Premier League

၂၂.၂.၂၀၂၀ တစ္ေန႔တာ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တုိ႔ရဲ႕ လန္ဒန္ဒါဘီမွာ အိမ္ရွင္အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ႕ ေျခေထာက္ကို အႏၲရာယ္မ်ားတဲ့ အေနအထားက ျဖတ္နင္းခဲ့တဲ့ စပါးစ္ကြင္းလယ္လူ လိုဆဲလ္ဆိုရဲ႕ လုပ္ရပ္ကို အနီကတ္မျပခဲ့တာအတြက္ နည္းျပ ဖရန္႔ လမ္းပတ္က စိတ္ပ်က္ေၾကာင္း ဆုိခဲ့သလို အီယန္႐ိုက္နဲ႔ ဖာဘရီဂက္စ္တို႔ကလည္း အနီကတ္လို႔ တြစ္တာမွာ ေဝဖန္။

– ဒီတစ္ပတ္ ခ်ဲလ္ဆီး Vs စပါးစ္ လန္ဒန္ဒါဘီမွာ ျဖစ္ပြားခဲ့တဲ့ ပြဲခ်ိန္ ၅၂ မိနစ္မွာ ျဖစ္ပြားခဲ့တဲ့ လိုဆဲလ္ဆိုရဲ႕ ျပစ္ဒဏ္က်ဴးလြန္မွဳဟာ အက္ဇ္ပီလီေကြတာကို ေျခေထာက္က်ဳိးသြားေစႏုိင္တယ္လုိ႔ အားလုံးက သေဘာတူညီစြာ ေဝဖန္ခဲ့ၾကၿပီး ကြင္းေဘးေမာ္နီတာကိုေတာင္ မၾကည့္ဘဲ အဝါေတာင္မျပခဲ့တဲ့ ဒိုင္လူႀကီး မုိက္ကယ္ အုိလီဗာကို ဝိုင္းဝန္းျပစ္တင္ေနၾက။

– ဒီေန႔ပြဲမွာ အဖြင့္ဂိုးသြင္းယူခဲ့တဲ့ တိုက္စစ္မွဴး အုိလီဗီးေယး ဂ်ီ႐ူးဟာ ခ်ဲလ္ဆီးအသင္းအတြက္ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို ရရွိခဲ့တာျဖစ္ၿပီး ေနာက္ဆုံးပြဲထြက္ခဲ့တဲ့ ၁၄ ပြဲမွာ ၁၄ ဂိုးပါဝင္ပတ္သက္ခဲ့ (၁၀ ဂိုးသြင္း၊ ၄ ဂိုး ဖန္တီး)

– ဟိုေဆး ေမာ္ရင္ဟိုရဲ႕ စပါးစ္အသင္းအေပၚ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႏုိင္ပြဲရယူႏုိင္ခဲ့ျခင္းဟာ နည္းျပ ဖရန္႔ လမ္းပတ္ကို ခ်ီးက်ဴးရမယ့္ ထိပ္တန္းအဆင့္ နည္းဗ်ဴဟာကို ခ်မွတ္ႏိုင္ခဲ့ျခင္းက အေရးပါခဲ့တယ္လို႔ မုိက္ကယ္ အိုဝင္ခ်ီးက်ဴး။

– သုံးလနီးပါးအတြင္း အသင္းအတြက္ ပထမဆုံးျပန္လည္ပြဲထြက္ခဲ့ၿပီး အႏိုင္ဂိုးတစ္ဂိုး သြင္းယူေပးႏုိင္ခဲ့တဲ့ အိုလီဗီးေယး ဂ်ီ႐ူးဟာ ေနရာေပးရင္ေပးသေလာက္ ဂိုးေတြ သြင္းယူႏုိင္မယ့္သူမ်ဳိးျဖစ္ၿပီး လက္ရွိမွာ ကစားခြင့္ေပးတာ နည္းလြန္းေနတယ္လို႔ ပီတာ ခေရာက္ခ်္ ေဝဖန္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ လန်ဒန်ဒါဘီမှာ အိမ်ရှင်အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ ခြေထောက်ကို အန္တရာယ်များတဲ့ အနေအထားက ဖြတ်နင်းခဲ့တဲ့ စပါးစ်ကွင်းလယ်လူ လိုဆဲလ်ဆိုရဲ့ လုပ်ရပ်ကို အနီကတ်မပြခဲ့တာအတွက် နည်းပြ ဖရန့် လမ်းပတ်က စိတ်ပျက်ကြောင်း ဆိုခဲ့သလို အီယန်ရိုက်နဲ့ ဖာဘရီဂက်စ်တို့ကလည်း အနီကတ်လို့ တွစ်တာမှာ ဝေဖန်။

– ဒီတစ်ပတ် ချဲလ်ဆီး Vs စပါးစ် လန်ဒန်ဒါဘီမှာ ဖြစ်ပွားခဲ့တဲ့ ပွဲချိန် ၅၂ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ လိုဆဲလ်ဆိုရဲ့ ပြစ်ဒဏ်ကျူးလွန်မှုဟာ အက်ဇ်ပီလီကွေတာကို ခြေထောက်ကျိုးသွားစေနိုင်တယ်လို့ အားလုံးက သဘောတူညီစွာ ဝေဖန်ခဲ့ကြပြီး ကွင်းဘေးမော်နီတာကိုတောင် မကြည့်ဘဲ အဝါတောင်မပြခဲ့တဲ့ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာကို ဝိုင်းဝန်းပြစ်တင်နေကြ။

– ဒီနေ့ပွဲမှာ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးဟာ ချဲလ်ဆီးအသင်းအတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲထွက်ခဲ့တဲ့ ၁၄ ပွဲမှာ ၁၄ ဂိုးပါဝင်ပတ်သက်ခဲ့ (၁၀ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီး)

– ဟိုဆေး မော်ရင်ဟိုရဲ့ စပါးစ်အသင်းအပေါ် ချဲလ်ဆီးအသင်းအနေနဲ့ နိုင်ပွဲရယူနိုင်ခဲ့ခြင်းဟာ နည်းပြ ဖရန့် လမ်းပတ်ကို ချီးကျူးရမယ့် ထိပ်တန်းအဆင့် နည်းဗျူဟာကို ချမှတ်နိုင်ခဲ့ခြင်းက အရေးပါခဲ့တယ်လို့ မိုက်ကယ် အိုဝင်ချီးကျူး။

– သုံးလနီးပါးအတွင်း အသင်းအတွက် ပထမဆုံးပြန်လည်ပွဲထွက်ခဲ့ပြီး အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အိုလီဗီးယေး ဂျီရူးဟာ နေရာပေးရင်ပေးသလောက် ဂိုးတွေ သွင်းယူနိုင်မယ့်သူမျိုးဖြစ်ပြီး လက်ရှိမှာ ကစားခွင့်ပေးတာ နည်းလွန်းနေတယ်လို့ ပီတာ ခရောက်ချ် ဝေဖန်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.