Premier League

ချဲလ်ဆီးရဲ့ ပြီးခဲ့တဲ့နှစ်တွေက ပေါ်လစီက ငွေပုံသုံးဖို့ပဲလို့ ဝေဖန်ခဲ့ပြီး ပိုချက်တီနိုကို ထောက်ခံခဲ့တဲ့ ဇိုလာ

ချဲလ်ဆီးဂန္တဝင် ဂျီအန်ဖရန်ကိုက မူရီဆီယို ပိုချက်တီနိုက စတမ်းဖို့ဒ် ဘရစ်ချ်မှာ မှန်ကန်တဲ့ နည်းပြခန့်အပ်မှုလို့ ယုံကြည်နေသေးတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း လက်ရှိ လူစာရင်းထဲမှာ ခေါင်းဆောင်မှုအပိုင်း ကင်းမဲ့နေတယ်လို့ ညည်းတွားခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ အနောက်လန်ဒန်က ပထမဆုံး ရာသီဟာ စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရင်ဆိုင်နေရပြီး ချဲလ်ဆီးဟာ အမှတ်ပေးဇယားအောက်ပိုင်းထဲကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနို လက်အောက်မှာ ချဲလ်ဆီးက လိဂ်ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သလို အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားတာဖြစ်ပါတယ်။

ဇိုလာက ပိုချက်တီနိုလုပ်ဆောင်ခဲ့တဲ့ အထင်ကြီးစရာလုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်လိုက်တဲ့အချိန်မှာ သူက ဒီအလုပ်အတွက် အကောင်းဆုံးရွေးချယ်မှုလို့ တွေးခဲ့မိတယ်။ သူက လူငယ်ပါရမီရှင်တွေကို ဆွဲခေါ်မယ့်၊ သူတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ့် စီမံကိန်းဆွဲခဲ့တယ်။ အဲဒီအလုပ်ကိုလုပ်ဖို့ ပိုချက်တီနိုက အကောင်းဆုံးသူပဲလို့ ကျွန်တော် ယုံတယ်။ အဲဒီအချိန်တုန်းက သူက အကောင်းဆုံးဆိုတာ သိသာပါတယ်။ အခုလို အခက်အခဲတွေ ရင်ဆိုင်နေရမယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် သူက အားကောင်းတဲ့နည်းပြဖြစ်တယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပဲ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အသင်းပေါ်လစီက ငွေများများသုံးဖို့ပဲ။ သူတို့တွေ လမ်းပတ်၊ တယ်ရီ၊ ဒရော့ဂ်ဘာ၊ အိုင်ဗန်နိုဗစ်တို့လို ကစားသမား ၄၊ ၅ ဦးကို ပင်မထားပြီး ကျန်တဲ့ကစားသမားတွေခေါ်ပြီး တည်ဆောက်ခဲ့ကြတာပါ။

အဲဒီကစားသမားတွေက အသိပညာရှိတယ်။ အတွေ့အကြုံရှိတယ်။ စိတ်ဓာတ်ကောင်းတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တယ်။ ဒါတွေ အားလုံးပေါင်းလိုက်တော့ အောင်မြင်တဲ့အသင်းဖြစ်အောင်နဲ့ ချန်ပီယံတွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိသွားရော။ အဲဒီကစားသမားတွေက အသင်းထဲက ကစားသမားသစ်တွေကို သူတို့ရဲ့ အခြေခံအကျဆုံးနဲ့ မရှိမဖြစ် အရည်အချင်းတွေကို ဖြန့်ဝေပေးခဲံသလို လူငယ်အသင်းက တက်လာတဲ့ ကစားသမားတွေကိုပါ ပျံ့နှံ့စေခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီလို ပင်မအူတိုင်ကစားသမားတွေနဲ့ အဲဒီလို ပတ်ဝန်းကျင်မှာ ရှိခဲ့ကြလို့ အဲဒီလို အရည်အချင်းတွေနဲ့ အရည်အသွေးတွေ သူတို့လည်း တိုးတက်လာခဲ့ကြတာမို့လို့ပါ။

လူငယ်ကစားသမားအချို့ဟာ ဒီအသင်းအတွက် ကစားသမားပေးရမှာ ဖိအားတွေအများကြီးရှိနေလို့ ကြောက်ရွံ့နေခဲ့ကြပုံပေါ်ပါတယ်။ အချို့ကစားသမားတွေဆို အရည်အချင်းကောင်းတာတောင်မှ ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဆင့်သင့်မဖြစ်သေးဘူး။ သူတို့ အချိန်လိုတယ်။ ဒါပေမယ့် ချဲလ်ဆီးမှာတော့ အဲဒါက ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ထိပ်ဆုံး ၄ နေရာထဲမှ မဝင်ဘူးဆိုရင် အဲဒါ ကျရှုံးမှုပဲဖြစ်မှာမို့လို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးဂႏၲဝင္ ဂ်ီအန္ဖရန္ကိုက မူရီဆီယို ပိုခ်က္တီႏိုက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ မွန္ကန္တဲ့ နည္းျပခန႔္အပ္မႈလို႔ ယုံၾကည္ေနေသးတယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း လက္ရွိ လူစာရင္းထဲမွာ ေခါင္းေဆာင္မႈအပိုင္း ကင္းမဲ့ေနတယ္လို႔ ညည္းတြားခဲ့ပါတယ္။

ပိုခ်က္တီႏိုရဲ႕ အေနာက္လန္ဒန္က ပထမဆုံး ရာသီဟာ စိတ္ပ်က္စရာ ရလဒ္ေတြနဲ႔ ရင္ဆိုင္ေနရၿပီး ခ်ဲလ္ဆီးဟာ အမွတ္ေပးဇယားေအာက္ပိုင္းထဲကို က်ဆင္းသြားခဲ့တာျဖစ္ပါတယ္။ ပိုခ်က္တီႏို လက္ေအာက္မွာ ခ်ဲလ္ဆီးက လိဂ္ဖလားဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့သလို အက္ဖ္ေအဖလားမွာလည္း ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ထားတာျဖစ္ပါတယ္။

ဇိုလာက ပိုခ်က္တီႏိုလုပ္ေဆာင္ခဲ့တဲ့ အထင္ႀကီးစရာလုပ္ေဆာင္ခ်က္ေတြေၾကာင့္ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

“ပိုခ်က္တီႏိုကို နည္းျပအျဖစ္ ခန႔္လိုက္တဲ့အခ်ိန္မွာ သူက ဒီအလုပ္အတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈလို႔ ေတြးခဲ့မိတယ္။ သူက လူငယ္ပါရမီရွင္ေတြကို ဆြဲေခၚမယ့္၊ သူတို႔ကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ရမယ့္ စီမံကိန္းဆြဲခဲ့တယ္။ အဲဒီအလုပ္ကိုလုပ္ဖို႔ ပိုခ်က္တီႏိုက အေကာင္းဆုံးသူပဲလို႔ ကြၽန္ေတာ္ ယုံတယ္။ အဲဒီအခ်ိန္တုန္းက သူက အေကာင္းဆုံးဆိုတာ သိသာပါတယ္။ အခုလို အခက္အခဲေတြ ရင္ဆိုင္ေနရမယ္လို႔ ကြၽန္ေတာ္ လုံးဝ မေမွ်ာ္လင့္ခဲ့ပါဘူး။ ဒါေပမယ့္ သူက အားေကာင္းတဲ့နည္းျပျဖစ္တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ေနတုန္းပဲ။ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက အသင္းေပၚလစီက ေငြမ်ားမ်ားသုံးဖို႔ပဲ။ သူတို႔ေတြ လမ္းပတ္၊ တယ္ရီ၊ ဒေရာ့ဂ္ဘာ၊ အိုင္ဗန္ႏိုဗစ္တို႔လို ကစားသမား ၄၊ ၅ ဦးကို ပင္မထားၿပီး က်န္တဲ့ကစားသမားေတြေခၚၿပီး တည္ေဆာက္ခဲ့ၾကတာပါ။

အဲဒီကစားသမားေတြက အသိပညာရွိတယ္။ အေတြ႕အႀကဳံရွိတယ္။ စိတ္ဓာတ္ေကာင္းတယ္။ ကိုယ္ရည္ကိုယ္ေသြးေကာင္းမြန္တယ္။ ဒါေတြ အားလုံးေပါင္းလိုက္ေတာ့ ေအာင္ျမင္တဲ့အသင္းျဖစ္ေအာင္နဲ႔ ခ်န္ပီယံေတြျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲ သိသြားေရာ။ အဲဒီကစားသမားေတြက အသင္းထဲက ကစားသမားသစ္ေတြကို သူတို႔ရဲ႕ အေျခခံအက်ဆုံးနဲ႔ မရွိမျဖစ္ အရည္အခ်င္းေတြကို ျဖန႔္ေဝေပးခဲံသလို လူငယ္အသင္းက တက္လာတဲ့ ကစားသမားေတြကိုပါ ပ်ံ႕ႏွံ႔ေစခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ဒီလို ပင္မအူတိုင္ကစားသမားေတြနဲ႔ အဲဒီလို ပတ္ဝန္းက်င္မွာ ရွိခဲ့ၾကလို႔ အဲဒီလို အရည္အခ်င္းေတြနဲ႔ အရည္အေသြးေတြ သူတို႔လည္း တိုးတက္လာခဲ့ၾကတာမို႔လို႔ပါ။

လူငယ္ကစားသမားအခ်ိဳ႕ဟာ ဒီအသင္းအတြက္ ကစားသမားေပးရမွာ ဖိအားေတြအမ်ားႀကီးရွိေနလို႔ ေၾကာက္႐ြံ႕ေနခဲ့ၾကပုံေပၚပါတယ္။ အခ်ိဳ႕ကစားသမားေတြဆို အရည္အခ်င္းေကာင္းတာေတာင္မွ ဖြံ႕ၿဖိဳးေနဆဲျဖစ္ၿပီး အဆင့္သင့္မျဖစ္ေသးဘူး။ သူတို႔ အခ်ိန္လိုတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးမွာေတာ့ အဲဒါက ခက္ခဲတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ထိပ္ဆုံး ၄ ေနရာထဲမွ မဝင္ဘူးဆိုရင္ အဲဒါ က်ရႈံးမႈပဲျဖစ္မွာမို႔လို႔ပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.