Match Report Premier League

ဝုဗ်ကို အနိုင်ယူပြီး ထိပ်ဆုံး ၄ နေရာထဲမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တဲ့ အက်စတန် ဗီလာ

အက်စတန် ဗီလာဟာ စနေနေ့ညက ဝုဗ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဆင့် ၅ နေရာက စပါးစ်နဲ့ ၃ မှတ်အကွာ ထိပ်ဆုံး ၄ နေရာထဲမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

စပါးစ်က လူတန်ကို စနေနေ့ အစောပိုင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အက်စတန် ဗီလာရဲ့ အထက်မှာ ခဏတာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း အူနိုင်း အမ်မရီရဲ့အသင်းက ဝုဗ်နဲ့ပွဲမှာ အကောင်းဆုံးပုံစံရှိမနေတာတောင်မှပဲ နိုင်ပွဲ ရယူနိုင်ခဲ့လို့ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

၃၆ မိနစ်မှာ မူဆာ ဒီယာဘီရဲ့ ပင်နယ်တီဧရိယာအစွန်က မိုးကြိုးသွားလို ပြင်းထန်တဲ့ ကန်ချက်ဟာ ဝုဗ် နောက်ခံလူတွေနဲ့ ဂျိုဆေး ဆားတို့ကြားကနေ ဖောက်ထွက်ပြီး ဂိုးပိုက်ထဲကို ဝင်သွားခဲ့လို့ အက်စတန် ဗီလာတို့ အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာနောက်ခံလူ ခွန်ဆာက ဗီလာပါ့ခ်မှာ အနိုင် ၃ မှတ်သေချာစေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို ၆၅ မိနစ်မှာ ဒီယာဘီရဲ့ ပေးပို့မှုကနေတဆင့် ညာတောင်ပံကနေ ဖြတ်တင်ခဲ့ရာမှာ ဂိုးပေါက်ထဲကို ဝင်သွားခဲ့ပြီး ဝုဗ်နောက်ခံလူ ရှင်းထုတ်ခဲ့ပေမယ့်လည်း ဂိုးစည်းကျော်သွားခဲ့ပြီးဖြစ်တာကြောင့် ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် နောက်ခံကစာသးမားဟာ ပြီးခဲ့တဲ့အပတ်ကမှ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ပထမဆုံးအကြိမ် လက်ရွေးစင်အသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ခွန်ဆာအတွက်တော့ ဒီသွင်းဂိုးဟာ ဒီရာသီ ပထမဆုံး သွင်းဂိုး ဖြစ်ခဲ့ပြီး ဂျွန် ဒူရန်ဆီကို ဖြတ်တင်ပေးပို့ခဲ့တာဖြစ်ပေမယ့် ဂိုးထဲ ဝင်သွားခဲ့တာဖြစ်တယ်လို့ ပွဲအပြီးမှာ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ အဆင့် ၄ နေရာက အက်စတန် ဗီလာထက် ၁ ပွဲလျော့ ၃ မှတ်အကွာကနေ ဆက်လက် ဖိအားပေးနေဆဲဖြစ်ပြီး တကယ်လို့ အူနိုင်း အမ်မရီရဲ့အသင်းသာ အဆင့် ၅ နေရာကို ဆင်းရမယ်ဆိုရင်တောင် လာမယ့်နှစ်မှာ ပြောင်းလဲကျင်းပမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံကြောင့် ဝင်ခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
အက္စတန္ ဗီလာဟာ စေနေန႔ညက ဝုဗ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး အဆင့္ ၅ ေနရာက စပါးစ္နဲ႔ ၃ မွတ္အကြာ ထိပ္ဆုံး ၄ ေနရာထဲမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

စပါးစ္က လူတန္ကို စေနေန႔ အေစာပိုင္းမွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အက္စတန္ ဗီလာရဲ႕ အထက္မွာ ခဏတာ ရပ္တည္ႏိုင္ခဲ့ေပမယ့္လည္း အူႏိုင္း အမ္မရီရဲ႕အသင္းက ဝုဗ္နဲ႔ပြဲမွာ အေကာင္းဆုံးပုံစံရွိမေနတာေတာင္မွပဲ ႏိုင္ပြဲ ရယူႏိုင္ခဲ့လို႔ အဆင့္ ၄ ေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၃၆ မိနစ္မွာ မူဆာ ဒီယာဘီရဲ႕ ပင္နယ္တီဧရိယာအစြန္က မိုးႀကိဳးသြားလို ျပင္းထန္တဲ့ ကန္ခ်က္ဟာ ဝုဗ္ ေနာက္ခံလူေတြနဲ႔ ဂ်ိဳေဆး ဆားတို႔ၾကားကေန ေဖာက္ထြက္ၿပီး ဂိုးပိုက္ထဲကို ဝင္သြားခဲ့လို႔ အက္စတန္ ဗီလာတို႔ အဖြင့္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာေနာက္ခံလူ ခြန္ဆာက ဗီလာပါ့ခ္မွာ အႏိုင္ ၃ မွတ္ေသခ်ာေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို ၆၅ မိနစ္မွာ ဒီယာဘီရဲ႕ ေပးပို႔မႈကေနတဆင့္ ညာေတာင္ပံကေန ျဖတ္တင္ခဲ့ရာမွာ ဂိုးေပါက္ထဲကို ဝင္သြားခဲ့ၿပီး ဝုဗ္ေနာက္ခံလူ ရွင္းထုတ္ခဲ့ေပမယ့္လည္း ဂိုးစည္းေက်ာ္သြားခဲ့ၿပီးျဖစ္တာေၾကာင့္ ဂိုးရရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေနာက္ခံကစာသးမားဟာ ၿပီးခဲ့တဲ့အပတ္ကမွ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ လူစားဝင္ကစားသမားအျဖစ္ ပြဲဦးထြက္ခြင့္ရခဲ့တာျဖစ္ၿပီး အဂၤါေန႔မွာ ပထမဆုံးအႀကိမ္ လက္ေ႐ြးစင္အသင္းအတြက္ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ခြန္ဆာအတြက္ေတာ့ ဒီသြင္းဂိုးဟာ ဒီရာသီ ပထမဆုံး သြင္းဂိုး ျဖစ္ခဲ့ၿပီး ဂြၽန္ ဒူရန္ဆီကို ျဖတ္တင္ေပးပို႔ခဲ့တာျဖစ္ေပမယ့္ ဂိုးထဲ ဝင္သြားခဲ့တာျဖစ္တယ္လို႔ ပြဲအၿပီးမွာ ဝန္ခံ ေျပာဆိုသြားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ အဆင့္ ၄ ေနရာက အက္စတန္ ဗီလာထက္ ၁ ပြဲေလ်ာ့ ၃ မွတ္အကြာကေန ဆက္လက္ ဖိအားေပးေနဆဲျဖစ္ၿပီး တကယ္လို႔ အူႏိုင္း အမ္မရီရဲ႕အသင္းသာ အဆင့္ ၅ ေနရာကို ဆင္းရမယ္ဆိုရင္ေတာင္ လာမယ့္ႏွစ္မွာ ေျပာင္းလဲက်င္းပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲပုံစံေၾကာင့္ ဝင္ခြင့္ရရွိဦးမွာ ျဖစ္ပါတယ္။

SportsA2Z