Match Report Premier League

စင်ရော်တွေကို ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်တက်လှမ်းနိုင်ခဲ့တဲ့ အာဆင်နယ်

စနေနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲမှာ ဂန်းနားတွေက အေးမက်စ်ကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက ဂန်းနားတွေက ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့တာဖြစ်ပြီး ဂျေးဇု အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့သာ စောစောစီးစီး ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ၃၁ မိနစ်မှာ လမ့်ပ်တေး ဂျေးဇုကို ခြေထိုးခံခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီ ပေးခဲ့ပြီး ဆာကာက ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီးမှာ ဘရိုက်တန်တို့ ချေပဂိုး သွင်းယူနိုင်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဒေးဗစ် ရာယာက အကောင်းဆုံးပုံစံနဲ့ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၆၂ မိနစ်မှာ အန်ဆီဆိုရဲ့ ညံ့ဖျင်းမှုကနေ အော်ဒီဂွါဒ် ဘောလုံးရသွားခဲ့ပြီး ဂျော်ဂျင်ညိုဆီကို ပေးပိုခဲ့ရာမှာ အီတလီကွင်းလယ်ကစားသမားက အလယ်ကို ပြန်ပေးပို့ခဲ့ပါတယ်။

ကိုင် ဟာဗတ်ဇ်က ဂျော်ဂျင်ညို ပေးပို့ခဲ့တဲ့ ဘောလုံးကို ဗန် ဟက်ကီရှေ့ကနေ ရယူခဲ့ပြီးနောက် အနီးကပ် ကန်ချက်နဲ့ အဆုံးသတ်သွားခဲ့တာဖြစ်ပြီး ၇၁ မိနစ်မှာ ထရော့ဆာ့ဒ်က နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့် ဗာဘရပ်ဂျန်က အချိန်ပီ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၈၆ မိနစ်မှာတော့ ထရော့ဆာ့ဒ်က အာဆင်နယ်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို နောက်ဆုံးမှာ သွင်းယူပေးနိုင်ခဲ့ပြီး ဟာဗတ်ဇ် ကွင်းလယ်ကနေ မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ဗာဘရပ်ဂျန်အပေါ်ကနေ ကျော်ကန်ပြီး ဂိုးပေါက်ထဲကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး မိနစ် ၉၀ မှာ ဒီကလန် ရိုက်ရဲ့ထောင့်ကန်ဘော ကန်တင်ပေးပို့မှုကနေ ဂါဘရီယဲလ် မာဂါလိုင်စ်က ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်လည်း ဗာဘရပ်ဂျန်က သတိရှိရှိနဲ့ ပုတ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရိုက်တန်အိမ်ကွင်းမှာ သက်တောင့်သက်သာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီတက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပြီး တနင်္ဂနွေနေ့ည မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ သရေကျခဲ့မယ်ဆိုရင် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။

ဘရိုက်တန်ဟာ ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို အိမ်ကွင်းမှာ ရပ်တန့်ခံလိုက်ရပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာကို ကျဆင်းခဲ့ရပြီလည်း ဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
စေနေန႔ညက ကစားခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ အာဆင္နယ္တို႔ရဲ႕ ပြဲမွာ ဂန္းနားေတြက ေအးမက္စ္ကြင္းမွာ ၃-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက ဂန္းနားေတြက ဖိအားေပးတိုက္စစ္ဆင္ကစားခဲ့တာျဖစ္ၿပီး ေဂ်းဇု အပိုင္အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔သာ ေစာေစာစီးစီး ဂိုးမရခဲ့တာ ျဖစ္ပါတယ္။ ၃၁ မိနစ္မွာ လမ့္ပ္ေတး ေဂ်းဇုကို ေျခထိုးခံခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ပင္နယ္တီ ေပးခဲ့ၿပီး ဆာကာက ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၿပီးဆုံးခါနီးမွာ ဘ႐ိုက္တန္တို႔ ေခ်ပဂိုး သြင္းယူႏိုင္ဖို႔ အခြင့္အေရးေကာင္းကို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ေဒးဗစ္ ရာယာက အေကာင္းဆုံးပုံစံနဲ႔ လက္စြမ္းျပ ကာကြယ္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၿပီး ၆၂ မိနစ္မွာ အန္ဆီဆိုရဲ႕ ညံ့ဖ်င္းမႈကေန ေအာ္ဒီဂြါဒ္ ေဘာလုံးရသြားခဲ့ၿပီး ေဂ်ာ္ဂ်င္ညိဳဆီကို ေပးပိုခဲ့ရာမွာ အီတလီကြင္းလယ္ကစားသမားက အလယ္ကို ျပန္ေပးပို႔ခဲ့ပါတယ္။

ကိုင္ ဟာဗတ္ဇ္က ေဂ်ာ္ဂ်င္ညိဳ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ဗန္ ဟက္ကီေရွ႕ကေန ရယူခဲ့ၿပီးေနာက္ အနီးကပ္ ကန္ခ်က္နဲ႔ အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး ၇၁ မိနစ္မွာ ထေရာ့ဆာ့ဒ္က ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ဖို႔ အေကာင္းဆုံးအခြင့္အေရးရခဲ့ေပမယ့္ ဗာဘရပ္ဂ်န္က အခ်ိန္ပီ ပုတ္ထုတ္ကာကြယ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး ၈၆ မိနစ္မွာေတာ့ ထေရာ့ဆာ့ဒ္က အာဆင္နယ္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ေနာက္ဆုံးမွာ သြင္းယူေပးႏိုင္ခဲ့ၿပီး ဟာဗတ္ဇ္ ကြင္းလယ္ကေန ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က ဗာဘရပ္ဂ်န္အေပၚကေန ေက်ာ္ကန္ၿပီး ဂိုးေပါက္ထဲကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး မိနစ္ ၉၀ မွာ ဒီကလန္ ႐ိုက္ရဲ႕ေထာင့္ကန္ေဘာ ကန္တင္ေပးပို႔မႈကေန ဂါဘရီယဲလ္ မာဂါလိုင္စ္က ေခါင္းတိုက္သြင္းယူခဲ့ေပမယ့္လည္း ဗာဘရပ္ဂ်န္က သတိရွိရွိနဲ႔ ပုတ္ထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘ႐ိုက္တန္အိမ္ကြင္းမွာ သက္ေတာင့္သက္သာ ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ယာယီတက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ၿပီး တနဂၤေႏြေန႔ည မန္ယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ပြဲစဥ္မွာ သေရက်ခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ခြင့္ရရွိသြားမွာျဖစ္ပါတယ္။

ဘ႐ိုက္တန္ဟာ ၁၂ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ကို အိမ္ကြင္းမွာ ရပ္တန႔္ခံလိုက္ရၿပီး အမွတ္ေပးဇယား အဆင့္ ၁၀ ေနရာကို က်ဆင္းခဲ့ရၿပီလည္း ျဖစ္ပါတယ္။

SportsA2Z