Match Report Premier League

နိုင်ပြီဆိုပြီး အပျော်လွန်ပြီးမှ ဂိုးပြန်ပေးခဲ့ရပြီး သရေစာစားခဲ့ရတဲ့ မန်ယူနိုက်တက်

စနေနေ့ညက ကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်မှာ နှစ်သင်းစလုံး နောက်ကျ သွင်းဂိုးတွေ သွင်းယူပြီး တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ပထမပိုင်း ပွဲစစချင်းမှာ အိမ်ရှင် ဘရန့်တ်ဖို့ဒ်တို့က ဖိအားပိုမိုပေးနိုင်ခဲ့ပြီး ၂၄ မိနစ်မှာ ဝစ်ဆာရဲ့ ပေးပို့မှုကနေ အိုင်ဗန် တိုနီ အိုနာနာကို အလဲထိုးပြီး ဂိုးကန်သွင်းခဲ့ပေမယ့်လည်း ကန်ချက်က ဂိုးတိုင်ထိသွားခဲ့တာကြောင့် စောစောစီးစီး အဖွင့်ဂိုး မရခဲ့တာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်အသင်းအတွက် ဂိုးကံခေခဲ့တာ ဒီတစ်ကြိမ်က ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်တော့မဟုတ်ဘဲ ၃၂ မိနစ်မှာလည်း ထောင့်ကန်ဘောကနေတဆင့် ဇန်ကာရဲ့ ခေါင်းတိုက်ချက်က ဂိုးတိုင်ထပ်ထိသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်တို့ ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ၅၄ မိနစ်မှာ ဟွိုင်လန်းရဲ့ ကန်ချက်ကို ဖလက်ကန် အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ ကာကွယ်သွားနိုင်ခဲ့လို့ မန်ယူနိုက်တက်တို့ ဦးဆောင်ဂိုး မရရှိခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာ မန်ချက်စတာယူနိုက်တက်ကို အိုနာနာ ၂ ကြိမ်အထိ ကယ်တင်ခဲ့ပြီး ပထမဆုံးအနေနဲ့ ယာမိုလိရဲ့ အနိမ့်ဘောကန်ချက်ကို ကာကွယ်ခဲ့ပြီးနောက် လူးဝစ္စ ပေ့ါတားရဲ့ အနီးကပ် ပိတ်သွင်းယူမှုကို လျင်လျင်မြန်မြန် ပြန်ထပြီး ကာကွယ်ခဲ့တာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်အသင်းရဲ့ တိုင်ထိတဲ့ ဇာတ်လမ်းက ဒုတိယပိုင်းမှာလည်း ထပ်မံဖြစ်ပွားခဲ့ပြီး ၅၈ မိနစ်မှာ ဝစ်ဆာရဲ့ မြေမကျဘောကန်ချက်က အိုနာနာရဲ့ညာဘက် ဂိုးတိုင်ကို ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။ ၇၂ မိနစ်မှာ အိုင်ဗန် တိုနီရဲ့ မြေမကျဘောကန်ချက်ကြောင့် အိမ်ရှင်တို့ ဂိုးရခဲ့ပြီလို့ ထင်ခဲ့ပေမယ့်လည်း စည်းကြပ်ဒိုင်က လူကျွံအလံထောင်ထားခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

 

၇၈ မိနစ်မှာ ဘရန့်တ်ဖို့ဒ်တို့ နောက်ထပ်တစ်ကြိမ် ဂိုးတိုင်ထိခဲ့ပြန်ပြီး တိုနီရဲ့ ပေးပို့မှုကနေ အမ်ဘူးမိုရဲ့ ကန်ချက်ကို အိုနာနာ မကာကွယ်နိုင်ခဲ့ပေမယ့် ဂိုးတိုင်က နောက်ထပ်တစ်ကြိမ် ကယ်တင်ပေးသွားခဲ့ပြန်တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ကြဘဲ အချိန်ပို ၉၀+၆ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အတွက် လူစားဝင်ကစားသမားတွေဖြစ်တဲ့ ကက်စမီရိုရဲ့ ပေးပို့မှုကနေတဆင့် မေဆန် မောင့်က ပင်နယ်တီဧရိယာအစွန်ကနေ ဘောလုံးရယူပြီးနောက် အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်ဘရန့်တ်ဖို့ဒ်တို့ဟာ ပွဲပြီးခါနီးမှ ဦးဆောင်ဂိုး ပေးလိုက်ရတာကြောင့် စိတ်ပျက်မသွားဘဲ မခံချင်စိတ်နဲ့ ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပြီး နောက်ထပ် ၃ မိနစ်အကြာမှာတော့ နောက်ဆုံးတိုက်စစ်ဆင်မှုကနေ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ပါတယ်။

အိုင်ဗန် တိုနီက ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ ထိန်းသိမ်းခဲ့ပြီးနောက် လူကပ်မခံထားရတဲ့ အေယာဆီကို ပေးပို့ခဲ့ရာမှာ ဘရန့်တ်ဖို့ဒ် နောက်ခံလူက အမှားအယွင်းမရှိ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်ဟာ အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပေမယ့်လည်း နောက်ကျချေပဂိုးကြောင့် သရဲနီတွေဆီကနေ သရေ ၁ မှတ် ရယူနိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အနိုင်ဂိုးကို မထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် အဆင့် ၅ နေရာက စပါးစ်နဲ့ ၈ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။

SportsA2Z

ZAWGYI:
စေနေန႔ညက ကစားခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ပြဲစဥ္မွာ ႏွစ္သင္းစလုံး ေနာက္က် သြင္းဂိုးေတြ သြင္းယူၿပီး တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ပါတယ္။

ပထမပိုင္း ပြဲစစခ်င္းမွာ အိမ္ရွင္ ဘရန႔္တ္ဖို႔ဒ္တို႔က ဖိအားပိုမိုေပးႏိုင္ခဲ့ၿပီး ၂၄ မိနစ္မွာ ဝစ္ဆာရဲ႕ ေပးပို႔မႈကေန အိုင္ဗန္ တိုနီ အိုနာနာကို အလဲထိုးၿပီး ဂိုးကန္သြင္းခဲ့ေပမယ့္လည္း ကန္ခ်က္က ဂိုးတိုင္ထိသြားခဲ့တာေၾကာင့္ ေစာေစာစီးစီး အဖြင့္ဂိုး မရခဲ့တာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္အသင္းအတြက္ ဂိုးကံေခခဲ့တာ ဒီတစ္ႀကိမ္က ပထမဆုံးနဲ႔ ေနာက္ဆုံးအႀကိမ္ေတာ့မဟုတ္ဘဲ ၃၂ မိနစ္မွာလည္း ေထာင့္ကန္ေဘာကေနတဆင့္ ဇန္ကာရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးတိုင္ထပ္ထိသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ ကစားပုံ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ၅၄ မိနစ္မွာ ဟြိဳင္လန္းရဲ႕ ကန္ခ်က္ကို ဖလက္ကန္ အလြန္ေကာင္းမြန္တဲ့ပုံစံနဲ႔ ကာကြယ္သြားႏိုင္ခဲ့လို႔ မန္ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး မရရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာ မန္ခ်က္စတာယူႏိုက္တက္ကို အိုနာနာ ၂ ႀကိမ္အထိ ကယ္တင္ခဲ့ၿပီး ပထမဆုံးအေနနဲ႔ ယာမိုလိရဲ႕ အနိမ့္ေဘာကန္ခ်က္ကို ကာကြယ္ခဲ့ၿပီးေနာက္ လူးဝစၥ ေပ့ါတားရဲ႕ အနီးကပ္ ပိတ္သြင္းယူမႈကို လ်င္လ်င္ျမန္ျမန္ ျပန္ထၿပီး ကာကြယ္ခဲ့တာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္အသင္းရဲ႕ တိုင္ထိတဲ့ ဇာတ္လမ္းက ဒုတိယပိုင္းမွာလည္း ထပ္မံျဖစ္ပြားခဲ့ၿပီး ၅၈ မိနစ္မွာ ဝစ္ဆာရဲ႕ ေျမမက်ေဘာကန္ခ်က္က အိုနာနာရဲ႕ညာဘက္ ဂိုးတိုင္ကို ထိမွန္သြားခဲ့တာ ျဖစ္ပါတယ္။ ၇၂ မိနစ္မွာ အိုင္ဗန္ တိုနီရဲ႕ ေျမမက်ေဘာကန္ခ်က္ေၾကာင့္ အိမ္ရွင္တို႔ ဂိုးရခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္လည္း စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ထားခဲ့တာေၾကာင့္ ဂိုးအျဖစ္ သတ္မွတ္ေပးျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

 

၇၈ မိနစ္မွာ ဘရန႔္တ္ဖို႔ဒ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ဂိုးတိုင္ထိခဲ့ျပန္ၿပီး တိုနီရဲ႕ ေပးပို႔မႈကေန အမ္ဘူးမိုရဲ႕ ကန္ခ်က္ကို အိုနာနာ မကာကြယ္ႏိုင္ခဲ့ေပမယ့္ ဂိုးတိုင္က ေနာက္ထပ္တစ္ႀကိမ္ ကယ္တင္ေပးသြားခဲ့ျပန္တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္တဲ့အထိ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးမသြင္းႏိုင္ခဲ့ၾကဘဲ အခ်ိန္ပို ၉၀+၆ မိနစ္မွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ လူစားဝင္ကစားသမားေတြျဖစ္တဲ့ ကက္စမီ႐ိုရဲ႕ ေပးပို႔မႈကေနတဆင့္ ေမဆန္ ေမာင့္က ပင္နယ္တီဧရိယာအစြန္ကေန ေဘာလုံးရယူၿပီးေနာက္ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ဘရန႔္တ္ဖို႔ဒ္တို႔ဟာ ပြဲၿပီးခါနီးမွ ဦးေဆာင္ဂိုး ေပးလိုက္ရတာေၾကာင့္ စိတ္ပ်က္မသြားဘဲ မခံခ်င္စိတ္နဲ႔ ျပန္လည္တုံ႔ျပန္ဖို႔ ႀကိဳးစားခဲ့ၿပီး ေနာက္ထပ္ ၃ မိနစ္အၾကာမွာေတာ့ ေနာက္ဆုံးတိုက္စစ္ဆင္မႈကေန ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ပါတယ္။

အိုင္ဗန္ တိုနီက ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို အလြန္ေကာင္းမြန္တဲ့ပုံစံနဲ႔ ထိန္းသိမ္းခဲ့ၿပီးေနာက္ လူကပ္မခံထားရတဲ့ ေအယာဆီကို ေပးပို႔ခဲ့ရာမွာ ဘရန႔္တ္ဖို႔ဒ္ ေနာက္ခံလူက အမွားအယြင္းမရွိ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္ဟာ အိမ္ကြင္းမွာ ေနာက္ဆုံးကစားခဲ့တဲ့ ၇ ပြဲမွာ ၅ ပြဲအထိ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ေနာက္က်ေခ်ပဂိုးေၾကာင့္ သရဲနီေတြဆီကေန သေရ ၁ မွတ္ ရယူႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ကေတာ့ အႏိုင္ဂိုးကို မထိန္းသိမ္းထားႏိုင္ခဲ့တာေၾကာင့္ အဆင့္ ၅ ေနရာက စပါးစ္နဲ႔ ၈ မွတ္အကြာ အဆင့္ ၆ ေနရာမွာ ရပ္တည္ခဲ့ရပါတယ္။

SportsA2Z