Match Report UCL&UEL

ဘာနေဗျူးမှာ သရေကစားနိုင်ခဲ့ပြီး ဆီမီးတက်ဖို့ အခွင့်အရေးကောင်းဖန်တီးနိုင်ခဲ့တဲ့ မန်စီးတီး

လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးဟာ အင်္ဂါနေ့ည ဘာနေဗျူးမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်နဲ့ တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းက ပထမပိုင်း ၂ မိနစ်မှာပဲ ဘာနာဒို ဆေးလ်ဗားရဲ့ ၂၅ ကိုက်အကွာက ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက် ကန်သွင်းယူမှုကြောင့် ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး လူထိလမ်းကြောင်းပြောင်းဝင်သွားတဲ့ ဂိုးကန်ချက် ၂ ခုက ရီးရဲလ်မက်ဒရစ်တို့ကို ပြန်လည်ဦးဆောင်ခွင့် ရရှိစေခဲ့တာဖြစ်ပါတယ်။

ပထမအလုံးမှာ ကမာဗင်ဂါရဲ့ အဝေးကန်ချက်ဟာ ရူဘင် ဒီယက်စ်နဲ့ ထိပြိး အော်တေဂါရဲ့ ဂိုးအပေါ်ထောင့်ထဲကို လည်ကာလည်ကာ ဝင်သွားခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ ရိုဒရီဂိုဟာ မန်စီးတီးနောက်တန်း အနောက်ကို ပြေးဝင်ပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးက အကန်းဂျိရဲ့ ဖနောင့်ကို ထိမှန်ပြီး ဂိုးသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဘာနေဗျူးမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူထားနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ အဆုံးသတ်ပိုင်း အားနည်းနေခဲ့တာကြောင့် ဂိုးတွေ မရခဲ့တာဖြစ်ပြီး ၆၆ မိနစ်မှာတော့ ဖိုဒန်က ချေပဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ နေရာလွတ် ရှာတွေ့ခဲ့ပြီး နောက်ပြန်လှည့်ပြီး ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းသွားခဲ့တာကြောင့် မန်စီးတီးတို့ ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၅ မိနစ်အကြာမှာပဲ ဂဗာဒီယောလ်က အတွင်းဘက်ကို ချိုးဝင်ပြီး အလွန်ကောင်းမွန်တဲ့ ညာခြေကန်ချက်နဲ့ ပြီးခဲ့တဲ့နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ပြောင်းလာပြီးကတည်းက ပထမဆုံးသော သွင်းဂိုးကို ကန်သွင်းယူပေးသွားခဲ့လို့ စီးတီးတို့ ဦးဆောင်ခွင့် ထပ်မံရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ ဖက်ဒရီကို ဗယ်လ်ဗာဒီရဲ့ အံ့အားသင့်ဖွယ် မြေမကျကန်သွင်းယူခဲ့တဲ့ ဂိုးကြောင့် ချေပဂိုး ရရှိသွားခဲ့ပြီး လာမယ့် ဧပြီ ၁၇ ရက်နေ့ အစ်တီဟတ်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ကတော့ တော်တော်လေးစိတ်ဝင်စားစရာ ကောင်းလာတော့မှာ ဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
လက္ရွိ ခ်န္ပီယံေတြျဖစ္တဲ့ မန္ခ်က္စတာစီးတီးဟာ အဂၤါေန႔ည ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ ပထမအေက်ာ့မွာ ရီးရဲလ္မက္ဒရစ္နဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းက ပထမပိုင္း ၂ မိနစ္မွာပဲ ဘာနာဒို ေဆးလ္ဗားရဲ႕ ၂၅ ကိုက္အကြာက ရရွိခဲ့တဲ့ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ ကန္သြင္းယူမႈေၾကာင့္ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ၿပီး လူထိလမ္းေၾကာင္းေျပာင္းဝင္သြားတဲ့ ဂိုးကန္ခ်က္ ၂ ခုက ရီးရဲလ္မက္ဒရစ္တို႔ကို ျပန္လည္ဦးေဆာင္ခြင့္ ရရွိေစခဲ့တာျဖစ္ပါတယ္။

ပထမအလုံးမွာ ကမာဗင္ဂါရဲ႕ အေဝးကန္ခ်က္ဟာ ႐ူဘင္ ဒီယက္စ္နဲ႔ ထိၿပိး ေအာ္ေတဂါရဲ႕ ဂိုးအေပၚေထာင့္ထဲကို လည္ကာလည္ကာ ဝင္သြားခဲ့တာျဖစ္ၿပီး ဒုတိယဂိုးကေတာ့ ႐ိုဒရီဂိုဟာ မန္စီးတီးေနာက္တန္း အေနာက္ကို ေျပးဝင္ၿပီး ကန္သြင္းခဲ့တဲ့ ေဘာလုံးက အကန္းဂ်ိရဲ႕ ဖေနာင့္ကို ထိမွန္ၿပီး ဂိုးသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဘာေနဗ်ဴးမွာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ရယူထားႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္ပိုင္းမွာ အဆုံးသတ္ပိုင္း အားနည္းေနခဲ့တာေၾကာင့္ ဂိုးေတြ မရခဲ့တာျဖစ္ၿပီး ၆၆ မိနစ္မွာေတာ့ ဖိုဒန္က ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။

အဂၤလန္ေတာင္ပံကစားသမားဟာ ပင္နယ္တီဧရိယာအျပင္ဘက္မွာ ေနရာလြတ္ ရွာေတြ႕ခဲ့ၿပီး ေနာက္ျပန္လွည့္ၿပီး ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းသြားခဲ့တာေၾကာင့္ မန္စီးတီးတို႔ ေခ်ပဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၅ မိနစ္အၾကာမွာပဲ ဂဗာဒီေယာလ္က အတြင္းဘက္ကို ခ်ိဳးဝင္ၿပီး အလြန္ေကာင္းမြန္တဲ့ ညာေျခကန္ခ်က္နဲ႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ လိုက္ပ္ဇစ္ကေန ေျပာင္းလာၿပီးကတည္းက ပထမဆုံးေသာ သြင္းဂိုးကို ကန္သြင္းယူေပးသြားခဲ့လို႔ စီးတီးတို႔ ဦးေဆာင္ခြင့္ ထပ္မံရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ဟာ ဖက္ဒရီကို ဗယ္လ္ဗာဒီရဲ႕ အံ့အားသင့္ဖြယ္ ေျမမက်ကန္သြင္းယူခဲ့တဲ့ ဂိုးေၾကာင့္ ေခ်ပဂိုး ရရွိသြားခဲ့ၿပီး လာမယ့္ ဧၿပီ ၁၇ ရက္ေန႔ အစ္တီဟတ္မွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္ကေတာ့ ေတာ္ေတာ္ေလးစိတ္ဝင္စားစရာ ေကာင္းလာေတာ့မွာ ျဖစ္ပါတယ္။

SportsA2Z