Premier League

သရဲနီတွေနဲ့ စာချုပ်ဖျက်ဖို့ လုပ်ခဲ့တဲ့အကြောင်း ပြန်ပြောပြခဲ့တဲ့ ဆန်းချက်ဇ်

အလက်ဆစ် ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အငြင်းပွားစရာအကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဆန်းချက်ဇ်နဲ့ မန်ယူနိုက်တက်တို့အတွက်တော့ ကံဆိုးစွာနဲ့ပဲ ၂၀၁၈ ခုနှစ်တုန်းက အမ်းမရိတ်စ်ကနေ အိုးထရက်ဖို့ဒ်ကို အလဲအထပ်နဲ့ အပြောင်းအရွှေ့ဟာ အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးကစားသမားခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တာပါ။

ဆန်းချက်ဇ်ဟာ ဘာစီလိုနာကနေ ပြောင်းလာပြီးကတည်းက အာဆင်နယ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ လွှမ်းမိုးနိုင်စွမ်းအရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာတော့ စိတ်ပျက်စရာအချိန်တွေပဲ ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။=

ချီလီလက်ရွေးစင်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ၄၅ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်က ပရိသတ်တွေ အချစ်ခံရဆုံးကစားသမားဘဝကနေ အမုန်းတီးဆုံးလူတစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့်​ နောင်တအကြီးအကျယ်ရခဲ့ကြောင်းကို နောက်ထပ်နှစ်အနည်းငယ်အကြာမှာ လူမှုကွန်ရက်ပေါ်ကနေ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။

၂၀၂၀ တုန်းက အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ “ကျွန်တော့်ရဲ့ ယူနိုက်တက်က အချိန်တွေအကြောင်း ပြောပြချင်တယ်။ အများကြီး ပြောခဲ့ကြတာတွေရှိပြီး အဲဒါက ကျွန်တော့်ကို ဆိုးရွားတဲ့ပုံစံပေါ်စေခဲ့ပါတယ်။ ကျွန်တော် ယူနိုက်တက်ကို သွားဖို့ အခွင့်အရေးရခဲ့ပြီး ကျွန်တော့်အတွက် ရယူချင်စရာအခွင့်အရေးဖြစ်ခဲ့ပုံပေါ်ပါတယ်။ ကျွန်တော် ကလေးဘဝကတည်းက အရမ်းကြိုက်ရတဲ့အသင်းဖြစ်ခဲ့တဲ့အတွက် ကျွန်တော့်အတွက်လည်း ကောင်းမယ်လို့ ထင်ခဲ့ပါတယ်။ ကျွန်တော် အပြောင်းအရွှေ့မှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာတောင် များများစားစား မသိလိုက်ဘဲ လက်မှတ်ထိုးခဲ့တယ်။ ကျွန်တော့်အသင်းဖော်တွေနဲ့ ပထမဆုံးနေ့မှာပဲ အတူရှိခဲ့တယ်။ တစ်ခါတလေ ခင်ဗျား အဲဒီနေရာမရောက်မချင်း မသိနိုင်တဲ့အရာတွေရှိတယ်။ ပထမဆုံးလေ့ကျင့်ရေးမှာ ကျွန်တော် အရာတော်တော်များများကို သိလိုက်ရတယ်။ ကျွန်တော် အိမ်ပြန်ပြီး ကျွန်တော့် ကိုယ်စားလှယ်တွေကို စာချုပ်ဖျက်သိမ်းပြီး အာဆင်နယ်ပြန်သွားလို့မရဘူးလားလို့ မေးခဲ့တယ်။ သူတို့တွေက ရယ်မောခဲ့ကြပြီး ကျွန်တော်က သိပ်အဆင်မပြေတဲ့အရာတွေရှိတယ်လို့ ပြောခဲ့တယ်။ စာချုပ်မှာက လက်မှတ်ထိုးထားပြီးနေပြီ။”

ဂျိုဆေး မော်ရင်ဟိုလက်အောက်မှာ နေရာမရခဲ့တဲ့နောက် ဆန်းချက်ဇ်က ကစားသမားဘဝအတွက် အသင်းပြောင်းတာပဲ ကောင်းလိမ့်မယ်ဆိုတာ သိခဲ့ပြီး “ဝက်စ်ဟမ်းနဲ့ပွဲမှာ ကျွန်တော့်ကို လူစာရင်းထဲ မရွေးခဲ့ဘူး။ ဒါမျိုး ကစားသမားဘဝမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။ အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး အဲဒီလိုဖြစ်လို့မရဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ကနေ ၅ လအတွင်းမှာ ပွဲမကစားရတဲ့ကစားသမားဘဝရောက်သွားတယ်။ ကျွန်တော် အိမ်ကို ပြန်လာခဲ့ပြီး အရမ်းဝမ်းနည်းနေခဲ့တယ်။ နောက်နေ့မှာ ကျွန်တော် အဆိုင်း ၂ ဆိုင်း လေ့ကျင့်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် လုပ်နေတဲ့အရာကို နှစ်သက်လို့ပါ။ ”လို့ ပြောဆိုခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ အောင်မြင်မှုတွေ ပြန်လည်ခံစားရမယ့် အင်တာမီလန်ကို အငှားနဲ့ ပြောင်းခဲ့ပြီး ၂၀၂၂ ခုနှစ်နွေရာသီမှာ မာဆေးလ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၂ လအကြာမှာပဲ အင်တာကို ပြန်ပြောင်းခဲ့ပါတယ်။

ဆန်းချက်ဇ်က မန်ချက်စတာယူနိုက်တက်မှာ နေခဲ့ရတဲ့အချိန်တွေနဲ့ပတ်သက်ပြီး “ကျွန်တော့်ကို ဒီရှပ်အတွက် ခုခံခွင့်ပေးခဲ့တဲ့အတွက် ယူနိုက်တက်ကို ကျေးဇူးတင်ကြောင်း ပြောဖို့ စကားလုံးအနည်းငယ်ပဲရှိပါတယ်။ ကျွန်တော် ဖြစ်ချင်တဲ့ပုံစံအတိုင်း မဖြစ်ခဲ့တာကတော့ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ပတ်ဝန်းကျင်အငွေ့အသက်တွေသာ ပိုပြီး အပြုသဘောဆောင်ခဲ့ရင် အခြေအနေတွေက လုံးဝကို ကွဲပြားခြားနားတဲ့ပုံစံဖြစ်ခဲ့မှာပါ။ ကျွန်တော် ခု အားလုံးကိုအဲဒီအကြောင်း ပြောပြနေပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားတစ်ယောက်အနေနဲ့၊ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သင်ယူလေ့လာရတဲ့အချိန်တွေကို ဖြတ်သန်းပြီးပြီမို့လို့ပါ။ ကျွန်တော် အရာအားလုံးကို အနိုင်ရချင်ပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အလက္ဆစ္ ဆန္းခ်က္ဇ္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ အျငင္းပြားစရာအေကာင္းဆုံး အေျပာင္းအေ႐ႊ႕ေတြထဲက တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

ဆန္းခ်က္ဇ္နဲ႔ မန္ယူႏိုက္တက္တို႔အတြက္ေတာ့ ကံဆိုးစြာနဲ႔ပဲ ၂၀၁၈ ခုႏွစ္တုန္းက အမ္းမရိတ္စ္ကေန အိုးထရက္ဖို႔ဒ္ကို အလဲအထပ္နဲ႔ အေျပာင္းအေ႐ႊ႕ဟာ အသင္းသမိုင္းတေလွ်ာက္ အဆိုး႐ြားဆုံးကစားသမားေခၚယူမႈေတြထဲက တစ္ခုျဖစ္ခဲ့တာပါ။

ဆန္းခ်က္ဇ္ဟာ ဘာစီလိုနာကေန ေျပာင္းလာၿပီးကတည္းက အာဆင္နယ္မွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံးနဲ႔ လႊမ္းမိုးႏိုင္စြမ္းအရွိဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့ေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာေတာ့ စိတ္ပ်က္စရာအခ်ိန္ေတြပဲ ပိုင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။=

ခ်ီလီလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၄၅ ပြဲမွာ ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အမ္းမရိတ္စ္က ပရိသတ္ေတြ အခ်စ္ခံရဆုံးကစားသမားဘဝကေန အမုန္းတီးဆုံးလူတစ္ေယာက္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဆန္းခ်က္ဇ္ဟာ အမ္းမရိတ္စ္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္​ ေနာင္တအႀကီးအက်ယ္ရခဲ့ေၾကာင္းကို ေနာက္ထပ္ႏွစ္အနည္းငယ္အၾကာမွာ လူမႈကြန္ရက္ေပၚကေန ပြင့္ပြင့္လင္းလင္း ဝန္ခံခဲ့တာျဖစ္ပါတယ္။

၂၀၂၀ တုန္းက အင္စတာဂရမ္မွာ တင္ခဲ့တဲ့ ဗီဒီယိုထဲမွာ “ကြၽန္ေတာ့္ရဲ႕ ယူႏိုက္တက္က အခ်ိန္ေတြအေၾကာင္း ေျပာျပခ်င္တယ္။ အမ်ားႀကီး ေျပာခဲ့ၾကတာေတြရွိၿပီး အဲဒါက ကြၽန္ေတာ့္ကို ဆိုး႐ြားတဲ့ပုံစံေပၚေစခဲ့ပါတယ္။ ကြၽန္ေတာ္ ယူႏိုက္တက္ကို သြားဖို႔ အခြင့္အေရးရခဲ့ၿပီး ကြၽန္ေတာ့္အတြက္ ရယူခ်င္စရာအခြင့္အေရးျဖစ္ခဲ့ပုံေပၚပါတယ္။ ကြၽန္ေတာ္ ကေလးဘဝကတည္းက အရမ္းႀကိဳက္ရတဲ့အသင္းျဖစ္ခဲ့တဲ့အတြက္ ကြၽန္ေတာ့္အတြက္လည္း ေကာင္းမယ္လို႔ ထင္ခဲ့ပါတယ္။ ကြၽန္ေတာ္ အေျပာင္းအေ႐ႊ႕မွာ ဘာေတြ ျဖစ္ခဲ့လဲဆိုတာေတာင္ မ်ားမ်ားစားစား မသိလိုက္ဘဲ လက္မွတ္ထိုးခဲ့တယ္။ ကြၽန္ေတာ့္အသင္းေဖာ္ေတြနဲ႔ ပထမဆုံးေန႔မွာပဲ အတူရွိခဲ့တယ္။ တစ္ခါတေလ ခင္ဗ်ား အဲဒီေနရာမေရာက္မခ်င္း မသိႏိုင္တဲ့အရာေတြရွိတယ္။ ပထမဆုံးေလ့က်င့္ေရးမွာ ကြၽန္ေတာ္ အရာေတာ္ေတာ္မ်ားမ်ားကို သိလိုက္ရတယ္။ ကြၽန္ေတာ္ အိမ္ျပန္ၿပီး ကြၽန္ေတာ့္ ကိုယ္စားလွယ္ေတြကို စာခ်ဳပ္ဖ်က္သိမ္းၿပီး အာဆင္နယ္ျပန္သြားလို႔မရဘူးလားလို႔ ေမးခဲ့တယ္။ သူတို႔ေတြက ရယ္ေမာခဲ့ၾကၿပီး ကြၽန္ေတာ္က သိပ္အဆင္မေျပတဲ့အရာေတြရွိတယ္လို႔ ေျပာခဲ့တယ္။ စာခ်ဳပ္မွာက လက္မွတ္ထိုးထားၿပီးေနၿပီ။”

ဂ်ိဳေဆး ေမာ္ရင္ဟိုလက္ေအာက္မွာ ေနရာမရခဲ့တဲ့ေနာက္ ဆန္းခ်က္ဇ္က ကစားသမားဘဝအတြက္ အသင္းေျပာင္းတာပဲ ေကာင္းလိမ့္မယ္ဆိုတာ သိခဲ့ၿပီး “ဝက္စ္ဟမ္းနဲ႔ပြဲမွာ ကြၽန္ေတာ့္ကို လူစာရင္းထဲ မေ႐ြးခဲ့ဘူး။ ဒါမ်ိဳး ကစားသမားဘဝမွာ ဘယ္တုန္းကမွ မျဖစ္ခဲ့ဖူးဘူး။ အဲဒါက ကြၽန္ေတာ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစၿပီး အဲဒီလိုျဖစ္လို႔မရဘူးလို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ကေန ၅ လအတြင္းမွာ ပြဲမကစားရတဲ့ကစားသမားဘဝေရာက္သြားတယ္။ ကြၽန္ေတာ္ အိမ္ကို ျပန္လာခဲ့ၿပီး အရမ္းဝမ္းနည္းေနခဲ့တယ္။ ေနာက္ေန႔မွာ ကြၽန္ေတာ္ အဆိုင္း ၂ ဆိုင္း ေလ့က်င့္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ လုပ္ေနတဲ့အရာကို ႏွစ္သက္လို႔ပါ။ ”လို႔ ေျပာဆိုခဲ့ပါတယ္။

ဆန္းခ်က္ဇ္ဟာ ေအာင္ျမင္မႈေတြ ျပန္လည္ခံစားရမယ့္ အင္တာမီလန္ကို အငွားနဲ႔ ေျပာင္းခဲ့ၿပီး ၂၀၂၂ ခုႏွစ္ေႏြရာသီမွာ မာေဆးလ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ၁၂ လအၾကာမွာပဲ အင္တာကို ျပန္ေျပာင္းခဲ့ပါတယ္။

ဆန္းခ်က္ဇ္က မန္ခ်က္စတာယူႏိုက္တက္မွာ ေနခဲ့ရတဲ့အခ်ိန္ေတြနဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ့္ကို ဒီရွပ္အတြက္ ခုခံခြင့္ေပးခဲ့တဲ့အတြက္ ယူႏိုက္တက္ကို ေက်းဇူးတင္ေၾကာင္း ေျပာဖို႔ စကားလုံးအနည္းငယ္ပဲရွိပါတယ္။ ကြၽန္ေတာ္ ျဖစ္ခ်င္တဲ့ပုံစံအတိုင္း မျဖစ္ခဲ့တာကေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့ပါတယ္။ ပတ္ဝန္းက်င္အေငြ႕အသက္ေတြသာ ပိုၿပီး အျပဳသေဘာေဆာင္ခဲ့ရင္ အေျခအေနေတြက လုံးဝကို ကြဲျပားျခားနားတဲ့ပုံစံျဖစ္ခဲ့မွာပါ။ ကြၽန္ေတာ္ ခု အားလုံးကိုအဲဒီအေၾကာင္း ေျပာျပေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ကစားသမားတစ္ေယာက္အေနနဲ႔၊ လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ သင္ယူေလ့လာရတဲ့အခ်ိန္ေတြကို ျဖတ္သန္းၿပီးၿပီမို႔လို႔ပါ။ ကြၽန္ေတာ္ အရာအားလုံးကို အႏိုင္ရခ်င္ပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.