UCL&UEL

ဂျာမန်ဘီလူးလည်း အမြောက်ဆံမှန်ရင် ဂန့်တယ်ဆိုတာ ပြသသွားမယ့် ဂန်းနားများ

အင်္ဂါနေ့ည အမ်းမရိတ်စ်မှာ အာဆင်နယ်ပရိသတ်တွေ ဆယ်စုနှစ် တစ်ခုကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပွဲကြီးပွဲကောင်းကို မြင်တွေ့ရတော့မှာဖြစ်ပြီး ဂန်းနားတွေဟာ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ စနေနေ့မှာ နောက်ထပ် ရှုံးပွဲတွေ့ခဲ့တာကြောင့် လေဗာကူဆင်ဟာ ပထမဆုံးသော လိဂ်ဖလားကို ရရှိဖို့ တစ်ပွဲသာ လိုတော့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ အာဆင်နယ်ဟာ စနေနေ့မှာ ဘရိုက်တန်ကို နိုင်ပွဲရခဲ့ပြီးနောက် အင်္ဂါနေ့ပွဲစဉ်ကို အကောင်းဆုံးပုံစံနဲ့ ကစားသွားမှာဖြစ်ပြီး ကျောင်းတော်က ရန်စတွေရှိခဲ့တဲ့ ဘိုင်ယန်ကို အနိုင်ကစားသွားမှာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အဆာင်နယ်ဘက်မှာ ဒီပွဲအတွက် ဒဏ်ရာပြဿနာ စိုးရိမ်စရာ သတင်းအသစ် မရှိဘဲ ဆာကာက စနေနေ့ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာကြောင့် ဒီပွဲမှာ ပါဝင်ကစားပေးသွားဖို့ အဆင်ပြေမှာပါ။ တိုမီယဆုက ဘယ်နောက်ခံနေရာမှာ ပွဲထွက်ပါဝင်ကစားပေးသွားမှာဖြစ်ပြီး ဂျော်ဂျင်ညိုကလည်း ကွင်းလယ်မှာ ဆက်လက် ပွဲထွက်ခွင့်ရနိုင်ပါတယ်။ အာတီတာအနေနဲ့ တင်းဘားကို မကြာမီအချိန်အတွင်း ပြန်လည်ကစားပေးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ဘယ်တောင်ပံနေရာမှာတော့ မာတီနယ်လီ၊ ဂျေးဇု၊ ထရော့ဆာ့ဒ်တို့ထဲက ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဘိုင်ယန်မြူးနစ်ဘက်မှာ အင်္ဂါနေ့ပွဲစဉ်အတွက် ဒဏ်ရာပြဿနာအများအပြားရှိနေပေမယ့်လည်း တူဟယ်အနေနဲ့ နျူအာနဲ့ ဆာနေးတို့ ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် ဝါရင့်ဂိုးသမားဟာ မတ်လနိုင်ငံတကာပွဲစဉ်ကတည်းက ပါဝင်ကစားပေးခြင်းမရှိတော့သူဖြစ်ပြီး ဆာနေးကလည်း စနေနေ့က ဟိုင်ဒန်ဟိမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ကင်းစလီ ကိုးမန်းနဲ့ ပက်ဗ်လိုဗစ်တို့ ၂ ဦးစလုံးဟာ လန်ဒန်ကို လိုက်ပါလာမှာဖြစ်ပြီး စပါးစ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဒိုင်ယာနဲ့ ကိန်းတို့ ၂ ဦးစလုံးကလည်း မြောက်လန်ဒန်ပြိုင်ဘက်ဟောင်းတွေနဲ့ ရင်ဆိုင်ဖို့ ပွဲထွက်ပါဝင်လာမှာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တိုမိယဆု၊ ဂျော်ဂျင်ညို၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ဟာဗတ်ဇ်၊ မာတီနယ်လီ
ဘိုင်ယန်-နျူအာ၊ ကင်းမစ်ချ်၊ ဒိုင်ယာ၊ ဒီလိုက်တ်၊ ဒေးဗီးစ်၊ လိုင်မာ၊ ဂိုရက်စ်ကာ၊ ဆာနေး၊ မူလာ၊ မူစီအားလား၊ ကိန်း။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၁၀ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၃ ကြိမ်နိုင် ၂ ကြိမ်သရေ ဘိုင်ယန်က ၅ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၄ ပွဲနိုင် ၁ ပွဲသရေ၊ ဘိုင်ယန်က ၃ ပွဲနိုင် ၂ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

အာဆင်နယ်က တော်တော်လေး ကောင်းနေပြီး ဘိုင်ယန်မြူးနစ်က လက်ရှိအချိန်မှာ ရုန်းကန်နေရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ကြယ်ပွင့်ကစားသမားတွေ အများအပြားရှိနေပေမယ့်လည်း အရင်တုန်းက ဘိုင်ယန်ခြေစွမ်းမျိုးမှာ ရှိမနေတော့ဘဲ ဂန်းနားတွေအနေနဲ့ ပရိသတ်မပါဘဲ လာကစားရမယ့် ဧည့်သည်တွေကို အင်္ဂါနေ့ညမှာ အခွင့်ကောင်းယူနိုင်သင့်ပါတယ်။ တူဟယ်ရဲ့အသင်းဟာ ဒီရာသီ ဘောလုံးပိုင်ဆိုင်မှု တော်တော်လေး ဆိုးရွားနေပြီး ခံစစ်အကူးအပြောင်းမှာလည်း ထိခိုက်လွယ်နေခဲ့ပါတယ်။ အိမ်ရှင် ဂန်းနားတွေအနေနဲ့ ဘိုင်ယန်ကို စောစောစီးစီး ဦးဆောင်ဂိုး သွင်းယူနိုင်ရင် အနိုင်ရဖို့ ခက်မှာမဟုတ်ပါဘူး။

ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဘိုင်ယန်)

SportsA2Z

ZAWGYI:
အဂၤါေန႔ည အမ္းမရိတ္စ္မွာ အာဆင္နယ္ပရိသတ္ေတြ ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပြဲႀကီးပြဲေကာင္းကို ျမင္ေတြ႕ရေတာ့မွာျဖစ္ၿပီး ဂန္းနားေတြဟာ ဘိုင္ယန္ျမဴးနစ္ကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ စေနေန႔မွာ ေနာက္ထပ္ ရႈံးပြဲေတြ႕ခဲ့တာေၾကာင့္ ေလဗာကူဆင္ဟာ ပထမဆုံးေသာ လိဂ္ဖလားကို ရရွိဖို႔ တစ္ပြဲသာ လိုေတာ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။ အာဆင္နယ္ဟာ စေနေန႔မွာ ဘ႐ိုက္တန္ကို ႏိုင္ပြဲရခဲ့ၿပီးေနာက္ အဂၤါေန႔ပြဲစဥ္ကို အေကာင္းဆုံးပုံစံနဲ႔ ကစားသြားမွာျဖစ္ၿပီး ေက်ာင္းေတာ္က ရန္စေတြရွိခဲ့တဲ့ ဘိုင္ယန္ကို အႏိုင္ကစားသြားမွာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

အဆာင္နယ္ဘက္မွာ ဒီပြဲအတြက္ ဒဏ္ရာျပႆနာ စိုးရိမ္စရာ သတင္းအသစ္ မရွိဘဲ ဆာကာက စေနေန႔ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာေၾကာင့္ ဒီပြဲမွာ ပါဝင္ကစားေပးသြားဖို႔ အဆင္ေျပမွာပါ။ တိုမီယဆုက ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္ပါဝင္ကစားေပးသြားမွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ညိဳကလည္း ကြင္းလယ္မွာ ဆက္လက္ ပြဲထြက္ခြင့္ရႏိုင္ပါတယ္။ အာတီတာအေနနဲ႔ တင္းဘားကို မၾကာမီအခ်ိန္အတြင္း ျပန္လည္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ဘယ္ေတာင္ပံေနရာမွာေတာ့ မာတီနယ္လီ၊ ေဂ်းဇု၊ ထေရာ့ဆာ့ဒ္တို႔ထဲက ဘယ္သူ႔ကို ပြဲထြက္ခြင့္ေပးမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဘိုင္ယန္ျမဴးနစ္ဘက္မွာ အဂၤါေန႔ပြဲစဥ္အတြက္ ဒဏ္ရာျပႆနာအမ်ားအျပားရွိေနေပမယ့္လည္း တူဟယ္အေနနဲ႔ န်ဴအာနဲ႔ ဆာေနးတို႔ ပါဝင္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ ဝါရင့္ဂိုးသမားဟာ မတ္လႏိုင္ငံတကာပြဲစဥ္ကတည္းက ပါဝင္ကစားေပးျခင္းမရွိေတာ့သူျဖစ္ၿပီး ဆာေနးကလည္း စေနေန႔က ဟိုင္ဒန္ဟိမ္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ကင္းစလီ ကိုးမန္းနဲ႔ ပက္ဗ္လိုဗစ္တို႔ ၂ ဦးစလုံးဟာ လန္ဒန္ကို လိုက္ပါလာမွာျဖစ္ၿပီး စပါးစ္ၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ဒိုင္ယာနဲ႔ ကိန္းတို႔ ၂ ဦးစလုံးကလည္း ေျမာက္လန္ဒန္ၿပိဳင္ဘက္ေဟာင္းေတြနဲ႔ ရင္ဆိုင္ဖို႔ ပြဲထြက္ပါဝင္လာမွာျဖစ္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ တိုမိယဆု၊ ေဂ်ာ္ဂ်င္ညိဳ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ဟာဗတ္ဇ္၊ မာတီနယ္လီ
ဘိုင္ယန္-န်ဴအာ၊ ကင္းမစ္ခ်္၊ ဒိုင္ယာ၊ ဒီလိုက္တ္၊ ေဒးဗီးစ္၊ လိုင္မာ၊ ဂိုရက္စ္ကာ၊ ဆာေနး၊ မူလာ၊ မူစီအားလား၊ ကိန္း။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၁၀ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အာဆင္နယ္က ၃ ႀကိမ္ႏိုင္ ၂ ႀကိမ္သေရ ဘိုင္ယန္က ၅ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၄ ပြဲႏိုင္ ၁ ပြဲသေရ၊ ဘိုင္ယန္က ၃ ပြဲႏိုင္ ၂ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

အာဆင္နယ္က ေတာ္ေတာ္ေလး ေကာင္းေနၿပီး ဘိုင္ယန္ျမဴးနစ္က လက္ရွိအခ်ိန္မွာ ႐ုန္းကန္ေနရပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ၾကယ္ပြင့္ကစားသမားေတြ အမ်ားအျပားရွိေနေပမယ့္လည္း အရင္တုန္းက ဘိုင္ယန္ေျခစြမ္းမ်ိဳးမွာ ရွိမေနေတာ့ဘဲ ဂန္းနားေတြအေနနဲ႔ ပရိသတ္မပါဘဲ လာကစားရမယ့္ ဧည့္သည္ေတြကို အဂၤါေန႔ညမွာ အခြင့္ေကာင္းယူႏိုင္သင့္ပါတယ္။ တူဟယ္ရဲ႕အသင္းဟာ ဒီရာသီ ေဘာလုံးပိုင္ဆိုင္မႈ ေတာ္ေတာ္ေလး ဆိုး႐ြားေနၿပီး ခံစစ္အကူးအေျပာင္းမွာလည္း ထိခိုက္လြယ္ေနခဲ့ပါတယ္။ အိမ္ရွင္ ဂန္းနားေတြအေနနဲ႔ ဘိုင္ယန္ကို ေစာေစာစီးစီး ဦးေဆာင္ဂိုး သြင္းယူႏိုင္ရင္ အႏိုင္ရဖို႔ ခက္မွာမဟုတ္ပါဘူး။

ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဘိုင္ယန္)

SportsA2Z