Match Report Premier League

မှော်ဝင်ဖိုဒန်ရဲ့ ဟက်ထရစ်အစွမ်းနဲ့ ဗီလာကို အနိုင်ယူပြီး ဇယားထိပ်အတွက် ဖိအားပေးနိုင်ခဲ့တဲ့ မန်စီးတီး

ဖီးလ် ဖိုဒန်ဟာ အစ်တီဟတ်မှာ အက်စတန် ဗီလာကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးတို့ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်တွေဖြစ်တဲ့ အဆာင်နယ်နဲ့ လီဗာပူးလ်တို့ကို ဖိအားဆက်လက်ပေးနိုင်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီး အဓိကစားသမားတွေဖြစ်တဲ့ ဟာလန်းနဲ့ ဒီဘရိုင်းနားတို့ကို အနားပေးခဲ့ပေမယ့်လည်း လက်ရှိ ချန်ပီယံတွေဟာ ဧည့်သည်ဗီလာတို့အတွက် အလွန်အားကောင်းနေသေးတာဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်ခဲ့ရသလို ပွဲမတိုင်ခင်မှာလည်း အဓိကပွဲထွက်ဂိုးသမား အီမီလီယာနို မာတီနက်ဇ် နာမကျန်းဖြစ်ခဲ့တာကြောင့် လူစာရင်းထဲကနေ ချန်လှပ်ခဲ့ရတာဖြစ်ပါတယ်။ ဖိုဒန်က ဒီရာသီ ၂၁ ဂိုးအထိ ရောက်ရှိစေမယ့် ဟက်ထရစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း ၁၁ မိနစ်မှာ ဒိုကုရဲ့ ဖြတ်တင်ပေးပို့မှုအပြီး ရိုဒရီက မန်ချက်စတာစီးတီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ နောက်ထပ် ၉ မိနစ်အကြာမှာ ဂျွန် ဒူရန်က မော်ဂန် ရော်ဂျာစ်နဲ့ သေသပ်တဲ့ အပေးအယူပြုလုပ်ခဲ့ပြီးနောက် အနိမ့်ဘောကန်ချက်နဲ့ အော်တေဂါကို အလဲထိုးပြီး ချေပဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မန်ချက်စတာစီးတီးအတွက် သွင်းဂိုးတွေကို ဖိုဒန်က တာဝန်ယူခဲ့တာဖြစ်ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာ ကိုက် ၂၀ အကွာက အလွတ်တည်ကန်ဘောကနေ တိုက်ရိုက် ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၂ မိနစ်မှာ ဖိုဒန်က နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ရိုဒရီရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၇ မိနစ်အကြာမှာ ဖိုဒန်က ဟက်ထရစ် ပြည့်မြောက်စေမယ့် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး အစပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပေမယ့်လည်း ပြန်ရအောင် ယူနိုင်ခဲ့ပြီးနောက် ဂိုးညာဘက်ထောင့်ထဲကို ပင်နယ်တီဧရိယာအစွန်ကနေ ဒုံးပျံတစ်စင်းပစ်လွှတ်လိုက်သလို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ နာကျင်အချိန်ပိုမှာ ဆာဂျီယို ဂိုးမက်ဇ်ရဲ့ ဘယ်ခြေကန်ချက်နဲ့ ကန်သွင်းယူမှုကြောင့် နောက်ထပ် ဦးဆောင်ဂိုး ရလုနီးပါးဖြစ်ခဲ့သေးပြီး ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ တစ်ပွဲလျော့နေတဲ့ လီဗာပူးလ်နဲ့ ရမှတ်တူ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်ပြီး ဆုဖလားပြိုင်ဘက်တွေကို ဖိအားဆက်ပေးနိုင်ခဲ့ပါတယ်။

SportsA2Z

ZAWGYI:
ဖီးလ္ ဖိုဒန္ဟာ အစ္တီဟတ္မွာ အက္စတန္ ဗီလာကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔ဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ အဆာင္နယ္နဲ႔ လီဗာပူးလ္တို႔ကို ဖိအားဆက္လက္ေပးႏိုင္ခဲ့ပါတယ္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာက တနဂၤေႏြေန႔က အာဆင္နယ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအၿပီး အဓိကစားသမားေတြျဖစ္တဲ့ ဟာလန္းနဲ႔ ဒီဘ႐ိုင္းနားတို႔ကို အနားေပးခဲ့ေပမယ့္လည္း လက္ရွိ ခ်န္ပီယံေတြဟာ ဧည့္သည္ဗီလာတို႔အတြက္ အလြန္အားေကာင္းေနေသးတာျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ ဒဏ္ရာျပႆနာအမ်ားအျပားနဲ႔ ရင္ဆိုင္ခဲ့ရသလို ပြဲမတိုင္ခင္မွာလည္း အဓိကပြဲထြက္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ နာမက်န္းျဖစ္ခဲ့တာေၾကာင့္ လူစာရင္းထဲကေန ခ်န္လွပ္ခဲ့ရတာျဖစ္ပါတယ္။ ဖိုဒန္က ဒီရာသီ ၂၁ ဂိုးအထိ ေရာက္ရွိေစမယ့္ ဟက္ထရစ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ပထမပိုင္း ၁၁ မိနစ္မွာ ဒိုကုရဲ႕ ျဖတ္တင္ေပးပို႔မႈအၿပီး ႐ိုဒရီက မန္ခ်က္စတာစီးတီးအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ ေနာက္ထပ္ ၉ မိနစ္အၾကာမွာ ဂြၽန္ ဒူရန္က ေမာ္ဂန္ ေရာ္ဂ်ာစ္နဲ႔ ေသသပ္တဲ့ အေပးအယူျပဳလုပ္ခဲ့ၿပီးေနာက္ အနိမ့္ေဘာကန္ခ်က္နဲ႔ ေအာ္ေတဂါကို အလဲထိုးၿပီး ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ မန္ခ်က္စတာစီးတီးအတြက္ သြင္းဂိုးေတြကို ဖိုဒန္က တာဝန္ယူခဲ့တာျဖစ္ၿပီး ပထမပိုင္း ၿပီးဆုံးခါနီးမွာ ကိုက္ ၂၀ အကြာက အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ၆၂ မိနစ္မွာ ဖိုဒန္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးခဲ့ၿပီး ႐ိုဒရီရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေန အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၇ မိနစ္အၾကာမွာ ဖိုဒန္က ဟက္ထရစ္ ျပည့္ေျမာက္ေစမယ့္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး အစပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးခဲ့ေပမယ့္လည္း ျပန္ရေအာင္ ယူႏိုင္ခဲ့ၿပီးေနာက္ ဂိုးညာဘက္ေထာင့္ထဲကို ပင္နယ္တီဧရိယာအစြန္ကေန ဒုံးပ်ံတစ္စင္းပစ္လႊတ္လိုက္သလို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ နာက်င္အခ်ိန္ပိုမွာ ဆာဂ်ီယို ဂိုးမက္ဇ္ရဲ႕ ဘယ္ေျခကန္ခ်က္နဲ႔ ကန္သြင္းယူမႈေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရလုနီးပါးျဖစ္ခဲ့ေသးၿပီး ဒီႏိုင္ပြဲေၾကာင့္ မန္စီးတီးဟာ တစ္ပြဲေလ်ာ့ေနတဲ့ လီဗာပူးလ္နဲ႔ ရမွတ္တူ အဆင့္ ၃ ေနရာမွာ ဆက္လက္ရပ္တည္ၿပီး ဆုဖလားၿပိဳင္ဘက္ေတြကို ဖိအားဆက္ေပးႏိုင္ခဲ့ပါတယ္။

SportsA2Z