Premier League

တန်ဟက်ကို ပွဲ ၂ ပွဲက စွမ်းဆောင်ရည်ကြောင့် ကန်ထုတ်တော့မယ့် ရက်ကလစ်ဖ်

ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ နောက်ထပ် စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကို သဘောမကျမှုတွေ ပိုမို ကြီးထွားလာခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့က ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားကစားခဲ့တဲ့ပွဲမှာ ကံကောင်းလို့ သရေကျခဲ့တာဖြစ်ပြီး အိမ်ရှင်ပျားတွေက တစ်ပွဲလုံးကို အသာစီးရယူထားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်နဲ့ ပွဲမှာ ၁ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ထိပ်ဆုံး ၄ နေရာနဲ့ မနီးစပ်နိုင်ဖြစ်ခဲ့ပြီး အက်စတန် ဗီလာက ဝုဗ်ကို အနိုင်ရခဲ့တာကြောင့် သရဲနီတွေနဲ့ ၁၁ မှတ်အကွာ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆင့် ၅ နေရာက တော့တင်ဟမ်ဟော့စပါးကလည်း မန်ချက်စတာယူနိုက်တက်ထက် ၇ မှတ်အသာရထားပြီး မန်ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီးနောက် ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်ချင်တယ်လို့ ပြောခဲ့တဲ့ ရက်ကလစ်ဖ်အတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

Daily Telegraph ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ လွန်ခဲ့တဲ့ ၅ ပတ်က ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲကြောင့် အဲရစ် တန်ဟက်ကို အသင်းကနေ ကန်ထုတ်ချင်စိတ်ပေါက်နေပြီလို့ သိရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲက ခြေစွမ်းဟာ တော်တော်ဆိုးရွားခဲ့တဲ့အတွက် မန်ယူနိုက်တက်အနေနဲ့ ရေရှည်မှာ ဒီပုံစံနဲ့ ရပ်တည်နိုင်မှာမဟုတ်ဘူးလို့ ရက်ကလစ်ဖ်က ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး တန်ဟက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးလည်း INEOS ဥက္ကဌက မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြအနေနဲ့ ဒီရာသီကုန်ကို ချန်ပီယံလိဂ်ဝင်ခွင့်လောက်နဲ့မှ အဆုံးမသတ်နိုင်ဘူးဆိုရင်တော့ လာမယ့် နွေရာသီမှာ အသင်းကနေ ကန်ထုတ်ခံရဖို့ ကျိန်းသေသလောက် ရှိနေပြီဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ဆာဂ်င္မ္ ရက္ကလစ္ဖ္ဟာ ေနာက္ထပ္ စိတ္ပ်က္စရာ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ကို သေဘာမက်မႈေတြ ပိုမို ႀကီးထြားလာခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔က ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းကို သြားကစားခဲ့တဲ့ပြဲမွာ ကံေကာင္းလို႔ သေရက်ခဲ့တာျဖစ္ၿပီး အိမ္ရွင္ပ်ားေတြက တစ္ပြဲလုံးကို အသာစီးရယူထားႏိုင္ခဲ့သလို ဂိုးေပါက္ကန္သြင္းမႈ ၃၁ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္နဲ႔ ပြဲမွာ ၁ မွတ္သာ ရယူႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ထိပ္ဆုံး ၄ ေနရာနဲ႔ မနီးစပ္ႏိုင္ျဖစ္ခဲ့ၿပီး အက္စတန္ ဗီလာက ဝုဗ္ကို အႏိုင္ရခဲ့တာေၾကာင့္ သရဲနီေတြနဲ႔ ၁၁ မွတ္အကြာ အဆင့္ ၄ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဆင့္ ၅ ေနရာက ေတာ့တင္ဟမ္ေဟာ့စပါးကလည္း မန္ခ်က္စတာယူႏိုက္တက္ထက္ ၇ မွတ္အသာရထားၿပီး မန္ယူႏိုက္တက္ရဲ႕ ရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့ၿပီးေနာက္ ဆုဖလားအားလုံးအတြက္ တိုက္ပြဲဝင္ခ်င္တယ္လို႔ ေျပာခဲ့တဲ့ ရက္ကလစ္ဖ္အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

Daily Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ရက္ကလစ္ဖ္ဟာ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္နဲ႔ လြန္ခဲ့တဲ့ ၅ ပတ္က ဖူလ္ဟမ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲေၾကာင့္ အဲရစ္ တန္ဟက္ကို အသင္းကေန ကန္ထုတ္ခ်င္စိတ္ေပါက္ေနၿပီလို႔ သိရပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲက ေျခစြမ္းဟာ ေတာ္ေတာ္ဆိုး႐ြားခဲ့တဲ့အတြက္ မန္ယူႏိုက္တက္အေနနဲ႔ ေရရွည္မွာ ဒီပုံစံနဲ႔ ရပ္တည္ႏိုင္မွာမဟုတ္ဘူးလို႔ ရက္ကလစ္ဖ္က ပြင့္ပြင့္လင္းလင္း ေျပာဆိုခဲ့ၿပီး တန္ဟက္ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီးလည္း INEOS ဥကၠဌက မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့သူျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပအေနနဲ႔ ဒီရာသီကုန္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ေလာက္နဲ႔မွ အဆုံးမသတ္ႏိုင္ဘူးဆိုရင္ေတာ့ လာမယ့္ ေႏြရာသီမွာ အသင္းကေန ကန္ထုတ္ခံရဖို႔ က်ိန္းေသသေလာက္ ရွိေနၿပီျဖစ္ပါတယ္။

SportsA2Z