရဲ့ နောက်ဆုံးမိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တဲ့ ကြိုးပမ်းမှုဟာ တိုင်ထိသွားခဲ့လို့ အိမ်ရှင် အက်သလက်တီကို မက်ဒရစ်တို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
အက္သလက္တီကို မက္ဒရစ္ဟာ ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ ပထမပိုင္းသြင္းဂိုး ၂ ဂိုးနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့မႈေၾကာင့္ ေနာက္က်ေခ်ပဂိုး သြင္းယူႏိုင္ခဲ့တဲ့ ေဒါ့မြန္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဆီႁမြန္နီရဲ႕အသင္းဟာ မက္ထ႐ိုပိုလီတာႏိုမွာ ေတာက္ပတဲ့ စတင္မႈကို ျပဳလုပ္ႏိုင္ခဲ့ၿပီး ႐ိုဒရီဂို ဒီေပါလ္က ပထမပိုင္း ၄ မိနစ္မွာပဲ အီယန္ မတ္ဆန္ရဲ႕ မေသသပ္တဲ့ ေဘာလုံးေပးပို႔မႈကို ၾကားဝင္လုယူၿပီး အိမ္ရွင္ေတြအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ေတြဟာ အေစာပိုင္းမွာ ေတာ္ေတာ္ေလး ေျခမေပၚခဲ့ဘဲ ေနာက္ထပ္ ခံစစ္ပိုင္း ညံ့ဖ်င္းမႈကေနတဆင့္ ဆမ္ျမဴရယ္ လီႏိုက ဂရစ္ဇ္မန္းရဲ႕ ေပးပို႔မႈကေန အက္သလက္တီကိုအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ဟာ ပထမပိုင္းၿပီးခါနီးမွ ကစားပုံ တိုးတက္လာခဲ့ၿပီး ဒုတိယပိုင္းမွာ လီႏိုရဲ႕ ေနာက္ထပ္ ဦးေဆာင္ဂိုးသြင္းယူမႈကို ကိုဘယ္ အေကာင္းဆုံး ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲက ၂-၀ နဲ႔ ၿပီးဆုံးေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ေဒါ့မြန္က ပြဲၿပီးခါနီး ၉ မိနစ္အလိုမွာ လူစားဝင္ကစားေပးခဲ့တဲ့ ဆီဘက္စတီယန္ အဲလားရဲ႕ သြင္းဂိုးေၾကာင့္ ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့ၿပီး ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ ဘိုင္ႏိုး-ဂစ္တန္စ္ရဲ႕ ဘယ္ေျခကန္ခ်က္ဟာ အက္ဇ္ပီလီေကြတာနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့ၿပီးေနာက္ ဂိုးဘားတန္းကို ထိမွန္သြားခဲ့တာေၾကာင့္ ေဒါ့မြန္တို႔ ေနာက္ထပ္ ေခ်ပဂိုးရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

အီဒင္ တာဇစ္ရဲ႕ အသင္းဟာ ေနာက္ထပ္ လူစားဝင္ကစားသမားျဖစ္တဲ့ ဂ်ဴလီယန္ ဘရန႔္တ္ဒ္ရဲ႕ ေနာက္ဆုံးမိနစ္မွာ ေခါင္းတိုက္သြင္းယူခဲ့တဲ့ ႀကိဳးပမ္းမႈဟာ တိုင္ထိသြားခဲ့လို႔ အိမ္ရွင္ အက္သလက္တီကို မက္ဒရစ္တို႔ သက္သာရာရခဲ့တာျဖစ္ပါတယ္။

SportsA2Z