UCL&UEL

ပွဲပြီးအင်တာဗျူးမှာ ဂန်းနားတွေကို တစ်ဂိုးထပ်သွင်းခဲ့တဲ့ ကိန်း

ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဟာရီ ကိန်းက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပွဲပြီးအင်တာဗျူးမှာ ဂန်းနားတွေကို ရည်ရွယ်ပြီး ဝေဖန်ခဲ့ပါတယ်။

ကိန်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဥ်အဖြစ် အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲ ပထမပိုင်းမှာ အသင်းအတွက် ပင်နယ်တီကနေ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းဖော်ဖြစ်တဲ့ ဆာကာက ပထမပိုင်း ၁၂ မိနစ်မှာ ဂန်းနားတွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်းအာဆင်နယ်ကြယ်ပွင့်ဟောင်း ဂနာဘရီက ဘိုင်ယန်မြူးနစ်အတွက် ဆာကာရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့တာဖြစ်ပြီး စပါးစ်အသင်းခေါင်းဆောင်ဟောင်းက ဆာနေးကို ဆာလီဘာက ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ဂန်းနားတွေဘက်ကို နောက်ထပ်သွင်းဂိုး ထပ်မံသွင်းယူဖို့ အခွင့်အရေးရခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ အမ်းမရိတ်စ်မှာ အဝေးဂိုး ၆ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေကို ပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဟာရီ ကိန်းက ခါးသီးပြိုင်ဘက်ဟောင်းဖြစ်တဲ့ အာဆင်နယ်ကို ရိသလိုထေ့သလို လုပ်ဖို့အတွက် အခွင့်အရေးကို လက်မလွှတ်ခဲ့ဘဲ “ကျွန်တော် အာဆင်နယ်နဲ့ ကစားရင် ပင်နယ်တီကတော့ တော်တော်လေးကို ရပါတယ်။ အထူးသဖြင့် အမ်းမရိတ်စ်မှာပေါ့။ သူတို့တွေက ကျွန်တော့်ကိုဆိုရင် အခွင့်အရေးပေးချင်နေကြတဲ့ပုံပဲ။ ကျွန်တော် ဒီလိုပွဲတွေကို သဘောကျတယ်။ တော့တင်ဟမ်ဟော့စပါးအတွက်တော့ သူတို့နဲ့ ကစားရတာက ပွဲကြီးပွဲကောင်းပဲ၊ လန်ဒန်ဒါဘီပေါ့။ ကျွန်တော် ကောင်းမွန်တဲ့ရလဒ်အချို့ရခဲ့သလို ဆိုးရွားတဲ့ရလဒ်အချို့လည်း ရခဲ့ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ ဟာရီ ကိန္းက အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပြဲၿပီးအင္တာဗ်ဴးမွာ ဂန္းနားေတြကို ရည္႐ြယ္ၿပီး ေဝဖန္ခဲ့ပါတယ္။

ကိန္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ပြဲ ပထမပိုင္းမွာ အသင္းအတြက္ ပင္နယ္တီကေန ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး အဂၤလန္အသင္းေဖာ္ျဖစ္တဲ့ ဆာကာက ပထမပိုင္း ၁၂ မိနစ္မွာ ဂန္းနားေတြအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္းအာဆင္နယ္ၾကယ္ပြင့္ေဟာင္း ဂနာဘရီက ဘိုင္ယန္ျမဴးနစ္အတြက္ ဆာကာရဲ႕ အဖြင့္ဂိုးကို ေခ်ပႏိုင္ခဲ့တာျဖစ္ၿပီး စပါးစ္အသင္းေခါင္းေဆာင္ေဟာင္းက ဆာေနးကို ဆာလီဘာက ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ ဂန္းနားေတြဘက္ကို ေနာက္ထပ္သြင္းဂိုး ထပ္မံသြင္းယူဖို႔ အခြင့္အေရးရခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ အမ္းမရိတ္စ္မွာ အေဝးဂိုး ၆ ဂိုးေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြကို ၿပိဳင္ပြဲစုံ ပြဲ ၂၀ မွာ ၁၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ဟာရီ ကိန္းက ခါးသီးၿပိဳင္ဘက္ေဟာင္းျဖစ္တဲ့ အာဆင္နယ္ကို ရိသလိုေထ့သလို လုပ္ဖို႔အတြက္ အခြင့္အေရးကို လက္မလႊတ္ခဲ့ဘဲ “ကြၽန္ေတာ္ အာဆင္နယ္နဲ႔ ကစားရင္ ပင္နယ္တီကေတာ့ ေတာ္ေတာ္ေလးကို ရပါတယ္။ အထူးသျဖင့္ အမ္းမရိတ္စ္မွာေပါ့။ သူတို႔ေတြက ကြၽန္ေတာ့္ကိုဆိုရင္ အခြင့္အေရးေပးခ်င္ေနၾကတဲ့ပုံပဲ။ ကြၽန္ေတာ္ ဒီလိုပြဲေတြကို သေဘာက်တယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ေတာ့ သူတို႔နဲ႔ ကစားရတာက ပြဲႀကီးပြဲေကာင္းပဲ၊ လန္ဒန္ဒါဘီေပါ့။ ကြၽန္ေတာ္ ေကာင္းမြန္တဲ့ရလဒ္အခ်ိဳ႕ရခဲ့သလို ဆိုး႐ြားတဲ့ရလဒ္အခ်ိဳ႕လည္း ရခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

SportsA2Z