UCL&UEL

ဘာနေဗျူးမှာ အများဆုံး သရေပဲ မှန်းနိုင်မယ့် မန်ချက်စတာစီးတီး

ရီးရဲလ်မက်ဒရစ်ဟာ ယနေ့ညမှာ မန်ချက်စတာစီးတီးကို ဘာနေဗျူးမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒါဟာ ဥရောပရှုံးထွက်အဆင့်မှာ ဒီ ၂ သင်းကြား ၃ ရာသီဆက်တိုက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁-၂၀၂၂ ရာသီတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ အောင်ပွဲရခဲ့ပြီး မန်ချက်စတာစီးတီးက နောက်နှစ်မှာတော့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးအထိ ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်ပွဲ ၄.၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြတာကြောင့် စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲဖြစ်လာဦးမှာပါ။

နှစ်ဖက်အသင်း သတင်းများ

ရီးရဲလ်မက်ဒရစ်ဘက်မှာ မီလီတာအိုနဲ့ ဗင်နီးရှပ်စ် ဂျူနီယာတို့ ပြန်ပါလာမှာဖြစ်ပြီး ဘရာဇီးလ်နောက်ခံလူဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက် ဘီလ်ဘာအိုနဲ့ပွဲမှာ လူစားဝင်ကစားပေးခဲ့တာပါ။ ဗင်နီးရှပ်စ်ကတော့ ဘီလ်ဘာအိုနဲ့ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ပြီး မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ ပါဝင်ကစားပေးနိုင်မှာပါ။ ကော်တွိုက်၊ အလာဘာတို့ကတော့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး ဆီဘာယော့စ်ကတော့ ပြန်ပါလာမှာဖြစ်ပေမယ့် အရန်ခုံကနေ ပွဲထွက်ရဖို့များပါတယ်။

မန်စီးတီးဘက်မှာကာလရှည် အနားယူခဲ့ရတဲ့ အီဒါဆန် ဒီပွဲမှာ ပြန်ပါလာမှာဖြစ်ပြီး ဂဗာဒီယောလ်လည်း ပြန်ပါလာနိုင်ပါတယ်။ ဝေါ်ကာနဲ့ အကီတို့ကတော့ လွဲချော်မှာဖြစ်ပြီး ကျန်ဒဏ်ရာပြဿနာတော့ မရှိနေပါဘူး။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ရီးရဲလ်မက်ဒရစ်-လူနင်၊ ကာဗာဂျယ်၊ ရူဒီဂါ၊ နာချို၊ မန်ဒီ၊ ဗယ်လ်ဗာဒီ၊ ကမာဗင်ဂါ၊ ခရူးစ်၊ ဘယ်လင်ဟမ်၊ ဗင်နီးရှပ်စ်၊ ရိုဒရီဂို။

မန်စီးတီး-အော်တေဂါ၊ လူးဝစ္စ၊ ဒီယက်စ်၊ အကန်းဂျိ၊ ဂဗာဒီယောလ်၊ စတုန်းစ်၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဂရီးလစ်ရှ်၊ ဟာလန်း၊ ။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၁၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်က ၄ ကြိမ်နိုင် ၃ ကြိမ်သရေ မန်စီးတီးက ၅ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ရီးရဲလ်က ၃ ပွဲနိုင် ၂ ပွဲသရေ၊ မန်စီးတီးက ၃ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

ဂွါဒီယိုလာကတော့ နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ဖလားကို လိုချင်နေမှာဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်က အားကောင်းတဲ့လူစာရင်းကို ပွဲထုတ်လာမှာဖြစ်ပြီး မန်စီးတီးကို ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်နဲ့ ကပ်နိုင်သွားနိုင်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ရီးရဲလ် ၁-၀ မန်စီးတီး)

SportsA2Z

ZAWGYI:
ရီးရဲလ္မက္ဒရစ္ဟာ ယေန႔ညမွာ မန္ခ်က္စတာစီးတီးကို ဘာေနဗ်ဴးမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဒါဟာ ဥေရာပရႈံးထြက္အဆင့္မွာ ဒီ ၂ သင္းၾကား ၃ ရာသီဆက္တိုက္ ေတြ႕ဆုံမႈလည္း ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ၂၀၂၁-၂၀၂၂ ရာသီတုန္းက ဆီမီးဖိုင္နယ္အဆင့္မွာ ေအာင္ပြဲရခဲ့ၿပီး မန္ခ်က္စတာစီးတီးက ေနာက္ႏွစ္မွာေတာ့ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးသြားခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္နဲ႔ မန္စီးတီးတို႔ ေတြ႕ဆုံခဲ့တဲ့ ေနာက္ဆုံး ၄ ပြဲမွာ သြင္းဂိုး ၁၇ ဂိုးအထိ ရွိခဲ့ၿပီး ပ်မ္းမွ်အားျဖင့္ တစ္ပြဲ ၄.၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၾကတာေၾကာင့္ စိတ္လႈပ္ရွားစရာ ပြဲတစ္ပြဲျဖစ္လာဦးမွာပါ။

ႏွစ္ဖက္အသင္း သတင္းမ်ား

ရီးရဲလ္မက္ဒရစ္ဘက္မွာ မီလီတာအိုနဲ႔ ဗင္နီးရွပ္စ္ ဂ်ဴနီယာတို႔ ျပန္ပါလာမွာျဖစ္ၿပီး ဘရာဇီးလ္ေနာက္ခံလူဟာ ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူခဲ့ရၿပီးေနာက္ ဘီလ္ဘာအိုနဲ႔ပြဲမွာ လူစားဝင္ကစားေပးခဲ့တာပါ။ ဗင္နီးရွပ္စ္ကေတာ့ ဘီလ္ဘာအိုနဲ႔ပြဲကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကိုေတာ့ ပါဝင္ကစားေပးႏိုင္မွာပါ။ ေကာ္တြိဳက္၊ အလာဘာတို႔ကေတာ့ ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ဆီဘာေယာ့စ္ကေတာ့ ျပန္ပါလာမွာျဖစ္ေပမယ့္ အရန္ခုံကေန ပြဲထြက္ရဖို႔မ်ားပါတယ္။

မန္စီးတီးဘက္မွာကာလရွည္ အနားယူခဲ့ရတဲ့ အီဒါဆန္ ဒီပြဲမွာ ျပန္ပါလာမွာျဖစ္ၿပီး ဂဗာဒီေယာလ္လည္း ျပန္ပါလာႏိုင္ပါတယ္။ ေဝၚကာနဲ႔ အကီတို႔ကေတာ့ လြဲေခ်ာ္မွာျဖစ္ၿပီး က်န္ဒဏ္ရာျပႆနာေတာ့ မရွိေနပါဘူး။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ရီးရဲလ္မက္ဒရစ္-လူနင္၊ ကာဗာဂ်ယ္၊ ႐ူဒီဂါ၊ နာခ်ိဳ၊ မန္ဒီ၊ ဗယ္လ္ဗာဒီ၊ ကမာဗင္ဂါ၊ ခ႐ူးစ္၊ ဘယ္လင္ဟမ္၊ ဗင္နီးရွပ္စ္၊ ႐ိုဒရီဂို။

မန္စီးတီး-ေအာ္ေတဂါ၊ လူးဝစၥ၊ ဒီယက္စ္၊ အကန္းဂ်ိ၊ ဂဗာဒီေယာလ္၊ စတုန္းစ္၊ ေဆးလ္ဗား၊ ႐ိုဒရီ၊ ဒီဘ႐ိုင္းနား၊ ဂရီးလစ္ရွ္၊ ဟာလန္း၊ ။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၁၂ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ရီးရဲလ္က ၄ ႀကိမ္ႏိုင္ ၃ ႀကိမ္သေရ မန္စီးတီးက ၅ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ရီးရဲလ္က ၃ ပြဲႏိုင္ ၂ ပြဲသေရ၊ မန္စီးတီးက ၃ ပြဲႏိုင္ ၂ ပြဲသေရက်ခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ဂြါဒီယိုလာကေတာ့ ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို လိုခ်င္ေနမွာျဖစ္ေပမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ခက္ခဲတဲ့အခ်ိန္ေတြကို ရင္ဆိုင္ရႏိုင္ပါတယ္။ ရီးရဲလ္မက္ဒရစ္က အားေကာင္းတဲ့လူစာရင္းကို ပြဲထုတ္လာမွာျဖစ္ၿပီး မန္စီးတီးကို က်ဥ္းေျမာင္းတဲ့ ဂိုးရလဒ္နဲ႔ ကပ္ႏိုင္သြားႏိုင္ပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ရီးရဲလ္ ၁-၀ မန္စီးတီး)

SportsA2Z