Premier League

တစ်ယောက်လျော့နဲ့ နည်းပြမရှိတော့တဲ့ ဘန်လေကို အိမ်ကွင်းမှာ အနိုင်မယူနိုင်ပဲ ၁၁မီး ဆက်ငြိမ်းတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ကျောက်ချနေတာကြာပြီဖြစ်တဲ့ အဆင့် ၁၁ က ရုန်းထွက်နိုင်ဖို့ တန်းဆင်းဇုန်ထဲက ဘန်လေအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားဖို့ အကောင်းဆုံး ပွဲထွက်လူစာရင်းနဲ့ ပြင်ဆင်လာပါတယ်။

ပွဲစတင်ကစားချိန်မှာ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားကစားတဲ့ ဘန်လေအသင်းကြောင့် ထင်သလို မကစားနိုင်ခဲ့ပဲ တချက်တချက်မှာ ဘန်လေအသင်း တိုက်စစ်ဆင်မှုကို အသည်းအသန်ကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာ ဘန်လေ ညာနောက်ခံကစားသမား အက်ဆိုင်နွန် ဂိုးဧရိယာထဲမှာ မူဒရစ်ကို ပြစ်ဒဏ်ကျူးလွန်လို့ နောက်ထပ် တစ်ဝါ အပြခံရပြီး ဘန်လေအသင်းက ပယ်နယ်တီလည်း ပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို မကျေနပ်လို့ စောဒကတက်ခဲ့တဲ့ ဘန်လေနည်းပြ ဗင်းဆင့် ကွန်ပဏီကိုလည်း ကွင်းလယ်ဒိုင်က အနီကတ်ပြားပြ ထုတ်ပယ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ဘန်လေအသင်းဘက်က ကစားသမား ၁၀ ယောက်နဲ့ ချဲလ်ဆီးအသင်းဘက်က ကစားသမား ၁၁ ယောက်+ နည်းပြ ၁ ယောက် စုစုပေါင်း ၁၂ ယောက်နဲ့ ဒုတိယပိုင်း တပိုင်းလုံး အသာနဲ့ ကစားခဲ့ရပါတယ်။

ရရှိခဲ့တဲ့ ပယ်နယ်တီကို ကိုးလ် ပါလ်မာက ကန်သွင်းယူနိုင်ခဲ့လို့ ၄၄ မိနစ်မှာ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ပထမပိုင်းမှာ ချဲလ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး မကြာမီ ပွဲကစားချိန် ၄၇ မိနစ်မှာ ဘန်လေကွင်းလယ်ကစားသမား ဂျို့ရှ် ကာလန်၏ ဂိုးဧရိယာထိပ်က မြေမကျကန်သွင်းချက်ကို ချဲလ်ဆီး ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပဲ ချေပဂိုး ပေးခဲ့ရပါတယ်။

၁၀ ယောက်ကျန် ဘန်လေဆီက အနိုင် ၃ မှတ်အပြည့်ရရှိဖို့ ချဲလ်ဆီးအသင်းက ဆက်တိုက်ဖိကစားခဲ့ပြီး အခွင့်အရေးများစွာ ရခဲ့ပေမယ့် လွဲချော်နေခဲ့ရပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာတော့ စတားလင်း နောက်ပေါက်နဲ့ ချပေးတာကို ကိုးလ် ပါလ်မာက ကန်သွင်းယူပြီး ချဲလ်ဆီးအသင်း အနိုင်ဂိုး ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအနိုင်ရလဒ်ဟာ ၃ မိနစ်ပဲ ခံလိုက်ပြီး ဘန်လေအသင်း ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ကာလန်က ဖြတ်တင်ပေးလိုက်ပြီး ဒါရာ အိုရှေးက ခေါင်းတိုက်သွင်းယူလိုက်ရာမှာ ချဲလ်ဆီးဂိုးသမား ပုတ်ထုတ်ကာကွယ်ပေမယ့် ဂိုးထဲသို့သာ ပုတ်ထုတ်မိပြီး ချဲလ်ဆီးအသင်း ချေပဂိုး ထပ်ပေးလိုက်ရပြန်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ ကိုးလ် ပါလ်မာရဲ့ ဘယ်ခြေနဲ့ လှလှပပ ပေးပို့မှုကို စတားလင်း ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး ခေါင်းတိုက်လိုက်ပေမယ့် အံ့အားသင့်ဖွယ် အပေါ်ထောင်သွားပြီး အနိုင်ဂိုးထပ်ရမယ့် အရေးကနေ လွဲချော်ခဲ့ရပါတယ်။ ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ တစ်ဖက်နဲ့ တစ်ဖက် ဂိုးထပ်မသွင်းနိုင်တော့ပဲ ဘန်လေအသင်းဟာ ချဲလ်ဆီးအသင်းထံက အဖိုးတန် တစ်မှတ်ကို ရယူသွားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ ရမှတ် တစ်မှတ်သာ ရရှိပြီး အဆင့် ၁၁ ကို မစွံခွာနိုင်ပဲ ဆက်လက်တည်ရှိနေပါတယ်။

ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းဟာ ယခုပွဲမှာ တစ်ယောက်လျော့ ဘန်လေအသင်းဘက်သို့ ဂိုးကန်သွင်းမှု ၃၃ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ရာသီအတွင်း စတုတ္ထမြောက် ဂိုးကန်သွင်းယူနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းထိုးနိုင်ခဲ့ပါတယ်။
ကျန် ၃ ပွဲကတော့ – ဂိုးကန်သွင်းမှု ၃၈ ကြိမ် မန်ချက်စတာယူနိုက်တက် V (ဘန်လေ ၂၀၁၆)
ဂိုးကန်သွင်းမှု ၃၅ ကြိမ် လီဗာပူးလ် V (ဘန်လေ ၂၀၁၇)
ဂိုးကန်သွင်းမှု ၃၄ ကြိမ် လီဗာပူးလ် V (မန်ချက်စတာယူနိုက်တက် ၂၀၂၃) တို့ဖြစ်ပါတယ်။

SportsA2Z

ZawGyi
ခ်ဲလ္ဆီးအသင္းဟာ ဒီေန႔ပြဲမွာ ေက်ာက္ခ်ေနတာၾကာၿပီျဖစ္တဲ့ အဆင့္ ၁၁ က ႐ုန္းထြက္ႏိုင္ဖို႔ တန္းဆင္းဇုန္ထဲက ဘန္ေလအသင္းကို အိမ္ကြင္းမွာ အႏိုင္ကစားဖို႔ အေကာင္းဆုံး ပြဲထြက္လူစာရင္းနဲ႔ ျပင္ဆင္လာပါတယ္။

ပြဲစတင္ကစားခ်ိန္မွာ တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔ ႀကိဳးစားကစားတဲ့ ဘန္ေလအသင္းေၾကာင့္ ထင္သလို မကစားႏိုင္ခဲ့ပဲ တခ်က္တခ်က္မွာ ဘန္ေလးအသင္း တိုက္စစ္ဆင္မႈကို အသည္းအသန္ကာကြယ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ ဘန္ေလ ညာေနာက္ခံကစားသမား အက္ဆိုင္ႏြန္ ဂိုးဧရိယာထဲမွာ မူဒရစ္ကို ျပစ္ဒဏ္က်ဴးလြန္လို႔ ေနာက္ထပ္ တစ္ဝါ အျပခံရၿပီး ဘန္ေလအသင္းက ပယ္နယ္တီလည္း ေပးခဲ့ရပါတယ္။ ဒီျဖစ္ရပ္ကို မေက်နပ္လို႔ ေစာဒကတက္ခဲ့တဲ့ ဘန္ေလနည္းျပ ဗင္းဆင့္ ကြန္ပဏီကိုလည္း ကြင္းလယ္ဒိုင္က အနီကတ္ျပားျပ ထုတ္ပယ္ခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ ဘန္ေလအသင္းဘက္က ကစားသမား ၁၀ ေယာက္နဲ႔ ခ်ဲလ္ဆီးအသင္းဘက္က ကစားသမား ၁၁ ေယာက္+ နည္းျပ ၁ ေယာက္ စုစုေပါင္း ၁၂ ေယာက္နဲ႔ ဒုတိယပိုင္း တပိုင္းလုံး အသာနဲ႔ ကစားခဲ့ရပါတယ္။

ရရွိခဲ့တဲ့ ပယ္နယ္တီကို ကိုးလ္ ပါလ္မာက ကန္သြင္းယူႏိုင္ခဲ့လို႔ ၄၄ မိနစ္မွာ ခ်ဲလ္ဆီးအသင္း ဦးေဆာင္ဂိုးရရွိခဲ့ၿပီး ပထမပိုင္းမွာ ခ်ဲလ္ဆီးအသင္းက ၁ ဂိုး ဂိုးမရွိျဖင့္အႏိုင္ရရွိေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး မၾကာမီ ပြဲကစားခ်ိန္ ၄၇ မိနစ္မွာ ဘန္ေလကြင္းလယ္ကစားသမား ဂ်ိဳ႕ရွ္ ကာလန္၏ ဂိုးဧရိယာထိပ္က ေျမမက်ကန္သြင္းခ်က္ကို ခ်ဲလ္ဆီး ဂိုးသမား ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့ပဲ ခေခ်ပဂိုး ေပးခဲ့ရပါတယ္။

၁၀ ေယာက္က်န္ ဘန္ေလဆီက အႏိုင္ ၃ မွတ္အျပည့္ရရွိဖို႔ ခ်ဲလ္ဆီးအသင္းက ဆက္တိုက္ဖိကစားခဲ့ၿပီး အခြင့္အေရးမ်ားစြာ ရခဲ့ေပမယ့္ လြဲေခ်ာ္ေနခဲ့ရပါတယ္။ ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ စတားလင္း ေနာက္ေပါက္နဲ႔ ခ်ေပးတာကို ကိုးလ္ ပါလ္မာက ကန္သြင္းယူၿပီး ခ်ဲလ္ဆီးအသင္း အႏိုင္ဂိုး ရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီအႏိုင္ရလဒ္ဟာ ၃ မိနစ္ပဲ ခံလိုက္ၿပီး ဘန္ေလအသင္း ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို ကာလန္က ျဖတ္တင္ေပးလိုက္ၿပီး ဒါရာ အိုေရွးက ေခါင္းတိုက္သြင္းယူလိုက္ရာမွာ ခ်ဲလ္ဆီးဂိုးသမား ပုတ္ထုတ္ကာကြယ္ေပမယ့္ ဂိုးထဲသို႔သာ ပုတ္ထုတ္မိၿပီး ခ်ဲလ္ဆီးအသင္း ေခ်ပဂိုး ထပ္ေပးလိုက္ရျပန္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ ကိုးလ္ ပါလ္မာရဲ႕ ဘယ္ေျခနဲ႔ လွလွပပ ေပးပို႔မႈကို စတားလင္း ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕ၿပီး ေခါင္းတိုက္လိုက္ေပမယ့္ အံ့အားသင့္ဖြယ္ အေပၚေထာင္သြားၿပီး အႏိုင္ဂိုးထပ္ရမယ့္ အေရးကေန လြဲေခ်ာ္ခဲ့ရပါတယ္။ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးထပ္မသြင္းႏိုင္ေတာ့ပဲ ဘန္ေလအသင္းဟာ ခ်ဲလ္ဆီးအသင္းထံက အဖိုးတန္ တစ္မွတ္ကို ရယူသြားႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ ရမွတ္ တစ္မွတ္သာ ရရွိၿပီး အဆင့္ ၁၁ ကို မစြံခြာႏိုင္ပဲ ဆက္လက္တည္ရွိေနပါတယ္။

ပိုခ်က္တီႏိုရဲ႕ ခ်ဲလ္ဆီးအသင္းဟာ ယခုပြဲမွာ တစ္ေယာက္ေလ်ာ့ ဘန္ေလအသင္းဘက္သို႔ ဂိုးကန္သြင္းမႈ ၃၃ ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၈ ရာသီအတြင္း စတုတၳေျမာက္ ဂိုးကန္သြင္းယူႏိုင္တဲ့ အသင္းအျဖစ္ မွတ္တမ္းထိုးႏိုင္ခဲ့ပါတယ္။
က်န္ ၃ ပြဲကေတာ့ – ဂိုးကန္သြင္းမႈ ၃၈ ႀကိမ္ မန္ခ်က္စတာယူႏိုက္တက္ V (ဘန္ေလ ၂၀၁၆)
ဂိုးကန္သြင္းမႈ ၃၅ ႀကိမ္ လီဗာပူးလ္ V (ဘန္ေလ ၂၀၁၇)
ဂိုးကန္သြင္းမႈ ၃၄ ႀကိမ္ လီဗာပူးလ္ V (မန္ခ်က္စတာယူႏိုက္တက္ ၂၀၂၃) တို႔ျဖစ္ပါတယ္။

SportsA2Z