UCL&UEL

ဘိုင်ယန်ပရိသတ်တွေ အမ်းမရိတ်စ်ကို ဘာကြောင့် လာအားပေးခွင့်ပိတ်ပင်ခံထားရတာလဲ

ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ဘိုင်ယန်မြူးနစ်ရဲ့ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းပရိသတ်တွေဟာ လာဇီယိုကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွင်းက ဖြစ်စဉ်ကြောင့် ယူအီးအက်ဖ်အေရဲ့ ဒဏ်ခတ်အရေးယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ လာဇီယိုနဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ မီးရှူးမီးပန်းတွေကို ကွင်းအတွင်းကို ပစ်ပေါက်ခဲ့ကြတဲ့အတွက် ဘိုင်ယန်ရဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲကို တက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ယူအီးအက်ဖ်အေရဲ့ အပြစ်ပေးမှုကို လက်ခံခဲ့ပြီး ဆုံးဖြတ်ချက်ကို အယူခံဝင်သွားဖို့ အစီအစဉ်မရှိဘူးလို့ ဘိုင်ယန်မြူးနစ် စီအီးအို ဂျန်-ခရစ်ရှန် ဒရီးဆင်က ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီအပြစ်ပေးမှုကို လက်ခံရမှာပါ။ မီးရှူးမီးပန်းဖောက်ရုံတင်မကဘဲ ကွင်းထဲကို ရည်ရွဝ်ချက်ရှိရှိ ပစ်လွှတ်လိုက်တာက ဘေးပတ်ဝန်းကျင်က ကြည့်ရှုသူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါက အယူခံဝင်ရင်လည်း အချည်းနှီးဖြစ်ရမယ့် ပြင်းထန်တဲ့ စည်းကမ်းချိုးဖောက်မှုမျိုးပါ။ ပရိသတ်တွေ အားပေးမှုမပါဘဲ ကျွန်တော်တို့ အဝေးကွင်းမှာ ကစားသွားရမှာကတော့ ကြီးမားတဲ့ထိုးနှက်ချက်ပါပဲ။ ပြစ်မှုကျူးလွန်တဲ့ လူအနည်းစုကြောင့် ကျွန်တော်တို့ကို အားပေးထောက်ခံတဲ့ ပရိသတ်တွေအားလုံးနဲ့ အသင်းအပေါ်မှာ ထိခိုက်နစ်နာစေခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ပရိသတ်တွေရဲ့ အပြုအမူကြောင့် စည်းကမ်းပိုင်းဆိုင်ရာ အပြစ်ပေးအရေးယူမှုတွေ ခံခဲ့ရတာ ဒါက ပထမဆုံးအကြိမ်မဟုတ်တော့ဘဲ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအစောပိုင်းဖြစ်တဲ့ ကိုပင်ဟေဂင်နဲ့ ကစားခဲ့တဲ့ အုပ်စုအဆင့်ပွဲမှာလည်း မီးရှူးမီးပန်းတွေ ဖောက်ခဲ့လို့ ယူရို ၄ သောင်း ဒဏ်ရိုက်ခံခဲ့ရသလို အဝေးကွင်းပွဲတစ်ပွဲ ပရိသတ်မပါဘဲ ကစားစေဖို့ အမိန့်ချခံခဲ့ရဖူးပါတယ်။

ဘိုင်ယန်မြူးနစ်ပရိသတ်တွေ အမ်းမရိတ်စ်ကို လာရောက်ကြည့်ရှုခွင့် မရှိတာကြောင့် အာဆင်နယ်အတွက် အခွင့်ကောင်းဖြစ်ခဲ့ပြီဖြစ်ပြီး ဂန်းနားပရိသတ်တွေကို လက်မှတ် ၆ သောင်းစလုံး ရောင်းချခွင့် ရရှိသွားမှာဖြစ်လို့ ဧပြီလ ၈ ရက်နေ့ အမ်းမရိတ်စ်ကွင်းထဲမှာ အာဆင်နယ်ပရိသတ်တွေ အုံးအုံးကျက်ကျက်ဖြစ်နေတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြဟာ အမ္းမရိတ္စ္မွာ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားသြားမယ့္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ကြာတားဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္ကို တက္ေရာက္ၾကည့္ရႈခြင့္ ပိတ္ပင္ခံခဲ့ရပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းပရိသတ္ေတြဟာ လာဇီယိုကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အတြင္းက ျဖစ္စဥ္ေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ ဒဏ္ခတ္အေရးယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ လာဇီယိုနဲ႔ပြဲမွာ ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြဟာ မီးရႉးမီးပန္းေတြကို ကြင္းအတြင္းကို ပစ္ေပါက္ခဲ့ၾကတဲ့အတြက္ ဘိုင္ယန္ရဲ႕ အေဝးကြင္းပြဲစဥ္တစ္ပြဲကို တက္ေရာက္ၾကည့္ရႈခြင့္ ပိတ္ပင္ခံခဲ့ရတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းက ယူအီးအက္ဖ္ေအရဲ႕ အျပစ္ေပးမႈကို လက္ခံခဲ့ၿပီး ဆုံးျဖတ္ခ်က္ကို အယူခံဝင္သြားဖို႔ အစီအစဥ္မရွိဘူးလို႔ ဘိုင္ယန္ျမဴးနစ္ စီအီးအို ဂ်န္-ခရစ္ရွန္ ဒရီးဆင္က ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီအျပစ္ေပးမႈကို လက္ခံရမွာပါ။ မီးရႉးမီးပန္းေဖာက္႐ုံတင္မကဘဲ ကြင္းထဲကို ရည္႐ြဝ္ခ်က္ရွိရွိ ပစ္လႊတ္လိုက္တာက ေဘးပတ္ဝန္းက်င္က ၾကည့္ရႈသူေတြကိုပါ အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။ ဒါက အယူခံဝင္ရင္လည္း အခ်ည္းႏွီးျဖစ္ရမယ့္ ျပင္းထန္တဲ့ စည္းကမ္းခ်ိဳးေဖာက္မႈမ်ိဳးပါ။ ပရိသတ္ေတြ အားေပးမႈမပါဘဲ ကြၽန္ေတာ္တို႔ အေဝးကြင္းမွာ ကစားသြားရမွာကေတာ့ ႀကီးမားတဲ့ထိုးႏွက္ခ်က္ပါပဲ။ ျပစ္မႈက်ဴးလြန္တဲ့ လူအနည္းစုေၾကာင့္ ကြၽန္ေတာ္တို႔ကို အားေပးေထာက္ခံတဲ့ ပရိသတ္ေတြအားလုံးနဲ႔ အသင္းအေပၚမွာ ထိခိုက္နစ္နာေစခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ပရိသတ္ေတြရဲ႕ အျပဳအမူေၾကာင့္ စည္းကမ္းပိုင္းဆိုင္ရာ အျပစ္ေပးအေရးယူမႈေတြ ခံခဲ့ရတာ ဒါက ပထမဆုံးအႀကိမ္မဟုတ္ေတာ့ဘဲ ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအေစာပိုင္းျဖစ္တဲ့ ကိုပင္ေဟဂင္နဲ႔ ကစားခဲ့တဲ့ အုပ္စုအဆင့္ပြဲမွာလည္း မီးရႉးမီးပန္းေတြ ေဖာက္ခဲ့လို႔ ယူ႐ို ၄ ေသာင္း ဒဏ္႐ိုက္ခံခဲ့ရသလို အေဝးကြင္းပြဲတစ္ပြဲ ပရိသတ္မပါဘဲ ကစားေစဖို႔ အမိန႔္ခ်ခံခဲ့ရဖူးပါတယ္။

ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြ အမ္းမရိတ္စ္ကို လာေရာက္ၾကည့္ရႈခြင့္ မရွိတာေၾကာင့္ အာဆင္နယ္အတြက္ အခြင့္ေကာင္းျဖစ္ခဲ့ၿပီျဖစ္ၿပီး ဂန္းနားပရိသတ္ေတြကို လက္မွတ္ ၆ ေသာင္းစလုံး ေရာင္းခ်ခြင့္ ရရွိသြားမွာျဖစ္လို႔ ဧၿပီလ ၈ ရက္ေန႔ အမ္းမရိတ္စ္ကြင္းထဲမွာ အာဆင္နယ္ပရိသတ္ေတြ အုံးအုံးက်က္က်က္ျဖစ္ေနေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.