Premier League

ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ဆပ်တန်ရဲ့ ဟောကိန်းများ

ဘီဘီစီရဲ့ ဘောလုံး အထူးကျွမ်းကျင်သူ ခရစ္စ ဆပ်တန်က ဒီအပတ်မှာ ယှဉ်ပြိုင်ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ဟောကိန်းထုတ်ပေးခဲ့ပါတယ်။

နယူးကာဆယ်-ဝက်စ်ဟမ်း

နယူးကာဆယ်ဟာ အဆင့် ၇ နေရာက ဝက်စ်ဟမ်းရဲ့နောက် ၄ မှတ်အကွာမှာ တစ်ပွဲလျော့နေတဲ့အတွက် ဒီပွဲမှာ နိုင်ပွဲရခဲ့မယ်ဆိုရင် သူတို့အတွက် ကြီးမားတဲ့ နိုင်ပွဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အက်ဒီ ဟောင်းရဲ့အသင်းက ဒီရာသီ ခံစစသိပ်မကောင်းလို့ ဂိုးပေးရနိုင်တယ်လို့ အမြဲတမ်း ကျွန်တော် ခံစားနေရတယ်။ ဒါကြောင့် ဒီပွဲက သူတို့တွေ ပွတ်ကာသီကာအနိုင်ရသွားမယ်လို့ ယုံကြည်နေပါတယ်။
ခန့်မှန်းပွဲပြီးရလဒ် (၂-၁)

ဘုန်းမောက်-အဲဗာတန်

ရှောင်ဒိုက်ချ်ရဲ့အသင်းက အောက်တိုဘာတုန်းက ဂွတ်ဒီဆင်ပါ့ခ်မှာ ချယ်ရီတွေကို အနိုင်ယူခဲ့ပေမယ့် ဒီပွဲမှာတော့ သူတို့တွေ မနိုင်လောက်ဘူးလို့ ကျွန်တော်ထင်တယ်။ သူတို့တွေက ရမှတ် မဖြစ်မနေ ရဖို့ လိုအပ်နေတာတောင်မှ အဲဗာတန်ကိုတော့ အနိုင်မယူနိုင်လောက်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

ချဲလ်ဆီး-ဘန်လေ

ပိုချက်တီနိုရဲ့အသင်းကစားခဲ့တဲ့ ပြီးခဲ့တဲ့ပွဲရလဒ်တွေက အများကြီး ပိုတည်ငြိမ်လာပြီး အက်ဖ်အေဆီမီးဖိုင်နယ်ပွဲကလည်း ကစားဖို့ရှိနေတယ်။ သူတို့တွေ ဒီစိတ်ပျက်စရာရာသီကို အကောင်းဘက်ကနေ အဆုံးသတ်နိုင်စွမ်းရှိနေတုန်းပါပဲ။ ဘန်လေအတွက် ဒီရာသီအစောပိုင်းတုန်းက အရမ်းအားကောင်းလွန်းနေခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာလည်း ဒီတိုင်းပဲဖြစ်လိမ့်မယ်လို့ ထင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၀)

ဖောရက်စ်-ပဲလေ့စ်

ဖောရက်စ်က အမှတ်လျှော့ခံရပြီးနောက်ပိုင်း ပထမဆုံးကစားရတဲ့ပွဲဆိုတော့ သူတို့ဆီက ဘာတုံ့ပြန်မှုမျိုး မြင်ရမလဲဆိုတာ ပြောမရဘူး။ ပဲလေ့စ်ကလည်း နည်းပြသစ် ဂလက်စ်နာလက်အောက်မှာ သူတို့ဆီက ဘာမျှော်လင့်ရမှန်း မသိသေးဘူး။ ဂလက်စ်နာက လေ့ကျင့်ရေးမှာ ကစားသမားတွေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ပဲ အချိန်ရခဲ့တော့ ဒီပွဲမှာ လက္ခဏာအချို့ကို ကျွန်တော်တို့ မြင်ရနိုင်တယ်။ ဖောရက်စ်က ဒီပွဲတော့ ရှုံးမယ်မထင်ဘူး။ မေးစရာရှိတာက သူတို့တွေ အနိုင်ရအောင် လုပ်သင့်သလောက် လုပ်နိုင်ပါ့မလားဆိုတာပါ။
ခန့်မှန်းပွဲပြီးရလဒ်( ၁-၀)

ရှက်ဖီး-ဖူလ်ဟမ်

မာကို ဆေးလ်ဗားရဲ့အသင်းက ရာသီအချိန်ကြာလေ ပိုကောင်းလာလေဖြစ်ခဲ့ပြီး ရိုဒရီဂို မူနစ်ဇ်ကလည်း ဂိုးသွင်းခြေစွမ်းကောင်းရနေတယ်။ ရှက်ဖီးက ဒီပွဲမှာ ရေကုန်ရေခမ်းကစားသွားမယ်ဆိုတာ ကျွန်တော်တို့ သိပေမယ့် အခုအချိန်မှာတော့ သူတို့လုပ်နိုင်တာတွေနဲ့ဆို လုံလောက်မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၀-၂)

စပါးစ်-လူတန်

နည်းပြရော့ဘ် အက်ဒွပ်လက်အောက်မှာ လူတန်ရဲ့ ချဉ်းကပ်ပုံကို ကျွန်တော် တကယ်လေးစားမိတယ်။ သူတို့တွေ ရာသီအစတုန်းကထက် ပိုကောင်းလာပေမယ့် ဟန်ချက်ညီအောင် ကစားဖို့ အချိန်ကျပါပြီ။ လူတန်သာ စပါးစ်နဲ့ သူတင်ကိုယ်တင်ကစားနိုင်မယ်ဆိုရင် တော်တော်လေး သတ္တိကောင်းတာဖြစ်ပါလိမ့်မယ်။ နယူးကာဆယ်နဲ့ပွဲတုန်းက အဲဒီလိုကစားခဲ့လို့ အနိုင်ရလုနီးပါးဖြစ်ခဲ့ပေမယ့် ဒီပွဲမှာတော့ အဲဒီလို ဖြစ်မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၄-၁)

အက်စတန် ဗီလာ-ဝုဗ်

ဝုဗ်က ကိုဗင်ထရီကို အက်ဖ်အေမှာ ရှုံးနိမ့်ခဲ့လို့ တော်တော်စိတ်ပျက်ခဲ့မှာဆိုပေမယ့် သူတို့အတွက် ကောင်းမွန်တဲ့ရာသီဖြစ်နေတုန်းပါပဲ။ သူတို့တွေက အားကောင်းတဲ့ပုံစံနဲ့ ရာသီကို အဆုံးသတ်နိုင်သေးပေမယ့် အခုအချိန်မှာ ဒဏ်ရာတွေက များနေပါတယ်။ ဒါကြောင့် ဒီပွဲမှာ ကျွန်တော် ဗီလာကို ပိုကြိုက်တယ်။ သူတို့တွေက နောက်ဆုံးအိမ်ကွင်းပွဲမှာ စပါးစ်ရဲ့ အပြတ်အသတ်အနိုင်ယူတာခံခဲ့ရပေမယ့် ဒီတစ်ကြိမမှာတော့ အဲဒီလိုဖြစ်မှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

ဘရန့်တ်ဖို့ဒ်-မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်က အိုးထရက်ဖို့ဒ်တုန်းက သူတို့ကို အနိုင်ယူခဲ့ပေမယ့်လည်း မက်တော်မီနေးရဲ့ နာကျင်အချိန်ပို ၂ ဂိုးကြောင့်မို့လို့ အနိုင်ရခဲ့တာပါ။ ယူနိုက်တက်က ဂိုးတွေ သွင်းလိမ့်မယ်။ ဒါပေမယ့် တန်ဟက်အတွက် နောက်ထပ် ခက်ခဲတဲ့ညနေတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ပြီး သရေ ၁ မှတ်ရဖို့ပဲ ကစားရနိုင်တယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၂)

လီဗာပူးလ်-ဘရိုက်တန်

လီဗာပူးလ်က နောက်ဆုံးအက်ဖ်အေပွဲမှာ မန်ယူနိုက်တက်ကို ရှုံးခဲ့လို့ ဒေါသထွက်နေဦးမှာဖြစ်ပြီး အဲဒီဒေါသက အကူအညီဖြစ်နိုင်ပါတယ်။ မိုဆာလားက အဲဒီပွဲတုန်းက အကောင်းဆုံးပုံစံမှာရှိမနေပေမယ့် နိုင်ငံတကာနားရက်ကြောင့် ကြံ့ခိုင်မှု တော်တော်လေး ပြန်ရနေလောက်ပြီမို့လို့ ဒီပွဲမှာတော့ ကွဲပြားခြားနားမှုတွေဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၃-၁)

မန်စီးတီး-အာဆင်နယ်

အောက်တိုဘာတုန်းက အမ်းမရိတ်စ်မှာ တွေ့ခဲ့တဲ့အချိန်တုန်းကလိုပဲ ဒီပွဲက တော်တော်ကစားရကြပ်မှာဖြစ်ပြီး အာဆင်နယ်က အဲဒီပွဲတုန်းက နောက်ကျအနိုင်ဂိုး ရခဲ့ပါတယ်။ ဒီပွဲလည်း ဂိုးမများနိုင်ဘဲ ကြီးမားတဲ့အခိုက်အတန့်တစ်ခုက အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲပါ။ စီးတီးရဲ့ခြေစွမ်းအကြောင်း တွေးလိုက်ရင် မကြာသေးမီက သူတို့စွမ်းဆောင်ရည်က သိပ်အားရစရာမရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့ ပုံမှန်ကစားနေကျအတိုင်း လွတ်လွတ်လပ်လပ် စီးမျောနေတဲ့ပုံစံမျိုးမဟုတ်လို့ပါ။ သူတို့တွေက ဒီရာသီ ပရီးမီးယားလိဂ်က ထိပ်ဆုံး ၅ သင်းထဲက ဘယ်အသင်းကိုမှလည်း အနိုင်မရသေးဘူး။ ဒါပေမယ့် သူတို့ရလဒ်တွေကို ကြည့်ရင်တော့ ပြိုင်ပွဲစုံနောက်ဆုံး ၂၂ ပွဲမှာ ပွဲ ၂၀ အနိုင်ရထားတယ်။ အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးသွင်းပြီး ဇယားထိပ်မှာ ရပ်တည်နေပြီး ပေးဂိုးလည်း အနည်းဆုံးပါ။ သူတို့က ဒီပွဲကို ၈ ပွဲဆက်နိုင်ပွဲစံချိန်နဲ့ လာကစားမှာဖြစ်ပြီး စီးတီးသာ ရှုံးရင် သူတို့တွေ ဂန်းနားတွေနဲ့ ၄ မှတ်ကွာဟသွားမှာပါ။ ဒါပေမယ့် ဒီလိုအချိန်မျိုးတွေမှာ ကျွန်တော် စီးတီးကို အကဲဖြတ်ရရင် သူတို့တွေ အရင်တုန်းက ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တယ်။ အထူးသဖြင့် အစ်တီဟတ်မှာပေါ့။ ဒါကြောင့် သူတို့တွေ မနှစ်က အဆင့်အတန်းမျိုးမရှိတာတောင်မှပဲ သူတို့အနိုင်ရမယ့်ဘက်က ကျွန်တော် ရပ်တည်နေသေးတာပါ။ ဒီပွဲမှာ ဘယ်သူပဲနိုင်နိုင် ဖလားပြိုင်ပွဲက မပြီးသေးပါဘူး။ ကျွန်တော် အခုအချိန်အထိ ကြည့်ရသလောက်တော့ မယုံနိုင်စရာကောင်းတဲ့အသင်း ၃ သင်းရှိနေပြီး ရာသီကုန်အထိ သူတို့ထဲက ဘယ်သူမှ ရမှတ်တွေလျော့ကျလိမ့်မယ်လို့ မမြင်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၁-၀)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘီဘီစီရဲ႕ ေဘာလုံး အထူးကြၽမ္းက်င္သူ ခရစၥ ဆပ္တန္က ဒီအပတ္မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအတြက္ ေဟာကိန္းထုတ္ေပးခဲ့ပါတယ္။

နယူးကာဆယ္-ဝက္စ္ဟမ္း

နယူးကာဆယ္ဟာ အဆင့္ ၇ ေနရာက ဝက္စ္ဟမ္းရဲ႕ေနာက္ ၄ မွတ္အကြာမွာ တစ္ပြဲေလ်ာ့ေနတဲ့အတြက္ ဒီပြဲမွာ ႏိုင္ပြဲရခဲ့မယ္ဆိုရင္ သူတို႔အတြက္ ႀကီးမားတဲ့ ႏိုင္ပြဲျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း အက္ဒီ ေဟာင္းရဲ႕အသင္းက ဒီရာသီ ခံစစသိပ္မေကာင္းလို႔ ဂိုးေပးရႏိုင္တယ္လို႔ အၿမဲတမ္း ကြၽန္ေတာ္ ခံစားေနရတယ္။ ဒါေၾကာင့္ ဒီပြဲက သူတို႔ေတြ ပြတ္ကာသီကာအႏိုင္ရသြားမယ္လို႔ ယုံၾကည္ေနပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္ (၂-၁)

ဘုန္းေမာက္-အဲဗာတန္

ေရွာင္ဒိုက္ခ်္ရဲ႕အသင္းက ေအာက္တိုဘာတုန္းက ဂြတ္ဒီဆင္ပါ့ခ္မွာ ခ်ယ္ရီေတြကို အႏိုင္ယူခဲ့ေပမယ့္ ဒီပြဲမွာေတာ့ သူတို႔ေတြ မႏိုင္ေလာက္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္။ သူတို႔ေတြက ရမွတ္ မျဖစ္မေန ရဖို႔ လိုအပ္ေနတာေတာင္မွ အဲဗာတန္ကိုေတာ့ အႏိုင္မယူႏိုင္ေလာက္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

ခ်ဲလ္ဆီး-ဘန္ေလ

ပိုခ်က္တီႏိုရဲ႕အသင္းကစားခဲ့တဲ့ ၿပီးခဲ့တဲ့ပြဲရလဒ္ေတြက အမ်ားႀကီး ပိုတည္ၿငိမ္လာၿပီး အက္ဖ္ေအဆီမီးဖိုင္နယ္ပြဲကလည္း ကစားဖို႔ရွိေနတယ္။ သူတို႔ေတြ ဒီစိတ္ပ်က္စရာရာသီကို အေကာင္းဘက္ကေန အဆုံးသတ္ႏိုင္စြမ္းရွိေနတုန္းပါပဲ။ ဘန္ေလအတြက္ ဒီရာသီအေစာပိုင္းတုန္းက အရမ္းအားေကာင္းလြန္းေနခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာလည္း ဒီတိုင္းပဲျဖစ္လိမ့္မယ္လို႔ ထင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၀)

ေဖာရက္စ္-ပဲေလ့စ္

ေဖာရက္စ္က အမွတ္ေလွ်ာ့ခံရၿပီးေနာက္ပိုင္း ပထမဆုံးကစားရတဲ့ပြဲဆိုေတာ့ သူတို႔ဆီက ဘာတုံ႔ျပန္မႈမ်ိဳး ျမင္ရမလဲဆိုတာ ေျပာမရဘူး။ ပဲေလ့စ္ကလည္း နည္းျပသစ္ ဂလက္စ္နာလက္ေအာက္မွာ သူတို႔ဆီက ဘာေမွ်ာ္လင့္ရမွန္း မသိေသးဘူး။ ဂလက္စ္နာက ေလ့က်င့္ေရးမွာ ကစားသမားေတြနဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ပဲ အခ်ိန္ရခဲ့ေတာ့ ဒီပြဲမွာ လကၡဏာအခ်ိဳ႕ကို ကြၽန္ေတာ္တို႔ ျမင္ရႏိုင္တယ္။ ေဖာရက္စ္က ဒီပြဲေတာ့ ရႈံးမယ္မထင္ဘူး။ ေမးစရာရွိတာက သူတို႔ေတြ အႏိုင္ရေအာင္ လုပ္သင့္သေလာက္ လုပ္ႏိုင္ပါ့မလားဆိုတာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္( ၁-၀)

ရွက္ဖီး-ဖူလ္ဟမ္

မာကို ေဆးလ္ဗားရဲ႕အသင္းက ရာသီအခ်ိန္ၾကာေလ ပိုေကာင္းလာေလျဖစ္ခဲ့ၿပီး ႐ိုဒရီဂို မူနစ္ဇ္ကလည္း ဂိုးသြင္းေျခစြမ္းေကာင္းရေနတယ္။ ရွက္ဖီးက ဒီပြဲမွာ ေရကုန္ေရခမ္းကစားသြားမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိေပမယ့္ အခုအခ်ိန္မွာေတာ့ သူတို႔လုပ္ႏိုင္တာေတြနဲ႔ဆို လုံေလာက္မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၀-၂)

စပါးစ္-လူတန္

နည္းျပေရာ့ဘ္ အက္ဒြပ္လက္ေအာက္မွာ လူတန္ရဲ႕ ခ်ဥ္းကပ္ပုံကို ကြၽန္ေတာ္ တကယ္ေလးစားမိတယ္။ သူတို႔ေတြ ရာသီအစတုန္းကထက္ ပိုေကာင္းလာေပမယ့္ ဟန္ခ်က္ညီေအာင္ ကစားဖို႔ အခ်ိန္က်ပါၿပီ။ လူတန္သာ စပါးစ္နဲ႔ သူတင္ကိုယ္တင္ကစားႏိုင္မယ္ဆိုရင္ ေတာ္ေတာ္ေလး သတၱိေကာင္းတာျဖစ္ပါလိမ့္မယ္။ နယူးကာဆယ္နဲ႔ပြဲတုန္းက အဲဒီလိုကစားခဲ့လို႔ အႏိုင္ရလုနီးပါးျဖစ္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ အဲဒီလို ျဖစ္မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၄-၁)

အက္စတန္ ဗီလာ-ဝုဗ္

ဝုဗ္က ကိုဗင္ထရီကို အက္ဖ္ေအမွာ ရႈံးနိမ့္ခဲ့လို႔ ေတာ္ေတာ္စိတ္ပ်က္ခဲ့မွာဆိုေပမယ့္ သူတို႔အတြက္ ေကာင္းမြန္တဲ့ရာသီျဖစ္ေနတုန္းပါပဲ။ သူတို႔ေတြက အားေကာင္းတဲ့ပုံစံနဲ႔ ရာသီကို အဆုံးသတ္ႏိုင္ေသးေပမယ့္ အခုအခ်ိန္မွာ ဒဏ္ရာေတြက မ်ားေနပါတယ္။ ဒါေၾကာင့္ ဒီပြဲမွာ ကြၽန္ေတာ္ ဗီလာကို ပိုႀကိဳက္တယ္။ သူတို႔ေတြက ေနာက္ဆုံးအိမ္ကြင္းပြဲမွာ စပါးစ္ရဲ႕ အျပတ္အသတ္အႏိုင္ယူတာခံခဲ့ရေပမယ့္ ဒီတစ္ႀကိမမွာေတာ့ အဲဒီလိုျဖစ္မွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

ဘရန႔္တ္ဖို႔ဒ္-မန္ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္က အိုးထရက္ဖို႔ဒ္တုန္းက သူတို႔ကို အႏိုင္ယူခဲ့ေပမယ့္လည္း မက္ေတာ္မီေနးရဲ႕ နာက်င္အခ်ိန္ပို ၂ ဂိုးေၾကာင့္မို႔လို႔ အႏိုင္ရခဲ့တာပါ။ ယူႏိုက္တက္က ဂိုးေတြ သြင္းလိမ့္မယ္။ ဒါေပမယ့္ တန္ဟက္အတြက္ ေနာက္ထပ္ ခက္ခဲတဲ့ညေနတစ္ခုျဖစ္လိမ့္မယ္လို႔ ထင္ၿပီး သေရ ၁ မွတ္ရဖို႔ပဲ ကစားရႏိုင္တယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၂)

လီဗာပူးလ္-ဘ႐ိုက္တန္

လီဗာပူးလ္က ေနာက္ဆုံးအက္ဖ္ေအပြဲမွာ မန္ယူႏိုက္တက္ကို ရႈံးခဲ့လို႔ ေဒါသထြက္ေနဦးမွာျဖစ္ၿပီး အဲဒီေဒါသက အကူအညီျဖစ္ႏိုင္ပါတယ္။ မိုဆာလားက အဲဒီပြဲတုန္းက အေကာင္းဆုံးပုံစံမွာရွိမေနေပမယ့္ ႏိုင္ငံတကာနားရက္ေၾကာင့္ ႀကံ့ခိုင္မႈ ေတာ္ေတာ္ေလး ျပန္ရေနေလာက္ၿပီမို႔လို႔ ဒီပြဲမွာေတာ့ ကြဲျပားျခားနားမႈေတြျဖစ္ေအာင္ လုပ္ေပးႏိုင္ပါလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၁)

မန္စီးတီး-အာဆင္နယ္

ေအာက္တိုဘာတုန္းက အမ္းမရိတ္စ္မွာ ေတြ႕ခဲ့တဲ့အခ်ိန္တုန္းကလိုပဲ ဒီပြဲက ေတာ္ေတာ္ကစားရၾကပ္မွာျဖစ္ၿပီး အာဆင္နယ္က အဲဒီပြဲတုန္းက ေနာက္က်အႏိုင္ဂိုး ရခဲ့ပါတယ္။ ဒီပြဲလည္း ဂိုးမမ်ားႏိုင္ဘဲ ႀကီးမားတဲ့အခိုက္အတန႔္တစ္ခုက အဆုံးအျဖတ္ေပးႏိုင္တဲ့ပြဲပါ။ စီးတီးရဲ႕ေျခစြမ္းအေၾကာင္း ေတြးလိုက္ရင္ မၾကာေသးမီက သူတို႔စြမ္းေဆာင္ရည္က သိပ္အားရစရာမရွိဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ ပုံမွန္ကစားေနက်အတိုင္း လြတ္လြတ္လပ္လပ္ စီးေမ်ာေနတဲ့ပုံစံမ်ိဳးမဟုတ္လို႔ပါ။ သူတို႔ေတြက ဒီရာသီ ပရီးမီးယားလိဂ္က ထိပ္ဆုံး ၅ သင္းထဲက ဘယ္အသင္းကိုမွလည္း အႏိုင္မရေသးဘူး။ ဒါေပမယ့္ သူတို႔ရလဒ္ေတြကို ၾကည့္ရင္ေတာ့ ၿပိဳင္ပြဲစုံေနာက္ဆုံး ၂၂ ပြဲမွာ ပြဲ ၂၀ အႏိုင္ရထားတယ္။ အာဆင္နယ္က ဒီရာသီ ပရီးမီးယားလိဂ္မွာ ဂိုးအမ်ားဆုံးသြင္းၿပီး ဇယားထိပ္မွာ ရပ္တည္ေနၿပီး ေပးဂိုးလည္း အနည္းဆုံးပါ။ သူတို႔က ဒီပြဲကို ၈ ပြဲဆက္ႏိုင္ပြဲစံခ်ိန္နဲ႔ လာကစားမွာျဖစ္ၿပီး စီးတီးသာ ရႈံးရင္ သူတို႔ေတြ ဂန္းနားေတြနဲ႔ ၄ မွတ္ကြာဟသြားမွာပါ။ ဒါေပမယ့္ ဒီလိုအခ်ိန္မ်ိဳးေတြမွာ ကြၽန္ေတာ္ စီးတီးကို အကဲျဖတ္ရရင္ သူတို႔ေတြ အရင္တုန္းက ရလဒ္ေကာင္းေတြ ရယူႏိုင္ခဲ့တယ္။ အထူးသျဖင့္ အစ္တီဟတ္မွာေပါ့။ ဒါေၾကာင့္ သူတို႔ေတြ မႏွစ္က အဆင့္အတန္းမ်ိဳးမရွိတာေတာင္မွပဲ သူတို႔အႏိုင္ရမယ့္ဘက္က ကြၽန္ေတာ္ ရပ္တည္ေနေသးတာပါ။ ဒီပြဲမွာ ဘယ္သူပဲႏိုင္ႏိုင္ ဖလားၿပိဳင္ပြဲက မၿပီးေသးပါဘူး။ ကြၽန္ေတာ္ အခုအခ်ိန္အထိ ၾကည့္ရသေလာက္ေတာ့ မယုံႏိုင္စရာေကာင္းတဲ့အသင္း ၃ သင္းရွိေနၿပီး ရာသီကုန္အထိ သူတို႔ထဲက ဘယ္သူမွ ရမွတ္ေတြေလ်ာ့က်လိမ့္မယ္လို႔ မျမင္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၀)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.