Match Report Premier League

အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြလို့ ဒိုင်စားခံလိုက်ရတဲ့ စီးတီးနဲ့ အာဆင်နယ်

တနင်္ဂနွေနေ့ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်ဟာ နှစ်ဖက်စလုံး အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်တွေက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇု ဂိုးသွင်းဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တုံ့ဆိုင်းနေခဲ့တာကြောင့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ကပဲ ပိုမိုကောင်းမွန်တဲ့ ကစားပုံနဲ့ ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ရဲ့ မာကျောတဲ့ခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပြီး ၈၆ မိနစ်မှာ ထရော့ဆာ့ဒ် အခွင့်အရေးကောင်းရခဲ့ပေမယ့်လည်း မန်စီးတီးနောက်ခံလူတွေ ထောင့်စေ့အောင် ပိတ်ဆို့ထားတာကြောင့် ဘယ်ခြေနဲ့ ကြုံသလို ကန်ခဲ့ရပြီး အော်တေဂါက အလွယ်တကူပဲ ကာကွယ်နိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ ဂိုးမရှိ သရေကျခဲ့တာကြောင့် အကြီးကြီး အမြတ်ထွက်သွားတာကတော့ အစောပိုင်းမှာ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ် ဖြစ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ်နဲ့ ၂ မှတ်အကွာ၊ မန်စီးတီးနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
တနဂၤေႏြေန႔ည ၁၀ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ရဲ႕ပြဲစဥ္ဟာ ႏွစ္ဖက္စလုံး အပိုင္အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ ဂိုးမရွိသေရနဲ႔သာ ၿပီးဆုံးသြားခဲ့ပါတယ္။

ပထမပိုင္းမွာ အိမ္ရွင္ေတြက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္လည္း ဂိုးေပါက္ၿခိမ္းေျခာက္မႈ အနည္းငယ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး အာဆင္နယ္တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်းဇု ဂိုးသြင္းဖို႔ အခြင့္အေရးေကာင္းေတြ ပိုင္ဆိုင္ခဲ့ေပမယ့္လည္း အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ တုံ႔ဆိုင္းေနခဲ့တာေၾကာင့္ ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း မန္စီးတီးတို႔ကပဲ ပိုမိုေကာင္းမြန္တဲ့ ကစားပုံနဲ႔ ဖိအားေပးႏိုင္ခဲ့ေပမယ့္လည္း အာဆင္နယ္ရဲ႕ မာေက်ာတဲ့ခံစစ္ကို ထိုးေဖာက္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ၈၆ မိနစ္မွာ ထေရာ့ဆာ့ဒ္ အခြင့္အေရးေကာင္းရခဲ့ေပမယ့္လည္း မန္စီးတီးေနာက္ခံလူေတြ ေထာင့္ေစ့ေအာင္ ပိတ္ဆို႔ထားတာေၾကာင့္ ဘယ္ေျခနဲ႔ ႀကဳံသလို ကန္ခဲ့ရၿပီး ေအာ္ေတဂါက အလြယ္တကူပဲ ကာကြယ္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးနဲ႔ အာဆင္နယ္တို႔ ဂိုးမရွိ သေရက်ခဲ့တာေၾကာင့္ အႀကီးႀကီး အျမတ္ထြက္သြားတာကေတာ့ အေစာပိုင္းမွာ ဘ႐ိုက္တန္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ လီဗာပူးလ္ ျဖစ္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ အာဆင္နယ္နဲ႔ ၂ မွတ္အကြာ၊ မန္စီးတီးနဲ႔ ၃ မွတ္အကြာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

SportsA2Z