Match Report Premier League

ဘရိုက်တန်ကို နောက်ကနေ ဂိုးတွေ လိုက်သွင်းပြီး ဇယားထိပ်ကို တက်လှမ်းခဲ့တဲ့ လီဗာပူးလ်

ဒီနေ့ည ၇ နာရီ ၃၀ မိနစ်မှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်တွေဟာ ပထမပိုင်းစစချင်းမှာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမယ့်လည်း ဒီယက်ဇ်နဲ့ ဆာလားတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်း စတယ်ဆိုရင်ပဲ လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှု ပျက်သွားရာကနေ အေဒင်ဂရာက လီဗာပူးလ်ဂိုးဘက်ခြမ်းကို ဆွဲပြေးပြီးနောက် ပင်နယ်တီဧရိယာထဲကို ပေးပို့ခဲ့ရာမှာ ဝဲလ်ဘက်က အမှားအယွင်းမရှိ အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် လီဗာပူးလ်ကပဲ တစ်ဖက်သတ် ဖိအားပေးတိုက်စစ်ဆင်နေခဲ့ပြီး ၂၇ မိနစ်မှာတော့ အိမ်ရှင်တို့အတွက် လိုအပ်နေတဲ့ ချေပဂိုးကို လူးဝစ္စ ဒီယက်ဇ်က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဘရိုက်တန်နောက်တန်းက ရှင်းထုတ်ပုံ မသေသပ်ခဲ့တာကြောင့် မိုဟာမက် ဆာလားက အန္တရာယ်ရှိတဲ့ နေရာထဲကို ခေါင်းတိုက် ပြန်ချပေးခဲ့ရာမှာ ဗဲ့တ်မန်းက ထပ်မံရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့ပြီး မထင်မှတ်ဘဲ ဒီယက်ဇ်ဆီ တန်းတန်းမတ်မတ် ရောက်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီး ၃၇ မိနစ်မှာ ဒါဝင် နူးညက်ဇ်က အကွက်ဆန်းနဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပြီး ခေါင်းတိုက်ချက် ပိတ်ဆို့ခံခဲ့ရပြီးနောက် မြက်ခင်းပေါ်လဲကျနေရာကနေ ပြန်ထွက်လာတဲ့ ဘောလုံး ခြေထောက်နဲ့ လွှဲကန်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဗာဘရပ်ဂျန်ရဲ့ ဘယ်ခြေနဲ့ထိပြီး ဂိုးပေါက်ဘေးဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးလ်က ပွဲကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၆၅ မိနစ်မှာ လီဗာပူးလ်အတွက် အနိုင်ဂိုးဖြစ်လာမယ့် ဦးဆောင်ဂိုးကို ဆာလားက သွင်းယူပေးသွားခဲ့ပါတယ်။  ဆဘော့ဇ်ဆလိုင်း ပေးလိုက်တဲ့ ဘောလုံးကို မက္ကယ်လစ္စတာက အလွန်ကောင်းမွန်တဲ့ ပုံစံနဲ့ ထိန်းပြီး ဆာလားကို ပေးပို့ခဲ့ရာမှာ အီဂျစ်တိုက်စစ်မှူးက အလွန်ကောင်းမွန်တဲ့ ဘယ်ခြေကန်ချက်နဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

၇၁ မိနစ်မှာ လီဗာပူးလ်တို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရခဲ့ပြီထင်ခဲ့ပေမယ့်လည်း လူးဝစ္စ ဒီယက်ဇ်ရဲ့ သွင်းဂိုးက လူကျွံဘောအဖြစ် VAR က ဆုံးဖြတ်ခဲ့တာကြောင့် ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ပွဲပြီးဆုံးခါနီးမှာ နောက်ထပ် အပိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဘရိုက်တန်ဂိုးသမား ဗာဘရပ်ဂျန်က မယုံနိုင်စရာကောင်းလောက်အောင် လက်စွမ်းပြ ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ ညာတောင်ပံကနေ သေသပ်တဲ့ တိုက်စစ်ဆင်မှုကနေတဆင့် ဆာလားက ဘရိုက်တန် ပင်နယ်တီဧရိယာထဲမှာ ဘောလုံးရခဲ့ပြီးနောက် ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းခဲ့ပေမယ့်လည်း ဗာဘရပ်ဂျန်က ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဘရိုက်တန်ကို အန်းဖီးမှာ အနိုင်ရခဲ့တာကြောင့် တနင်္ဂနွေနေ့ညနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ယာယီရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး ဆုဖလားပြိုင်ဘက် ၂ သင်းသာ သရေကျခဲ့ရင် အဆင့် ၁ မှာ ဆက်လက်ရပ်တည်သွားနိုင်မှာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ဒီေန႔ည ၇ နာရီ ၃၀ မိနစ္မွာ ကစားခဲ့တဲ့ လီဗာပူးလ္နဲ႔ ဘ႐ိုက္တန္တို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ေတြဟာ ပထမပိုင္းစစခ်င္းမွာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရေပမယ့္လည္း ဒီယက္ဇ္နဲ႔ ဆာလားတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပထမပိုင္း စတယ္ဆိုရင္ပဲ လီဗာပူးလ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ပ်က္သြားရာကေန ေအဒင္ဂရာက လီဗာပူးလ္ဂိုးဘက္ျခမ္းကို ဆြဲေျပးၿပီးေနာက္ ပင္နယ္တီဧရိယာထဲကို ေပးပို႔ခဲ့ရာမွာ ဝဲလ္ဘက္က အမွားအယြင္းမရွိ အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဦးေဆာင္ဂိုးေပးခဲ့ရၿပီးေနာက္ လီဗာပူးလ္ကပဲ တစ္ဖက္သတ္ ဖိအားေပးတိုက္စစ္ဆင္ေနခဲ့ၿပီး ၂၇ မိနစ္မွာေတာ့ အိမ္ရွင္တို႔အတြက္ လိုအပ္ေနတဲ့ ေခ်ပဂိုးကို လူးဝစၥ ဒီယက္ဇ္က သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ေထာင့္ကန္ေဘာကေန ျဖတ္တင္လိုက္တဲ့ ေဘာလုံးကို ဘ႐ိုက္တန္ေနာက္တန္းက ရွင္းထုတ္ပုံ မေသသပ္ခဲ့တာေၾကာင့္ မိုဟာမက္ ဆာလားက အႏၲရာယ္ရွိတဲ့ ေနရာထဲကို ေခါင္းတိုက္ ျပန္ခ်ေပးခဲ့ရာမွာ ဗဲ့တ္မန္းက ထပ္မံရွင္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး မထင္မွတ္ဘဲ ဒီယက္ဇ္ဆီ တန္းတန္းမတ္မတ္ ေရာက္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီး ၃၇ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္က အကြက္ဆန္းနဲ႔ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ၿပီး ေခါင္းတိုက္ခ်က္ ပိတ္ဆို႔ခံခဲ့ရၿပီးေနာက္ ျမက္ခင္းေပၚလဲက်ေနရာကေန ျပန္ထြက္လာတဲ့ ေဘာလုံး ေျခေထာက္နဲ႔ လႊဲကန္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဗာဘရပ္ဂ်န္ရဲ႕ ဘယ္ေျခနဲ႔ထိၿပီး ဂိုးေပါက္ေဘးဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ လီဗာပူးလ္က ပြဲကို လုံးဝ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ၆၅ မိနစ္မွာ လီဗာပူးလ္အတြက္ အႏိုင္ဂိုးျဖစ္လာမယ့္ ဦးေဆာင္ဂိုးကို ဆာလားက သြင္းယူေပးသြားခဲ့ပါတယ္။  ဆေဘာ့ဇ္ဆလိုင္း ေပးလိုက္တဲ့ ေဘာလုံးကို မကၠယ္လစၥတာက အလြန္ေကာင္းမြန္တဲ့ ပုံစံနဲ႔ ထိန္းၿပီး ဆာလားကို ေပးပို႔ခဲ့ရာမွာ အီဂ်စ္တိုက္စစ္မႉးက အလြန္ေကာင္းမြန္တဲ့ ဘယ္ေျခကန္ခ်က္နဲ႔ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

၇၁ မိနစ္မွာ လီဗာပူးလ္တို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္ရခဲ့ၿပီထင္ခဲ့ေပမယ့္လည္း လူးဝစၥ ဒီယက္ဇ္ရဲ႕ သြင္းဂိုးက လူကြၽံေဘာအျဖစ္ VAR က ဆုံးျဖတ္ခဲ့တာေၾကာင့္ ျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ပြဲၿပီးဆုံးခါနီးမွာ ေနာက္ထပ္ အပိုင္ဂိုးသြင္းခြင့္ရခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ဘ႐ိုက္တန္ဂိုးသမား ဗာဘရပ္ဂ်န္က မယုံႏိုင္စရာေကာင္းေလာက္ေအာင္ လက္စြမ္းျပ ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ရဲ႕ ညာေတာင္ပံကေန ေသသပ္တဲ့ တိုက္စစ္ဆင္မႈကေနတဆင့္ ဆာလားက ဘ႐ိုက္တန္ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးရခဲ့ၿပီးေနာက္ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းခဲ့ေပမယ့္လည္း ဗာဘရပ္ဂ်န္က ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ဘ႐ိုက္တန္ကို အန္းဖီးမွာ အႏိုင္ရခဲ့တာေၾကာင့္ တနဂၤေႏြေန႔ညေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ပြဲမတိုင္ခင္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ယာယီရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ဆုဖလားၿပိဳင္ဘက္ ၂ သင္းသာ သေရက်ခဲ့ရင္ အဆင့္ ၁ မွာ ဆက္လက္ရပ္တည္သြားႏိုင္မွာျဖစ္ပါတယ္။

SportsA2Z