Match Report Premier League

ပင်နယ်တီကယ်လို့ အိုးထရက်ဖို့ဒ်ကနေ သရေ ၁ မှတ်ယူပြီး အိမ်ပြန်နိုင်ခဲ့တဲ့ လီဗာပူးလ်

တနင်္ဂနွေနေ့ည အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်း စကတည်းက လီဗာပူးလ်တို့က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ပထမပိုင်း ၂ မိနစ်မှာ မန်ချက်စတာယူနိုက်တက်တို့ အကောင်းဆုံးအခွင့်အရေးကို ရရှိခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေ ဂါနာချိုက ကယ်လီဟာကို ကျော်ဖြတ်ပြီး ဂိုးပေါက်အလွတ်ထဲ သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်က အဲဒီနောက်ပိုင်း ပထမပိုင်း ပြီးဆုံးခါနီးအချိန်အထိ မန်ချက်စတာယူနိုက်တက်ဂိုးပေါက်ကို တရစပ် ဂိုးကန်သွင်းမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး အိုနာနာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ ဂိုးတွေ မပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန် ၂၃ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ရောဘတ်ဆန် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို လူကပ်မခံထားရတဲ့ နူးညက်ဇ်က ပြေးထွက်ပြီး ခေါင်းတိုက်ချပေးခဲ့ရာမှာ ဒီယက်ဇ်က ညာခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာကြောင့် လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်အကြာမှာပဲ အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ ချေပဂိုး ရရှိသွားခဲ့ပြီး ကွမ်ဆာရဲ့ အမှားကနေ ဖာနန်ဒက်စ်က အခွင့်ကောင်းယူပြီး ကယ်လီဟာ ဂိုးပေါက်ဆီ အချိန်မီ ပြန်မရောက်သေးခင်မှာ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၆၇ မိနစ်မှာ မန်ချက်စတာယူနိုက်တက်တို့ တန်ပြန်တိုက်စစ်ကနေတဆင့် ကော်ဘီ မိန်းနူးက ထိုးဖောက်လာခဲ့ပြီး ဝမ်ဘစ်ဆာကာရဲ့ ပေးပို့မှုကို လက်ခံရယူပြီးနောက် ပင်နယ်တီဧရိယာအစွန်ကနေ ဂိုးညာဘက်အပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းယူပြီး ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

၇၈ မိနစ်မှာ ဒီယက်ဇ် အပိုင်ကန်ခွင့်ရခဲ့ပေမယ့်လည်း အိုနာနာက အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဆာလားက ညာခြေနဲ့ ပိတ်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ တော်တော်လေး လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

၈၄ မိနစ်မှာ ဘစ်ဆာကာက အဲလီးယော့တ် ခြေထောက်ထဲက ဘောလုံးကို လုယူဖို့ ကြိုးပမ်းခဲ့ချိန်မှာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ဒိုင်လူကြီးက လီဗာပူးလ်ကို ပင်နယ်တီ ပေးခဲ့ပြီး မိုဟာမက် ဆာလားက အမှားအယွင်းမရှိ အဆုံးသတ်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။

ပွဲပြီးဆုံးခါနီးအထိ နှစ်ဖက်စလုံး နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံ မသွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပြီး လီဗာပူးလ်တို့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လွဲချော်သွားခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေ သရဲနီတွေကို အားပေးရကျိုးနပ်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
တနဂၤေႏြေန႔ည အေကာင္းဆုံးပြဲစဥ္ျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ရဲ႕ပြဲစဥ္မွာ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္နဲ႔ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ပထမပိုင္း စကတည္းက လီဗာပူးလ္တို႔က ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပးကစားႏိုင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က တန္ျပန္တိုက္စစ္နဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

ပထမပိုင္း ၂ မိနစ္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ အေကာင္းဆုံးအခြင့္အေရးကို ရရွိခဲ့ၿပီး ဖာနန္ဒက္စ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေန ဂါနာခ်ိဳက ကယ္လီဟာကို ေက်ာ္ျဖတ္ၿပီး ဂိုးေပါက္အလြတ္ထဲ သြင္းယူႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္က အဲဒီေနာက္ပိုင္း ပထမပိုင္း ၿပီးဆုံးခါနီးအခ်ိန္အထိ မန္ခ်က္စတာယူႏိုက္တက္ဂိုးေပါက္ကို တရစပ္ ဂိုးကန္သြင္းမႈေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီး အိုနာနာ လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့လို႔သာ ဂိုးေတြ မေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၂၃ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေရာဘတ္ဆန္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို လူကပ္မခံထားရတဲ့ ႏူးညက္ဇ္က ေျပးထြက္ၿပီး ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ ဒီယက္ဇ္က ညာေျခနဲ႔ ပိတ္သြင္းယူသြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ၅ မိနစ္အၾကာမွာပဲ အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္တို႔ ေခ်ပဂိုး ရရွိသြားခဲ့ၿပီး ကြမ္ဆာရဲ႕ အမွားကေန ဖာနန္ဒက္စ္က အခြင့္ေကာင္းယူၿပီး ကယ္လီဟာ ဂိုးေပါက္ဆီ အခ်ိန္မီ ျပန္မေရာက္ေသးခင္မွာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၆၇ မိနစ္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ တန္ျပန္တိုက္စစ္ကေနတဆင့္ ေကာ္ဘီ မိန္းႏူးက ထိုးေဖာက္လာခဲ့ၿပီး ဝမ္ဘစ္ဆာကာရဲ႕ ေပးပို႔မႈကို လက္ခံရယူၿပီးေနာက္ ပင္နယ္တီဧရိယာအစြန္ကေန ဂိုးညာဘက္အေပၚေထာင့္ထဲကို လွလွပပ ကန္သြင္းယူၿပီး ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

၇၈ မိနစ္မွာ ဒီယက္ဇ္ အပိုင္ကန္ခြင့္ရခဲ့ေပမယ့္လည္း အိုနာနာက အေကာင္းဆုံး ကာကြယ္ႏိုင္ခဲ့ၿပီး ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ဆာလားက ညာေျခနဲ႔ ပိတ္သြင္းခဲ့ေပမယ့္ ဂိုးေပါက္နဲ႔ ေတာ္ေတာ္ေလး လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

၈၄ မိနစ္မွာ ဘစ္ဆာကာက အဲလီးေယာ့တ္ ေျခေထာက္ထဲက ေဘာလုံးကို လုယူဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္မွာ ဖ်က္ထုတ္ပုံ ၾကမ္းတမ္းခဲ့တာေၾကာင့္ ဒိုင္လူႀကီးက လီဗာပူးလ္ကို ပင္နယ္တီ ေပးခဲ့ၿပီး မိုဟာမက္ ဆာလားက အမွားအယြင္းမရွိ အဆုံးသတ္သြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ေခ်ပဂိုး ရရွိသြားခဲ့ပါတယ္။

ပြဲၿပီးဆုံးခါနီးအထိ ႏွစ္ဖက္စလုံး ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ ထပ္မံ မသြင္းယူႏိုင္ခဲ့တာေၾကာင့္ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ၿပီး လီဗာပူးလ္တို႔ အမွတ္ေပးဇယားထိပ္ဆုံးကို ျပန္လည္တက္လွမ္းႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္သြားခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြ သရဲနီေတြကို အားေပးရက်ိဳးနပ္ခဲ့ၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။

SportsA2Z