Premier League

၂၂.၂.၂၀၂၀ အတြက္ တစ္ေန႔တာ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ေႏြရာသီအုိလံပစ္ၿပဳိင္ပြဲကို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားေနမွဳအတြက္ မိုဟာမက္ ဆာလားကို လီဗာပူးလ္အသင္းအေနနဲ႔ မျဖစ္မေန ေစလႊတ္ေပးရဖြယ္ရွိေနၿပီး ဇူလိုင္လ ၂၂ ရက္ေန႔ကေန ၾသဂုတ္လ ၈ ရက္ေန႔အထိ ဆုံးရွဳံးရဖြယ္ရွိေန။

– လီဗာပူးလ္အသင္းရဲ႕ ေရွ႕တန္းတုိက္စစ္အတြဲဟာ ခုိင္မာၿပီး ဖ်က္လို႔ မလြယ္တဲ့ အထိုင္တစ္ရပ္လည္းျဖစ္ေနတဲ့ ဖာမီႏုိ၊ ဆာလား၊ မာေနးတုိ႔ၾကားမွာ တီမို ဗာနာအေနနဲ႔ ေနရာရဖို႔ မလြယ္လို႔ မန္ယူနဲ႔ ခ်ဲလ္ဆီးတုိ႔ကိုသာ ေရြးခ်ယ္သင့္ေၾကာင္း ကြင္းလယ္လူေဟာင္း ဒိုင္ယက္မာ ဟာမန္းတုိက္တြန္း။

– အက္သလက္တီကို မက္ဒရစ္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ တံေကာက္ေၾကာဒဏ္ရာဟာ အနည္းငယ္ ျပင္းထန္မွဳရွိခဲ့တာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ေတြကို သုံးပတ္အထိ လြဲေခ်ာ္ႏိုင္တယ္လုိ႔ ဆုိၿပီး ဝက္စ္ဟမ္းနဲ႔ပြဲကစလု႔ိ ပါဝင္ႏိုင္မွာ မဟုတ္ေၾကာင္း သိရ။

– တူရကီေျမမွာ အငွားသြားေရာက္ကစားေနတဲ့ လိုရစ္ ကားရီးယပ္စ္အေနနဲ႔ ဘက္ရွီးတပ္စ္အသင္းကို အၿပီးသတ္ေျပာင္းေရႊ႕ေတာ့မယ္ဆုိတာ မဟုတ္ေၾကာင္းနဲ႔ ေႏြရာသီမွာ လီဗာပူးလ္ကို ျပန္လာၿပီး တျခားစိန္ေခၚမွဳေတြကို ရင္ဆုိင္ဖို႔ ႀကဳိးစားဖြယ္ရွိတယ္လို႔ အသလက္တစ္သတင္းဌာန ေဖာ္ျပ။

– ဂ်က္ခ္ ဂရီးလစ္ရွ္အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အစား လီဗာပူးလ္ကို ေရြးခ်ယ္ဖြယ္ရွိေနၿပီး ယာဂန္ ကေလာ့ပ္ရဲ႕ ကြင္းလယ္မွာ လိုအပ္ေနဆဲျဖစ္တဲ့ အပိုင္းအစတစ္ခုအေနနဲ႔ ေရာက္ရွိလာႏုိင္ေၾကာင္း ကၽြမ္းက်င္သူေတြ သုံးသပ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ နွေရာသီအိုလံပစ်ပြိုင်ပွဲကို မျှော်လင့်ချက်ကြီးကြီးထားနေမှုအတွက် မိုဟာမက် ဆာလားကို လီဗာပူးလ်အသင်းအနေနဲ့ မဖြစ်မနေ စေလွှတ်ပေးရဖွယ်ရှိနေပြီး ဇူလိုင်လ ၂၂ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အထိ ဆုံးရှုံးရဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းရဲ့ ရှေ့တန်းတိုက်စစ်အတွဲဟာ ခိုင်မာပြီး ဖျက်လို့ မလွယ်တဲ့ အထိုင်တစ်ရပ်လည်းဖြစ်နေတဲ့ ဖာမီနို၊ ဆာလား၊ မာနေးတို့ကြားမှာ တီမို ဗာနာအနေနဲ့ နေရာရဖို့ မလွယ်လို့ မန်ယူနဲ့ ချဲလ်ဆီးတို့ကိုသာ ရွေးချယ်သင့်ကြောင်း ကွင်းလယ်လူဟောင်း ဒိုင်ယက်မာ ဟာမန်းတိုက်တွန်း။

– အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ တံကောက်ကြောဒဏ်ရာဟာ အနည်းငယ် ပြင်းထန်မှုရှိခဲ့တာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို သုံးပတ်အထိ လွဲချော်နိုင်တယ်လို့ ဆိုပြီး ဝက်စ်ဟမ်းနဲ့ပွဲကစလု့ိ ပါဝင်နိုင်မှာ မဟုတ်ကြောင်း သိရ။

– တူရကီမြေမှာ အငှားသွားရောက်ကစားနေတဲ့ လိုရစ် ကားရီးယပ်စ်အနေနဲ့ ဘက်ရှီးတပ်စ်အသင်းကို အပြီးသတ်ပြောင်းရွှေ့တော့မယ်ဆိုတာ မဟုတ်ကြောင်းနဲ့ နွေရာသီမှာ လီဗာပူးလ်ကို ပြန်လာပြီး တခြားစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကြိုးစားဖွယ်ရှိတယ်လို့ အသလက်တစ်သတင်းဌာန ဖော်ပြ။

– ဂျက်ခ် ဂရီးလစ်ရှ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အစား လီဗာပူးလ်ကို ရွေးချယ်ဖွယ်ရှိနေပြီး ယာဂန် ကလော့ပ်ရဲ့ ကွင်းလယ်မှာ လိုအပ်နေဆဲဖြစ်တဲ့ အပိုင်းအစတစ်ခုအနေနဲ့ ရောက်ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.