Premier League

၂၂.၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ားစုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ၿပီးခဲ့တဲ့ ယူ႐ိုပါလိဂ္ အက္စပန္ညဳိနဲ႔ ပြဲစဥ္မွာ ေျခစြမ္းျပၿပီး ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ဝုလ္ဗာဟမ့္ပ္တန္ဝမ္းဒါးရားစ္ ေရွ႕တန္းလူ ဒီယိုဂို ဂ်ဳိတာကို ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းစဥ္းစားေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကို သြားကစားဖို႔ဟာ သူ႕ရဲ႕အစ္ကိုႀကီးလိုျဖစ္တဲ့ အုိဒီယြန္ အီဂါလိုတစ္ေယာက္ အျမဲတမ္းစိတ္ကူးယဥ္ အိပ္မက္မက္ခဲ့ရတဲ့ ကိစၥျဖစ္ၿပီး လက္ေတြ႕ျဖစ္လာလုိ႔ ဝမ္းေျမာက္မိေၾကာင္း ဝတ္ဖို႔ဒ္တိုက္စစ္မွဴး အုိက္ဆက္ ဆပ္ဆက္စ္ ေျပာၾကား။

– ႐ိုးမားအသင္းကို သြားေရာက္ၿပီး အငွားနဲ႔ ကစားေနတဲ့ ေနာက္ခံလူ ခရစၥ စေမာလင္း ေမြးျမဴထားတဲ့ ေခြးဟာ အဆိပ္မိၿပီး ေသဆုံးသြားတယ္လို႔ သံသယျဖစ္စရာေတြ ရွိေနတာေၾကာင့္ ေၾကကြဲဝမ္းနည္းေနေၾကာင္း သိရ။

– လီဗာပူးလ္ရဲ႕ ေရွ႕တန္းတုိက္စစ္သုံးေယာက္အတြဲကို အထိုင္ခ်တည္ေဆာက္ထားခဲ့တာ အခ်ိန္ကာလတစ္ခု ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး တျခားတစ္ေယာက္အေနနဲ႔ ဝင္လာဖို႔ မလြယ္ကူတာေၾကာင့္ တီမို ဗာနာအေနနဲ႔ RB လိုက္ပ္ဇစ္က ထြက္ခြာရင္ မန္ယူနဲ႔ ခ်ဲလ္ဆီးတစ္သင္းကို ေရြးခ်ယ္ဖို႔ ဒိုင္ယက္မာ ဟာမန္း အႀကံေပး။

– မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းေရႊ႕ျဖစ္ခဲ့တာဟာ သူေလးစားအားက်ခဲ့ရတဲ့ တုိက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေျခလွမ္းေတြအတိုင္း လုိက္ခဲ့တာျဖစ္ၿပီး ဒီလိုမ်ဳိးလုပ္ေဆာင္ႏုိင္ခဲ့လို႔ ဂုဏ္ယူမိၿပီး အုိးလ္ထရက္ဖို႔ဒ္မွာ ေအာင္ျမင္ဖို႔ ဘ႐ူႏို ဖာနန္ဒက္စ္ ယုံၾကည္ေန။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ပြီးခဲ့တဲ့ ယူရိုပါလိဂ် အက်စပန်ညိုနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဝုလ်ဗာဟမ့်ပ်တန်ဝမ်းဒါးရားစ် ရှေ့တန်းလူ ဒီယိုဂို ဂျိုတာကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းစဉ်းစားနေ။

– မန်ချက်စတာယူနိုက်တက်အသင်းကို သွားကစားဖို့ဟာ သူ့ရဲ့အစ်ကိုကြီးလိုဖြစ်တဲ့ အိုဒီယွန် အီဂါလိုတစ်ယောက် အမြဲတမ်းစိတ်ကူးယဉ် အိပ်မက်မက်ခဲ့ရတဲ့ ကိစ္စဖြစ်ပြီး လက်တွေ့ဖြစ်လာလို့ ဝမ်းမြောက်မိကြောင်း ဝတ်ဖို့ဒ်တိုက်စစ်မှူး အိုက်ဆက် ဆပ်ဆက်စ် ပြောကြား။

– ရိုးမားအသင်းကို သွားရောက်ပြီး အငှားနဲ့ ကစားနေတဲ့ နောက်ခံလူ ခရစ္စ စမောလင်း မွေးမြူထားတဲ့ ခွေးဟာ အဆိပ်မိပြီး သေဆုံးသွားတယ်လို့ သံသယဖြစ်စရာတွေ ရှိနေတာကြောင့် ကြေကွဲဝမ်းနည်းနေကြောင်း သိရ။

– လီဗာပူးလ်ရဲ့ ရှေ့တန်းတိုက်စစ်သုံးယောက်အတွဲကို အထိုင်ချတည်ဆောက်ထားခဲ့တာ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ပြီး တခြားတစ်ယောက်အနေနဲ့ ဝင်လာဖို့ မလွယ်ကူတာကြောင့် တီမို ဗာနာအနေနဲ့ RB လိုက်ပ်ဇစ်က ထွက်ခွာရင် မန်ယူနဲ့ ချဲလ်ဆီးတစ်သင်းကို ရွေးချယ်ဖို့ ဒိုင်ယက်မာ ဟာမန်း အကြံပေး။

– မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ခဲ့တာဟာ သူလေးစားအားကျခဲ့ရတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခြေလှမ်းတွေအတိုင်း လိုက်ခဲ့တာဖြစ်ပြီး ဒီလိုမျိုးလုပ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိပြီး အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်ဖို့ ဘရူနို ဖာနန်ဒက်စ် ယုံကြည်နေ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.