Match Report UCL&UEL

ပြင်သစ်မြေမှာ ပီအက်စ်ဂျီကို အနိုင်ကစားနိုင်ခဲ့တဲ့ ဘာစီလိုနာ

ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည်ဘာစီလိုနာတို့က ခရစ္စတင်ဆန်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်တက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဖိအားတွေအောက် ရောက်ရှိနေတဲ့ နည်းပြ ဇာဗီအတွက် အသက်ရှုချောင်သွားစေခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းကြောင်းနဲ့ သမ္ဘာပိုရှိတဲ့ ဘာစီလိုနာကပဲ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ပီအက်စ်ဂျီအသင်းကတော့ ဘာစီလိုနာကို အစောပိုင်းကတည်းက ဖိအားပေး ကစားနိုင်ခဲ့သလို ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ကန်သွင်းခွင့်တွေလည်း ပိုမို ရရှိခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေ၊ အဆန်စီယို၊ ဒမ်ဘီလီ တိုက်စစ်အတွဲကို ပီအက်စ်ဂျီက ပွဲထုတ်လာခဲ့ပေမယ့် ပြင်သစ်အသင်းခေါင်းဆောင် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ပီအက်စ်ဂျီတို့ ရှုံးနိမ့်ဖို့ အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ လမိုင်း ရာမယ်၊ ရာဖင်ညာ၊ ဂန်ဒိုဝမ်၊ လီဗန်ဒေါ့ဗ်စကီးတို့ကို တိုက်စစ်ကို ဦးဆောင်စေခဲ့ပြီး အတွဲညီညီ အချိတ်အဆက်လုပ် ကစားနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ၃၇ မိနစ်မှာ ရာဖင်ညာက ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို ဒွန်နာရမ်းမားရဲ့ အမှားကနေ အခွင့်ကောင်းယူပြီး သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီး ဘာစီလိုနာတို့ ၀-၁ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဒမ်ဘီလီနဲ့ ဗီတင်ညာတို့က ပီအက်စ်ဂျီအတွက် သွင်းဂိုး ၂ ဂိုးကို ပွဲပြန်စပြီး ၅ မိနစ်အတွင်းမှာပဲ ဆက်တိုက် ပြန်လည် သွင်းယူပြီး အိမ်ရှင်တို့ကို ဦးဆောင်ခွင့် ရရှိစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၁၀ မိနစ်အကြာမှာတော့ ရာဖင်ညာက အလွန်ကောင်းမွန်တဲ့ မြေမကျဘောကန်ချက်နဲ့ ချေပဂိုး သင်းယူနိုင်ခဲ့ပြီးနောက် အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တဲ့ နောက်ခံလူ ခရစ္စတင်ဆန်က အဖိုးတန် အနိုင်ဂိုးကို ၇၇ မိနစ်မှာ ဘောလုံးကို တစ်ချက်ထိန်းပြီး သွင်းယူပေးသွားခဲ့တာကြောင့် ဧည့်သည် ဘာစီလိုနာတို့ ၃-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပီအက်စ်ဂျီအိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ကမ်းဘက်နိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် လာမယ့်အပတ် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်း နူးကမ့်မှာ လီဂူးဝမ်းအသင်း ပြန်မလာနိုင်အောင် တားဆီးနိုင်မယ်ဆိုရင် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်တော့မှာ ဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔ ဘာစီလိုနာတို႔ရဲ႕ ပြဲစဥ္မွာ ဧည့္သည္ဘာစီလိုနာတို႔က ခရစၥတင္ဆန္ရဲ႕ ေနာက္က် အႏိုင္ဂိုးေၾကာင့္ ၃-၂ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္တဆင့္တက္ႏိုင္ဖို႔ အေျခအေန ေကာင္းသြားခဲ့ၿပီျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ဖိအားေတြေအာက္ ေရာက္ရွိေနတဲ့ နည္းျပ ဇာဗီအတြက္ အသက္ရႈေခ်ာင္သြားေစခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ သမိုင္းေၾကာင္းနဲ႔ သမာၻပိုရွိတဲ့ ဘာစီလိုနာကပဲ အႏိုင္ရလဒ္ကို ေဖာ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ပီအက္စ္ဂ်ီအသင္းကေတာ့ ဘာစီလိုနာကို အေစာပိုင္းကတည္းက ဖိအားေပး ကစားႏိုင္ခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ဂိုးေပါက္ ကန္သြင္းခြင့္ေတြလည္း ပိုမို ရရွိခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပ၊ အဆန္စီယို၊ ဒမ္ဘီလီ တိုက္စစ္အတြဲကို ပီအက္စ္ဂ်ီက ပြဲထုတ္လာခဲ့ေပမယ့္ ျပင္သစ္အသင္းေခါင္းေဆာင္ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ပီအက္စ္ဂ်ီတို႔ ရႈံးနိမ့္ဖို႔ အေၾကာင္းဖန္လာခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာကေတာ့ လမိုင္း ရာမယ္၊ ရာဖင္ညာ၊ ဂန္ဒိုဝမ္၊ လီဗန္ေဒါ့ဗ္စကီးတို႔ကို တိုက္စစ္ကို ဦးေဆာင္ေစခဲ့ၿပီး အတြဲညီညီ အခ်ိတ္အဆက္လုပ္ ကစားႏိုင္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီကို အေဝးကြင္းမွာ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္း ၃၇ မိနစ္မွာ ရာဖင္ညာက ဘာစီလိုနာအသင္းအတြက္ အဖြင့္ဂိုးကို ဒြန္နာရမ္းမားရဲ႕ အမွားကေန အခြင့္ေကာင္းယူၿပီး သြင္းယူႏိုင္ခဲ့ၿပီး ပထမပိုင္းအၿပီး ဘာစီလိုနာတို႔ ၀-၁ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္းမွာေတာ့ ဒမ္ဘီလီနဲ႔ ဗီတင္ညာတို႔က ပီအက္စ္ဂ်ီအတြက္ သြင္းဂိုး ၂ ဂိုးကို ပြဲျပန္စၿပီး ၅ မိနစ္အတြင္းမွာပဲ ဆက္တိုက္ ျပန္လည္ သြင္းယူၿပီး အိမ္ရွင္တို႔ကို ဦးေဆာင္ခြင့္ ရရွိေစခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာေတာ့ ရာဖင္ညာက အလြန္ေကာင္းမြန္တဲ့ ေျမမက်ေဘာကန္ခ်က္နဲ႔ ေခ်ပဂိုး သင္းယူႏိုင္ခဲ့ၿပီးေနာက္ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့တဲ့ ေနာက္ခံလူ ခရစၥတင္ဆန္က အဖိုးတန္ အႏိုင္ဂိုးကို ၇၇ မိနစ္မွာ ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး သြင္းယူေပးသြားခဲ့တာေၾကာင့္ ဧည့္သည္ ဘာစီလိုနာတို႔ ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ပီအက္စ္ဂ်ီအိမ္ကြင္းမွာ အံ့အားသင့္ဖြယ္ ကမ္းဘက္ႏိုင္ပြဲ ရယူႏိုင္ခဲ့တာေၾကာင့္ လာမယ့္အပတ္ ဒုတိယအေက်ာ့ပြဲစဥ္ကို အိမ္ကြင္း ႏူးကမ့္မွာ လီဂူးဝမ္းအသင္း ျပန္မလာႏိုင္ေအာင္ တားဆီးႏိုင္မယ္ဆိုရင္ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

SportsA2Z