Match Report Premier League

လူတန်ကို မူမှန်တဲ့ခြေစွမ်းနဲ့ အနိုင်ယူပြီး ဇယားထိပ်ဆုံးနေရာ ပြန်တက်လှမ်းတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက လူတန်တောင်းနဲ့ပွဲမှာ မာတင် အော်ဒီဂွါဒ်နဲ့ လူတန်ရဲ့ အုန်းဂိုးကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ပွဲချိန်အများစုကို သက်တောင့်သက်သာနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့တာဖြစ်ပြီး လူတန်တောင်းဟာ ဂန်းနားတွေရဲ့ ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ မာတင် အော်ဒီဂွါဒ်ရဲ့ ၂၄ မိနစ်မှာ သွင်းယူခဲ့တဲ့ အစောပိုင်း ဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးဆုံးခါနီးမှာ ဟာရှိုကာသွင်းယူခဲ့တဲ့ အုန်းဂိုးကြောင့် ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရပြီးတော့ ဇယားထိပ်ကို ပြန်လည်တက်လှမ်းခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ မန်စီးတီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ၅ ခု လုပ်ခဲ့ပြီး ရိစ် နယ်လ်ဆင်ဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြဿနာတွေကြောင့် စိတ်ဓာတ်ကောင်းပေမယ့် ခြေစွမ်းကောင်း မပြသနိုင်တဲ့ ဧည့်သည်အသင်းနဲ့ ပွဲမှာ အသင်းအတွက် အကျိုးသက်ရောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်မှာ အမ်ပန်ဇူဆီက ဘောလုံးရယူပြီး စမစ် ရိုးက ကိုင် ဟာဗတ်ဇ် ပေးပို့ခဲ့ရာမှာ ဂျာမန်ကြယ်ပွင့်က အဆင်နယ်အသင်းခေါင်းဆောင်ဆီ ဘောလုံး ပြန်ခင်းပေးခဲ့တာကို အော်ဒီဂွါဒ်က ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကိုတော့ စမစ် ရိုးရဲ့ ဖြတ်တင်ပေးပို့မှုကို ရိစ် နယ်လ်ဆင်ရဲ့ ဖိအားပေးမှုအောက်မှာ ရှိနေတဲ့ ဟာရှိုကာက ရှင်းထုတ်ဖို့ ကြိုးပမ်းရင်း ကိုယ့်ဂိုးထဲ ကိုယ်ပြန်သွင်းယူမိခဲ့တာဖြစ်ပါတယ်။

စမစ် ရိုးဟာ အာဆင်နယ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ အဓိကပါဝင်ပတ်သက်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှု ပြဿနာကြောင့် အာဆင်နယ် ပထမအသင်းထဲမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပေမယ့်လည်း ပါဝင်ကစားဖို့ အခွင့်အရေးရတဲ့အချိန်မှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ကြာသပတေးနေ့ညမှာ ရှက်ဖီးနဲ့ ကစားရမယ့် လီဗာပူးလ်ရဲ့ ပွဲစဉ်မတိုင်ခင် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ယာဂန် ကလော့ပ်ရဲ့အသင်းသာ သရေရလဒ်ထွက်ပေါ်ခဲ့မယ်ဆိုရင်တော့ ဇယားထိပ်ကို ဆက်လက်ဦးဆောင်ခွင့်ရမှာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက လူတန္ေတာင္းနဲ႔ပြဲမွာ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ လူတန္ရဲ႕ အုန္းဂိုးေၾကာင့္ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညမွာ ပြဲခ်ိန္အမ်ားစုကို သက္ေတာင့္သက္သာနဲ႔ ထိန္းခ်ဳပ္ကစားႏိုင္ခဲ့တာျဖစ္ၿပီး လူတန္ေတာင္းဟာ ဂန္းနားေတြရဲ႕ ဂိုးေပါက္ကို ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈမ်ိဳး မျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အမ္းမရိတ္စ္မွာ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ၂၄ မိနစ္မွာ သြင္းယူခဲ့တဲ့ အေစာပိုင္း ဦးေဆာင္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးဆုံးခါနီးမွာ ဟာရႈိကာသြင္းယူခဲ့တဲ့ အုန္းဂိုးေၾကာင့္ ၂-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရၿပီးေတာ့ ဇယားထိပ္ကို ျပန္လည္တက္လွမ္းခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာဟာ မန္စီးတီးနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ ၅ ခု လုပ္ခဲ့ၿပီး ရိစ္ နယ္လ္ဆင္ဟာ ၄ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒဏ္ရာျပႆနာေတြေၾကာင့္ စိတ္ဓာတ္ေကာင္းေပမယ့္ ေျခစြမ္းေကာင္း မျပသႏိုင္တဲ့ ဧည့္သည္အသင္းနဲ႔ ပြဲမွာ အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ အနည္းငယ္သာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္မွာ အမ္ပန္ဇူဆီက ေဘာလုံးရယူၿပီး စမစ္ ႐ိုးက ကိုင္ ဟာဗတ္ဇ္ ေပးပို႔ခဲ့ရာမွာ ဂ်ာမန္ၾကယ္ပြင့္က အဆင္နယ္အသင္းေခါင္းေဆာင္ဆီ ေဘာလုံး ျပန္ခင္းေပးခဲ့တာကို ေအာ္ဒီဂြါဒ္က ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကိုေတာ့ စမစ္ ႐ိုးရဲ႕ ျဖတ္တင္ေပးပို႔မႈကို ရိစ္ နယ္လ္ဆင္ရဲ႕ ဖိအားေပးမႈေအာက္မွာ ရွိေနတဲ့ ဟာရႈိကာက ရွင္းထုတ္ဖို႔ ႀကိဳးပမ္းရင္း ကိုယ့္ဂိုးထဲ ကိုယ္ျပန္သြင္းယူမိခဲ့တာျဖစ္ပါတယ္။

စမစ္ ႐ိုးဟာ အာဆင္နယ္ရဲ႕ သြင္းဂိုး ၂ ဂိုးစလုံးမွာ အဓိကပါဝင္ပတ္သက္ခဲ့တာျဖစ္ၿပီး ႀကံ့ခိုင္မႈ ျပႆနာေၾကာင့္ အာဆင္နယ္ ပထမအသင္းထဲမွာ ပုံမွန္ပြဲထြက္ခြင့္မရခဲ့ေပမယ့္လည္း ပါဝင္ကစားဖို႔ အခြင့္အေရးရတဲ့အခ်ိန္မွာ အေကာင္းဆုံး ပုံစံကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒီႏိုင္ပြဲေၾကာင့္ ၾကာသပေတးေန႔ညမွာ ရွက္ဖီးနဲ႔ ကစားရမယ့္ လီဗာပူးလ္ရဲ႕ ပြဲစဥ္မတိုင္ခင္ ၁ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ယာဂန္ ကေလာ့ပ္ရဲ႕အသင္းသာ သေရရလဒ္ထြက္ေပၚခဲ့မယ္ဆိုရင္ေတာ့ ဇယားထိပ္ကို ဆက္လက္ဦးေဆာင္ခြင့္ရမွာျဖစ္ပါတယ္။

SportsA2Z