Premier League

ဂါဘရီယဲလ်ကို ရိုက် ချီးမွမ်းခန်းဖွင့်ခဲ့တဲ့အကြောင်းနဲ့ ဂန်းနားခံစစ်အတွဲကို ဗီဒစ်နဲ့တုန်းကနဲ့ နှိုင်းယှဉ်ခဲ့တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က မန်စီးတီးနဲ့ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် လက်ရှိ ချန်ပီယံတွေကို ဂိုးသွင်းခွင့် ကန့်သတ်နိုင်ခဲ့တဲ့ အာဆင်နယ်ခံစစ်အတွဲကို ချီးကျူး ပြောဆိုခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲမှာ ဝီလီယံ ဆာလီဘာက ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆုရခဲ့ပေမယ့်လည်း တွဲဖက်ဖြစ်တဲ့ ဂါဘရီယဲလ်ကလည်း အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပြီး ဖာဒီနန်က အသက် ၂၆ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်က အမှားတွေပြင်ပြီး လိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ယောက်ဖြစ်လာပြီဆိုတာကို သတိပြုမိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဟိုနေ့တုန်းက ဒီကလန် ရိုက်နဲ့ တွေ့ခဲ့တဲ့အချိန်တုန်းက သူ နဲ့ စကားပြောဖြစ်တယ်။ သူက ဂါဘရီယဲလ်အကြောင်း ချီးမွမ်းခန်းဖွင့်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော် သူ့ကို ဝေဖန်ခဲ့တယ်။ ကျွန်တော် အဲဒီမှတ်ချက်အတိုင်းပဲ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် သူက သင်ခန်းစာယူနိုင်ခဲ့ပုံပေါ်ပါတယ်။ သူက ရင့်ကျက်လာတယ်။ သူက လိဂ်မှာ အကြမ်းပတမ်းအနိုင်ဆုံးဖြစ်သလို ထိန်းချုပ်နိုင်စွမ်းလည်း အခု ရှိနေပြီဖြစ်တဲ့ အကောင်းဆုံးဗဟိုခံစစ်ကစားသမားဖြစ်နေပါပြီ။ သူ့ရဲ့ ဆာလီဘာနဲ့ အတွဲကလည်း အရမ်းကောင်းတယ်။ မနှစ်တုန်းက ဆာလီဘာသာ ရာသီကုန်လောက်မှာ ကြံ့ခိုင်မှုပြည့်ဝနေရင် သူတို့ ဖလားရခဲ့နိုင်ပါတယ်။ သူ့ရဲ့ အရေးပါမှုနဲ့ အရပ်အမောင်းကောင်းမွန်မှုက အသင်းထဲမှာ ဂါဘရီယဲလ်နဲ့ အတူ ရှိနေပါတယ်။

တခြားတစ်ယောက်မပါဘဲ တစ်ယောက်တည်းကို ခင်ဗျား ကြည့်လို့ရမယ် မထင်ပါဘူး။ သူတို့တွေက အကောင်းဆုံး တွဲဘက်တွေပါ။ ဗန်ဒိုက်နဲ့ ကိုနာတီတို့လည်း နီးစပ်မှုရှိပေမယ့် ဒီ ၂ ယောက်ကတော့ အတူတူ ပိုကောင်းအောင် လုပ်နိုင်တယ်။ ကျွန်တော်တို့ နီမန်ညာ ဗီဒစ်ကို အင်တာဗျူးတုန်းက သူ တကယ်အရေးကြီးတာတစ်ခုကို ပြောခဲ့တယ်။ ခင်ဗျားက အသင်းကောင်းတစ်သင်းကို အုတ်မြစ်ချတည်ဆောက်တဲ့အခါမှာ အတူတူ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်တဲ့ ဗဟိုခံစစ်အတွဲတစ်တွဲလိုအပ်တယ်တဲ့။ အဲဒီစကားက အမှန်ပါပဲ။ ဗီဒစ်က ရီယိုမရှိရင် ဗီဒစ်မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်လည်း အဲဒီအတိုင်းပါပဲ။ ဗီဒစ်မပါဘဲလည်း ကျွန်တော် အဆင့်အတန်းတစ်ခုမှာ ထိန်းထားနိုင်မှာမဟုတ်ပါဘူး။ ဒီ၂ ယောက်ကလည်း ရှေ့လျှောက် အဲဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့တွေ ကွငး်ထဲကို ဝင်လာတဲ့အခါမှာ ဘေးချင်းကပ်၊ ပုခုံးချင်းယှဉ်ပြီး လာကြတယ်။ သူတို့နှစ်ယောက်စလုံး အေအသင်းထဲမှာ မရှိရင် အဲဒါက အေအသင်းမဟုတ်ဘူး။ သူတို့တွေ အတွဲမိနေပြီ။ ကျွန်တော် အဲဒါကို သဘောကျတယ်။ လေးစားမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

SportsA2Z

ZAWGYI:
ရီယို ဖာဒီနန္က မန္စီးတီးနဲ႔ပြဲစဥ္မွာ ဂိုးမရွိ သေရရလဒ္ထြက္ေပၚခဲ့ၿပီးေနာက္ လက္ရွိ ခ်န္ပီယံေတြကို ဂိုးသြင္းခြင့္ ကန႔္သတ္ႏိုင္ခဲ့တဲ့ အာဆင္နယ္ခံစစ္အတြဲကို ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

မန္စီးတီးနဲ႔ပြဲမွာ ဝီလီယံ ဆာလီဘာက ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားဆုရခဲ့ေပမယ့္လည္း တြဲဖက္ျဖစ္တဲ့ ဂါဘရီယဲလ္ကလည္း အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့ၿပီး ဖာဒီနန္က အသက္ ၂၆ ႏွစ္အ႐ြယ္ ဘရာဇီးလ္ၾကယ္ပြင့္က အမွားေတြျပင္ၿပီး လိဂ္ရဲ႕ အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ေယာက္ျဖစ္လာၿပီဆိုတာကို သတိျပဳမိခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဟိုေန႔တုန္းက ဒီကလန္ ႐ိုက္နဲ႔ ေတြ႕ခဲ့တဲ့အခ်ိန္တုန္းက သူ နဲ႔ စကားေျပာျဖစ္တယ္။ သူက ဂါဘရီယဲလ္အေၾကာင္း ခ်ီးမြမ္းခန္းဖြင့္ခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ကြၽန္ေတာ္ သူ႔ကို ေဝဖန္ခဲ့တယ္။ ကြၽန္ေတာ္ အဲဒီမွတ္ခ်က္အတိုင္းပဲ ရပ္တည္ခဲ့ပါတယ္။ ဒါေပမယ့္ သူက သင္ခန္းစာယူႏိုင္ခဲ့ပုံေပၚပါတယ္။ သူက ရင့္က်က္လာတယ္။ သူက လိဂ္မွာ အၾကမ္းပတမ္းအႏိုင္ဆုံးျဖစ္သလို ထိန္းခ်ဳပ္ႏိုင္စြမ္းလည္း အခု ရွိေနၿပီျဖစ္တဲ့ အေကာင္းဆုံးဗဟိုခံစစ္ကစားသမားျဖစ္ေနပါၿပီ။ သူ႔ရဲ႕ ဆာလီဘာနဲ႔ အတြဲကလည္း အရမ္းေကာင္းတယ္။ မႏွစ္တုန္းက ဆာလီဘာသာ ရာသီကုန္ေလာက္မွာ ႀကံ့ခိုင္မႈျပည့္ဝေနရင္ သူတို႔ ဖလားရခဲ့ႏိုင္ပါတယ္။ သူ႔ရဲ႕ အေရးပါမႈနဲ႔ အရပ္အေမာင္းေကာင္းမြန္မႈက အသင္းထဲမွာ ဂါဘရီယဲလ္နဲ႔ အတူ ရွိေနပါတယ္။

တျခားတစ္ေယာက္မပါဘဲ တစ္ေယာက္တည္းကို ခင္ဗ်ား ၾကည့္လို႔ရမယ္ မထင္ပါဘူး။ သူတို႔ေတြက အေကာင္းဆုံး တြဲဘက္ေတြပါ။ ဗန္ဒိုက္နဲ႔ ကိုနာတီတို႔လည္း နီးစပ္မႈရွိေပမယ့္ ဒီ ၂ ေယာက္ကေတာ့ အတူတူ ပိုေကာင္းေအာင္ လုပ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔ နီမန္ညာ ဗီဒစ္ကို အင္တာဗ်ဴးတုန္းက သူ တကယ္အေရးႀကီးတာတစ္ခုကို ေျပာခဲ့တယ္။ ခင္ဗ်ားက အသင္းေကာင္းတစ္သင္းကို အုတ္ျမစ္ခ်တည္ေဆာက္တဲ့အခါမွာ အတူတူ ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ ကစားႏိုင္တဲ့ ဗဟိုခံစစ္အတြဲတစ္တြဲလိုအပ္တယ္တဲ့။ အဲဒီစကားက အမွန္ပါပဲ။ ဗီဒစ္က ရီယိုမရွိရင္ ဗီဒစ္မျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္လည္း အဲဒီအတိုင္းပါပဲ။ ဗီဒစ္မပါဘဲလည္း ကြၽန္ေတာ္ အဆင့္အတန္းတစ္ခုမွာ ထိန္းထားႏိုင္မွာမဟုတ္ပါဘူး။ ဒီ၂ ေယာက္ကလည္း ေရွ႕ေလွ်ာက္ အဲဒီလိုပဲ ျဖစ္မယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ ကြငး္ထဲကို ဝင္လာတဲ့အခါမွာ ေဘးခ်င္းကပ္၊ ပုခုံးခ်င္းယွဥ္ၿပီး လာၾကတယ္။ သူတို႔ႏွစ္ေယာက္စလုံး ေအအသင္းထဲမွာ မရွိရင္ အဲဒါက ေအအသင္းမဟုတ္ဘူး။ သူတို႔ေတြ အတြဲမိေနၿပီ။ ကြၽန္ေတာ္ အဲဒါကို သေဘာက်တယ္။ ေလးစားမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

SportsA2Z