Match Report Premier League

မန်ယူနိုက်တက်က သူတို့ကို လိုက်မမီဘူးပြောအပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ သရေတစ်မှတ်သာရခဲ့တဲ့ စပါးစ်

ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ကတ်ဇူးမားက အင်္ဂါနေ့ညက တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဘရန်နန် ဂျွန်ဆင်ရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့ပေမယ့်လည်း နှစ်သင်းစလုံးရဲ့ ဥရောပဝင်ခွင့်အတွက် အကူအညီမဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ အနိုင်ရဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ခဲ့ကြပေမယ့်လည်း အနိုင်ဂိုးကို ရှာမတွေ့ခဲ့ကြတာဖြစ်ပြီး သရေ ၁ မှတ်စီသာ ခွဲယူခဲ့ကြရတာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်းတို့ဟာ မိုးရေရွှဲစိုနေတဲ့ လန်ဒန်ကွင်းမှာ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး ဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဥ် ၁-၁ နဲ့သာ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ဒုတိယပိုင်းတစ်ပိုင်းလုံး အနိုင်ဂိုးကို ရှာဖွေခဲ့ကြပြီး ဗန်ဒဗင်ရဲ့ ခြေချော်မှုကနေတဆင့် အန်တိုနီယိုက ဂိုးသွင်းယူဖို့ အကောင်းဆုံး အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဂိုးသမား ဗီကာရီယို တည့်တည့်ကိုသာ ကန်ခဲ့မိတာဖြစ်ပါတယ်။

ပထမပိုင်း ၅ မိနစ်မှာပဲ ဘရန်နန် ဂျွန်ဆင်က ဧည့်သည် တော့တင်ဟမ်ဟော့စပါးတို့အတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး တီမို ဗာနာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် အလွယ်တကူပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ကတ် ဇူးမားက နောက်ထပ် ၁၄ မိနစ်အကြာမှာပဲ အိမ်ရှင်တွေအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ထောင့်ကန်ဘောကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်ကျောနဲ့ ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာက အက်စတန်ဗီလာနဲ့ ရမှတ်တူညီသွားမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး အဆင့် ၆ နေရာက တစ်ပွဲလျော့နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ၉ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ ပိုစတီကိုဂလူက ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်တုန်းက အဆင့် ၃ နေရာက မန်ချက်စတာစီးတီးကို ကျော်ဖြတ်ဖို့ စိန်ခေါ်နိုင်မှာမဟုတ်သလို အဆင့် ၆ နေရာက မန်ချက်စတာယူနိုက်တက်ကလည်း ၎င်းတို့ကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ကတ္ဇူးမားက အဂၤါေန႔ညက တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာ ဘရန္နန္ ဂြၽန္ဆင္ရဲ႕ အဖြင့္ဂိုးကို ေခ်ပႏိုင္ခဲ့ေပမယ့္လည္း ႏွစ္သင္းစလုံးရဲ႕ ဥေရာပဝင္ခြင့္အတြက္ အကူအညီမျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ အႏိုင္ရဖို႔ အခြင့္အေရးေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾကေပမယ့္လည္း အႏိုင္ဂိုးကို ရွာမေတြ႕ခဲ့ၾကတာျဖစ္ၿပီး သေရ ၁ မွတ္စီသာ ခြဲယူခဲ့ၾကရတာ ျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ဝက္စ္ဟမ္းတို႔ဟာ မိုးေရ႐ႊဲစိုေနတဲ့ လန္ဒန္ကြင္းမွာ တိုက္ပြဲဝင္ခဲ့ၾကတာျဖစ္ၿပီး ေဖ်ာ္ေျဖမႈေပးစြမ္းႏိုင္ခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ ၁-၁ နဲ႔သာ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ဒုတိယပိုင္းတစ္ပိုင္းလုံး အႏိုင္ဂိုးကို ရွာေဖြခဲ့ၾကၿပီး ဗန္ဒဗင္ရဲ႕ ေျခေခ်ာ္မႈကေနတဆင့္ အန္တိုနီယိုက ဂိုးသြင္းယူဖို႔ အေကာင္းဆုံး အခြင့္အေရးကို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ဂိုးသမား ဗီကာရီယို တည့္တည့္ကိုသာ ကန္ခဲ့မိတာျဖစ္ပါတယ္။

ပထမပိုင္း ၅ မိနစ္မွာပဲ ဘရန္နန္ ဂြၽန္ဆင္က ဧည့္သည္ ေတာ့တင္ဟမ္ေဟာ့စပါးတို႔အတြက္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး တီမို ဗာနာရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ အလြယ္တကူပဲ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ကတ္ ဇူးမားက ေနာက္ထပ္ ၁၄ မိနစ္အၾကာမွာပဲ အိမ္ရွင္ေတြအတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ေထာင့္ကန္ေဘာကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေနာက္ေက်ာနဲ႔ ပိတ္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ဝက္စ္ဟမ္းနဲ႔ သေရက်ခဲ့တာေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၄ ေနရာက အက္စတန္ဗီလာနဲ႔ ရမွတ္တူညီသြားမယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရၿပီး အဆင့္ ၆ ေနရာက တစ္ပြဲေလ်ာ့ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၉ မွတ္သာ ကြာဟေတာ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ ပိုစတီကိုဂလူက ဝက္စ္ဟမ္းနဲ႔ပြဲမတိုင္ခင္တုန္းက အဆင့္ ၃ ေနရာက မန္ခ်က္စတာစီးတီးကို ေက်ာ္ျဖတ္ဖို႔ စိန္ေခၚႏိုင္မွာမဟုတ္သလို အဆင့္ ၆ ေနရာက မန္ခ်က္စတာယူႏိုက္တက္ကလည္း ၎တို႔ကို ေက်ာ္ျဖတ္ႏိုင္မွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

SportsA2Z