Premier League

အက်ဖ်အေဖလားရှုံးကြွေးပြန်ဆပ်နိုင်ဖို့ လီဗာပူးလ်တို့ မဖြစ်မနေလုပ်ရမယ့်အရာ ၃ ခု

လီဗာပူးလ်ဟာ ယနေ့ည ဒီရာသီမှာ အိုးထရက်ဖို့ဒ်ကို ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေပြီး နောက်ဆုံးတစ်ခေါက်သွားကစားတုန်းကထက် တိုးတက်မှုအချို့ ပြုလုပ်နိုင်ဖို့ လိုမှာပါ။

ကလော့ပ်ရဲ့အသင်းဟာ မန်ချက်စတာယူနိုက်တက်ကို မတ်လလယ်တုန်းက ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ည အိုးထရက်ဖို့ဒ်ကို သွားကစားရမယ့်ပွဲက ပိုလို့တောင် အရေးကြီးလာတာဖြစ်ပြီး လီဗာပူးလ်ဟာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ကစားနိုင်မှသာ ဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်မှာလည်း ဖြစ်တာမို့ ဒီပွဲက တော်တော်လေး အရေးကြီးပွဲဖြစ်လာမှာပါ။

ဒါကြောင့် အိုးထရက်ဖို့ဒ်မှာ အက်ဖ်အေဖလားတုန်းက ရှုံးကြွေးကို လီဗာပူးလ်တို့ ပြန်ဆပ်နိုင်ဖို့ မဖြစ်မနေလုပ်ဖို့ လိုအပ်တဲ့အရာ ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

အဆုံးသတ်ပိုပြီးသေချာဖို့လို

အက်ဖ်အေဖလားပွဲတုန်းက မန်ယူနိုက်တက်ကို ၃ ဂိုးတောင် သွင်းခဲ့တာတောင်မှပဲ ဒီလို ပြောတာက ရူးကြောင်ကြောင်နိုင်ပုံပေါ်ပေမယ့် အဲဒီ ၃ ဂိုးထဲက ၂ ဂိုးက လူထိလမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။ လီဗာပူးလ်တို့ဟာ ပွဲကစားချိန်အစောပိုင်းမှာ အပိုင်အခွင့်အရေးအချို့ကို ဖြုန်းတီးခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့တယ်ဆိုတာက ငြင်းလို့မရပါဘူး။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်ဂိုးဘက်ခြမ်းမှာ ဖိကစားနိုင်ခဲ့ပေမယ့်လည်း နူးညက်ဇ်၊ ဒီယက်ဇ်နဲ့ ဂတ်ခ်ပိုတို့လိုကစားသမားတွေရဲ့ ဆုံးဖြတ်ချက်တွေက လိုအပ်ချက်တွေရှိနေခဲ့ပြီး အဓိကကျတဲ့အခိုက်အတန့်တွေမှာ မှားယွင်းတဲ့ ပေးပို့မှုတွေကိုလည်း လီဗာပူးလ်တို့ ပုံမှန်ဆိုသလို လုပ်ဆောင်မိခဲ့တာပါ။ ရိုးရှင်းတဲ့အချက်ကတော့ မန်ချက်စတာယူနိုက်တက်ပင်နယ်တီဧရိယာဝန်းကျင်နဲ့ အထဲမှာ သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ပိုမိုချမှတ်နိုင်မလားဆိုတာက အဆုံးအဖြတ်ပေးသွားမှာပါ။

သတိပိုထားပြီး ကစားသင့်

အချိန်ပိုဟာ အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်တို့ ရှုံးနိမ့်ဖို့ ဖြစ်လာခဲ့ပြီး အဲဒီအတွက် ပွဲပြီးဝီစီမှုတ်ချိန်မှာ ကိုယ့်ဘာသာပဲ အပြစ်တင်ရမှာပါ။ နာကျင်အချိန်ပိုထဲမှာတောင် ဦးဆောင်ထားနိုင်ခဲ့ပြီးမှ ပေါ့လျော့ခဲ့တဲ့အတွက် ဂိုးတွေ ပြန်ပေးခဲ့ရပြီး ရက်ရှ်ဖို့ဒ်ရဲ့ ချေပဂိုးမှာ နူးညက်ဇ်ရဲ့ ဘောလုံးပေးပို့မှု လွဲချော်ခဲ့မှုက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ၁၂၁ မိနစ်မှာတောင် လီဗာပူးလ်ဟာ ထောင့်ကန်ဘောအတွက် ကွင်းတစ်ဖက်ခြမ်းမှာ အကုန်စုပြုံနေခဲ့ပြီး အဲလီးယော့တ်ရဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲ ပြန်ပေးဖို့ ကြိုးပမ်းခဲ့မှုက မှားယွင်းသွားခဲ့ပြီးနောက် ကောင်တာမိပြီး နောက်ကျအနိုင်ဂိုး ပေးလိုက်ရတာပါ။

ခံစစ်ဒဏ်ရာပြဿနာတွေကို အခွင့်ကောင်းယူသင့်

လီဗာပူးလ်အတွက် သတင်းကောင်းကတော့ မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ညပွဲမတိုင်ခင် ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး မာလာစီယာ၊ ရှော၊ မာတီနက်ဇ်၊ လင်ဒီလော့ဖ်တို့အားလုံး ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဗာရွမ်းနဲ့ အီဗန်စ်တို့လည်း ထပ်နာသွားတာပါ။ ကက်စမီရိုကလည်း ဒီပွဲမှာ ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေပြီး မန်ယူနိုက်တက်သာ အဓိကခံစစ်ကစားသမားတွေ မပါဘဲ ကစားသွားရမယ်ဆိုရင် လီဗာပူးလ်တို့ အခွင့်ကောင်းယူရမှာပါ။ နူးညက်ဇ်နဲ့ မက်ဂွိုင်းယားတို့ တိုက်ပွဲဟာ စိတ်ဝင်စားစရာဖြစ်လာမှာဖြစ်ပြီး ဆာလားကတော့ ဘစ်ဆာကာနဲ့ ရင်ဆိုင်ရာမှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်နေမှာပါ။ လီဗာပူးလ်ရဲ့ တိုက်စစ်က လူမစုံဘဲ အားနည်းနေတဲ့ မန်ယူနိုက်တက်ခံစစ်ကို အခွင့်ကောင်းမယူနိုင်ဘဲ ဇယားထိပ်ပြန်မတက်နိုင်ရင်တော့ ကိုယ့်ဘာသာပဲ အပြစ်တင်ရတော့မှာပါ။

SportsA2Z

ZAWGYI:
လီဗာပူးလ္ဟာ ယေန႔ည ဒီရာသီမွာ အိုးထရက္ဖို႔ဒ္ကို ဒုတိယအႀကိမ္ေျမာက္ သြားေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ ျပင္ဆင္ေနၿပီး ေနာက္ဆုံးတစ္ေခါက္သြားကစားတုန္းကထက္ တိုးတက္မႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ဖို႔ လိုမွာပါ။

ကေလာ့ပ္ရဲ႕အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ကို မတ္လလယ္တုန္းက ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး အက္ဖ္ေအဖလားကြာတားဖိုင္နယ္ကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔ည အိုးထရက္ဖို႔ဒ္ကို သြားကစားရမယ့္ပြဲက ပိုလို႔ေတာင္ အေရးႀကီးလာတာျဖစ္ၿပီး လီဗာပူးလ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ကစားႏိုင္မွသာ ဇယားထိပ္ဆုံးကို ျပန္လည္တက္လွမ္းႏိုင္မွာလည္း ျဖစ္တာမို႔ ဒီပြဲက ေတာ္ေတာ္ေလး အေရးႀကီးပြဲျဖစ္လာမွာပါ။

ဒါေၾကာင့္ အိုးထရက္ဖို႔ဒ္မွာ အက္ဖ္ေအဖလားတုန္းက ရႈံးေႂကြးကို လီဗာပူးလ္တို႔ ျပန္ဆပ္ႏိုင္ဖို႔ မျဖစ္မေနလုပ္ဖို႔ လိုအပ္တဲ့အရာ ၃ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

အဆုံးသတ္ပိုၿပီးေသခ်ာဖို႔လို

အက္ဖ္ေအဖလားပြဲတုန္းက မန္ယူႏိုက္တက္ကို ၃ ဂိုးေတာင္ သြင္းခဲ့တာေတာင္မွပဲ ဒီလို ေျပာတာက ႐ူးေၾကာင္ေၾကာင္ႏိုင္ပုံေပၚေပမယ့္ အဲဒီ ၃ ဂိုးထဲက ၂ ဂိုးက လူထိလမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာပါ။ လီဗာပူးလ္တို႔ဟာ ပြဲကစားခ်ိန္အေစာပိုင္းမွာ အပိုင္အခြင့္အေရးအခ်ိဳ႕ကို ျဖဳန္းတီးခဲ့တဲ့အတြက္ ရႈံးနိမ့္ခဲ့တယ္ဆိုတာက ျငင္းလို႔မရပါဘူး။ ဒုတိယပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္ဂိုးဘက္ျခမ္းမွာ ဖိကစားႏိုင္ခဲ့ေပမယ့္လည္း ႏူးညက္ဇ္၊ ဒီယက္ဇ္နဲ႔ ဂတ္ခ္ပိုတို႔လိုကစားသမားေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြက လိုအပ္ခ်က္ေတြရွိေနခဲ့ၿပီး အဓိကက်တဲ့အခိုက္အတန႔္ေတြမွာ မွားယြင္းတဲ့ ေပးပို႔မႈေတြကိုလည္း လီဗာပူးလ္တို႔ ပုံမွန္ဆိုသလို လုပ္ေဆာင္မိခဲ့တာပါ။ ႐ိုးရွင္းတဲ့အခ်က္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ပင္နယ္တီဧရိယာဝန္းက်င္နဲ႔ အထဲမွာ သင့္ေတာ္တဲ့ ဆုံးျဖတ္ခ်က္ေတြကို ပိုမိုခ်မွတ္ႏိုင္မလားဆိုတာက အဆုံးအျဖတ္ေပးသြားမွာပါ။

သတိပိုထားၿပီး ကစားသင့္

အခ်ိန္ပိုဟာ အိုးထရက္ဖို႔ဒ္မွာ လီဗာပူးလ္တို႔ ရႈံးနိမ့္ဖို႔ ျဖစ္လာခဲ့ၿပီး အဲဒီအတြက္ ပြဲၿပီးဝီစီမႈတ္ခ်ိန္မွာ ကိုယ့္ဘာသာပဲ အျပစ္တင္ရမွာပါ။ နာက်င္အခ်ိန္ပိုထဲမွာေတာင္ ဦးေဆာင္ထားႏိုင္ခဲ့ၿပီးမွ ေပါ့ေလ်ာ့ခဲ့တဲ့အတြက္ ဂိုးေတြ ျပန္ေပးခဲ့ရၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ ေခ်ပဂိုးမွာ ႏူးညက္ဇ္ရဲ႕ ေဘာလုံးေပးပို႔မႈ လြဲေခ်ာ္ခဲ့မႈက စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။ ၁၂၁ မိနစ္မွာေတာင္ လီဗာပူးလ္ဟာ ေထာင့္ကန္ေဘာအတြက္ ကြင္းတစ္ဖက္ျခမ္းမွာ အကုန္စုၿပဳံေနခဲ့ၿပီး အဲလီးေယာ့တ္ရဲ႕ ေဘာလုံးကို ပင္နယ္တီဧရိယာထဲ ျပန္ေပးဖို႔ ႀကိဳးပမ္းခဲ့မႈက မွားယြင္းသြားခဲ့ၿပီးေနာက္ ေကာင္တာမိၿပီး ေနာက္က်အႏိုင္ဂိုး ေပးလိုက္ရတာပါ။

ခံစစ္ဒဏ္ရာျပႆနာေတြကို အခြင့္ေကာင္းယူသင့္

လီဗာပူးလ္အတြက္ သတင္းေကာင္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ညပြဲမတိုင္ခင္ ခံစစ္ပိုင္း ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး မာလာစီယာ၊ ေရွာ၊ မာတီနက္ဇ္၊ လင္ဒီေလာ့ဖ္တို႔အားလုံး ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ ဗာ႐ြမ္းနဲ႔ အီဗန္စ္တို႔လည္း ထပ္နာသြားတာပါ။ ကက္စမီ႐ိုကလည္း ဒီပြဲမွာ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနၿပီး မန္ယူႏိုက္တက္သာ အဓိကခံစစ္ကစားသမားေတြ မပါဘဲ ကစားသြားရမယ္ဆိုရင္ လီဗာပူးလ္တို႔ အခြင့္ေကာင္းယူရမွာပါ။ ႏူးညက္ဇ္နဲ႔ မက္ဂြိဳင္းယားတို႔ တိုက္ပြဲဟာ စိတ္ဝင္စားစရာျဖစ္လာမွာျဖစ္ၿပီး ဆာလားကေတာ့ ဘစ္ဆာကာနဲ႔ ရင္ဆိုင္ရာမွာ အလြန္ေကာင္းမြန္တဲ့ မွတ္တမ္းကို ဆက္လက္ ထိန္းသိမ္းသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာပါ။ လီဗာပူးလ္ရဲ႕ တိုက္စစ္က လူမစုံဘဲ အားနည္းေနတဲ့ မန္ယူႏိုက္တက္ခံစစ္ကို အခြင့္ေကာင္းမယူႏိုင္ဘဲ ဇယားထိပ္ျပန္မတက္ႏိုင္ရင္ေတာ့ ကိုယ့္ဘာသာပဲ အျပစ္တင္ရေတာ့မွာပါ။

SportsA2Z