Premier League

ဂွါဒီယိုလာနှင့် လက်ရှိဆက်ဆံရေးကို ပြောပြလိုက်တဲ့ အာတီတာအပါအဝင် နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်ကို ပြောင်းလာကတည်းက ပပ် ဂွါဒီယိုလာနဲ့ ဆက်ဆံရေး ပြောင်းလဲသွားသလားမေးတဲ့အပေါ်မှာ နည်းပြအာတီတာက “ဒါက ပြောင်းလဲရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် သဘောကျမှုတွေနဲ့ လေးစားအားကျတာတွေကတော့ မပြောင်းလဲသွားပါဘူး”

“ပပ်က အခုအချိန်ကာလမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်ပြီး ဘောလုံးလောကမှာ တွေ့ဖူးသမျှသူတွေထဲမှာ နှစ်လိုဖွယ်အကောင်းဆုံးသူပါ။ ကျွန်တော်နဲ့ အလုပ်တွဲလုပ်ရတာ ပိုပျော်ပြီး ရယ်မောပျော်ရွှင်နေတတ်သူတစ်ယောက်ပါ။ ဒီအရာတွေကတော့ မပြောင်းလဲပဲ ထာဝရရှိနေမှာပါ”

“လက်ရှိအချိန် ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍနဲ့ သူတို့ဖြစ်နေတာကို သိသာထင်ရှားပြီး အခြေအနေနဲ့ လိုက်လျောညီထွေပြောင်းလဲမှုရှိဖို့လိုပါတယ်။ ကစားသမားတွေနဲ့ ဆက်ဆံရေးမှာလည်း ဒီလိုပါပဲ”

ကျွန်တော့်မှာ အသင်းဖော်အချို့ရှိခဲ့ပြီး ကျွန်တော်နည်းပြဖြစ်လာပြီးနောက်မှာ ဆက်ဆံရေးကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရတယ်။ လူတစ်ယောက်စီတိုင်းအတွက် ခံစားချက်ချင်း မတူနိုင်ပေမယ့် ပရော်ဖက်ရှင်နယ် ကျကျ ကွဲပြားစွာ ပြုမှုတတ်ဖို့လိုပါတယ်” လို့ ပွဲကြိုအင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

-အာရွန် ရမ်းစေးလ်က ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့်မရပေမယ့်လည်း အသင်းအတွက် ဆက်ပြီး ပေးဆပ်ကစားပေးချင်အောင် ပရိသတ်တွေပေးတဲ့အားနဲ့ ရှေ့ဆက်နေခဲ့တာလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“အထူးသဖြင့် ဒီနှစ် ကျွန်တော် ရင်ဆိုင်နေရတဲ့အခြေအနေတွေမှာ ပရိသတ်တွေက ထူးခြားမှုတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ ပွဲတွေ မကစားခင်မှာတောင် ကျွန်တော့်နာမည်ကို ကြွေးကြော်ခဲ့ကြပြီး အားပေးသံတွေကို ကျွန်တော် ကြားခဲ့ရတယ်။ သွေးပူလေ့ကျင့်ရေးလုပ်နေတဲ့အချိန်မှာတောင် ကျွန်တော့်ကို လက်တွေ့ဝှေ့ယမ်းပြချင်နေကြပါသေးတယ်။ ကျွန်တော် ဒီရာသီမှာ ထင်ထားတာထက် ပိုပြီး ဆက်ပြီး ကစားနေနိုင်တာက အဲဒါကြောင့်လို့ ထင်ပါတယ်။ အိမ်ကွင်းနဲ့ အဝေးကွင်းတွေမှာ ချစ်ခြင်းမေတ္တာတွေ ခံစားခဲ့ရတယ်၊ ကြွေးကြော်သံတွေ ကြားခဲ့ရတယ်။ ဒါက တခြားအသင်းတွေမှာဆိုရင် ဒုတိယဂိုးသမားတစ်ယောက်အနေနဲ့ မရနိုင်တဲ့အရာတွေပါ”လို့ ပြောဆိုခဲ့ပါတယ်။

-အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်က ကြီးမားတဲ့ အရှုပ်ထုပ်ကြီး ဖြစ်လာနေတဲ့ ဂန်းနားတွေဆီကို အာတီတာရောက်လာပြီး ပြုပြင်ပြောင်းလဲပေးခဲ့တာတွေအတွက် ချီးကျူးပြောဆိုလိုက်ပါတယ်။

“အာဆင်နယ်က အရှုပ်ထုပ်ကြီးအဖြစ်ကို ရောက်နေခဲ့တယ်လို့ ထင်တယ်။ လူတွေ တော်တော်များများကလည်း ပြောနေခဲ့ကြတယ်လို့ ထင်ပါတယ်။ အသင်းထဲမှာရော အသင်းပတ်ဝန်းကျင်မှာပါ အဆိပ်အတောက်တွေ အများကြီးရှိနေခဲ့တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ မီခေးလ်က ရောက်လာခဲ့ပြီး သူ့မှာ အကြံအစည်တွေရှိတယ်။ သူ့မှာ နည်းစနစ်ကျနမှု၊ ကစားဟန်ရှိပြီး အဲဒါတွေအားလုံးကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်ခဲ့တယ်။ ကစားသမားတွေ၊ နည်းပြတွေကို ထိခိုက်စေတဲ့ အသင်းပတ်ဝန်းကျင်က အဆိပ်အတောက်တွေအားလုံးကို သူ လွှင့်ပစ်နိုင်ခဲ့တယ်။ သူ တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါက သူ လုပ်ခဲ့သမျှထဲမှာ အကြီးမားဆုံးသော အောင်မြင်မှုလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်လူငယ်ကြယ်ပွင့်လေး အီသန် နွာနယ်ရီဟာ အသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုလိုက်ပြီလို့ သိရပြီး ဂန်းနားတွေဟာ ဟေးအမ်းရဲ့ အကောင်းဆုံးလူငယ်ပါရမီရှင်တွေထဲက တစ်ဦးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

နွာနယ်ရီက အာဆင်နယ်ဟာ သူ့ရဲ့ မိသားစုဖြစ်ပြီး မြောက်လန်ဒန်မှာ နေရတာလည်း အိမ်မှာနေရသလို ခံစားရတာကြောင့် အသင်းနဲ့ စာချုပ်ချုပ်ဆိုအကြောင်းကို စဉ်းတောင်မစဉ်းစားဘဲ လုပ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် စာချုပ်ချုပ်ဖို့ကိစ္စ စဉ်းတောင် မစဉ်းစားခဲ့ရဘူး။ ဒါက ကျွန်တော့်မိသားစုဖြစ်ပြီး ဒီမှာနေရတာ အိမ်မှာ နေရသလိုပါပဲ။ ဒီအဆင့်ကို ရောက်ဖို့ အိပ်မက်မက်ခဲ့ရတာပါ။ ဒီလိုနေ့ ရောက်လာဖို့ ကျွန်တော် စောင့်မျှော်ခဲ့ရပြီး အမြဲတမ်း တွေးနေမိခဲ့တာပါ။ ဒါက ကျွန်တော့်မိသားစုဖြစ်ပြီး ဒီမှာနေရတာ အိမ်မှာ နေရသလိုပါပဲ။ အားလုံးက ဒီမှာ အတူတူ မိသားစုလိုနေကြပြီး တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြတယ်။ ဒီမှာရှိရတာ ကျွန်တော့်အတွက် အရမ်းကို ထူးခြားတယ်လို့ ခံစားရပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-နာမည်ကျော် ဂျာနယ်လစ် ဒေးဗစ် အွန်းစတိုင်းက အာဆင်နယ်နဲ့ သတင်းထွက်နေတဲ့ တိုက်စစ်မှူးအများအပြားရှိနေပေမယ့်လည်း အမှန်တကယ် ခေါ်ယူချင်တဲ့ တိုက်စစ်မှူးက ဘယ်သူလဲဆိုတာကို ပြောပြခဲ့ပါတယ်။

“အရင်တုန်းက သတင်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တဲ့သတင်းတွေအရ ဆက်စ်ကိုနဲ့ ဂယော်ကီရက်စ်တို့လို ကစားသမားတွေကို ခေါ်မယ်လို့ တွေးနိုင်ပါတယ်။ ဖာဂူဆန်ရောပါပဲ။ ဒါပေမယ့် ဘရိုက်တန်က သတ်မှတ်ထားတဲ့စျေးနဲ့ လက်ရှိအချိန်အထိ သူပိုင်ဆိုင်ထားတဲ့ရာသီကြောင့် သူ့ကို အခုအချိန်မှာ ခေါ်နိုင်ခြေက နည်းသွားစေပါတယ်။ အိုဆီမန်ရော တိုနီပါ ခေါ်မယ်လို့ ကျွန်တော် မမြင်ဘူး။ တခြားရွေးချယ်စရာတွေလည်းရှိနေပါသေးတယ်။ ကျွန်တော် အီဆက်ခ်နဲ့ သတင်းထွက်တာတွေ့ခဲ့ပြီး အာဆင်နယ်က အရင်တုန်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ကို ခေါ်ဖို့ ကြိုးစားနေလားဆိုတာ ဘာသတင်းမှ ကျွန်တော် မရထားပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
-အာဆင္နယ္ကို ေျပာင္းလာကတည္းက ပပ္ ဂြါဒီယိုလာနဲ႔ ဆက္ဆံေရး ေျပာင္းလဲသြားသလားေမးတဲ့အေပၚမွာ နည္းျပအာတီတာက “ဒါက ေျပာင္းလဲရမွာျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ကို ကြၽန္ေတာ္ သေဘာက်မႈေတြနဲ႔ ေလးစားအားက်တာေတြကေတာ့ မေျပာင္းလဲသြားပါဘူး”

“သူက ကမာ အေကာင္းဆုံးနည္းျပျဖစ္ၿပီး ေဘာလုံးေလာကမွာ ေတြ႕ဖူးသမွ်သူေတြထဲမွာ ႏွစ္လိုဖြယ္အေကာင္းဆုံးသူပါ။ ကြၽန္ေတာ္နဲ႔ အလုပ္တြဲလုပ္ရတာ ပိုေပ်ာ္ၿပီး ရယ္ေမာေပ်ာ္႐ႊင္ေနတတ္သူတစ္ေယာက္ပါ။ ဒီအရာေတြကေတာ့ မေျပာင္းလဲပဲ ထာဝရရွိေနမွာပါ”

“လက္ရွိအခ်ိန္ ကြၽန္ေတာ္တို႔ရဲ႕ အခန္းက႑နဲ႔ သူတို႔ျဖစ္ေနတာကို သိသာထင္ရွားၿပီး အေျခအေနနဲ႔ လိုက္ေလ်ာညီေထြေျပာင္းလဲမႈရွိဖို႔လိုပါတယ္။ ကစားသမားေတြနဲ႔ ဆက္ဆံေရးမွာလည္း ဒီလိုပါပဲ”

ကြၽန္ေတာ့္မွာ အသင္းေဖာ္အခ်ိဳ႕ရွိခဲ့ၿပီး ကြၽန္ေတာ္နည္းျပျဖစ္လာၿပီးေနာက္မွာ ဆက္ဆံေရးကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ရတယ္။ လူတစ္ေယာက္စီတိုင္းအတြက္ ခံစားခ်က္ခ်င္း မတူႏိုင္ေပမယ့္ ပေရာ္ဖက္ရွင္နယ္ က်က် ကြဲျပားစြာ ျပဳမႈတတ္ဖို႔လိုပါတယ္” လို႔ ပြဲႀကိဳအင္တာဗ်ဴးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။

-အာ႐ြန္ ရမ္းေစးလ္က ဒီရာသီမွာ ပုံမွန္ပြဲထြက္ခြင့္မရေပမယ့္လည္း အသင္းအတြက္ ဆက္ၿပီး ေပးဆပ္ကစားေပးခ်င္ေအာင္ ပရိသတ္ေတြေပးတဲ့အားနဲ႔ ေရွ႕ဆက္ေနခဲ့တာလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

“အထူးသျဖင့္ ဒီႏွစ္ ကြၽန္ေတာ္ ရင္ဆိုင္ေနရတဲ့အေျခအေနေတြမွာ ပရိသတ္ေတြက ထူးျခားမႈတစ္ခုအျဖစ္ ရွိေနခဲ့ပါတယ္။ ပြဲေတြ မကစားခင္မွာေတာင္ ကြၽန္ေတာ့္နာမည္ကို ေႂကြးေၾကာ္ခဲ့ၾကၿပီး အားေပးသံေတြကို ကြၽန္ေတာ္ ၾကားခဲ့ရတယ္။ ေသြးပူေလ့က်င့္ေရးလုပ္ေနတဲ့အခ်ိန္မွာေတာင္ ကြၽန္ေတာ့္ကို လက္ေတြ႕ေဝွ႔ယမ္းျပခ်င္ေနၾကပါေသးတယ္။ ကြၽန္ေတာ္ ဒီရာသီမွာ ထင္ထားတာထက္ ပိုၿပီး ဆက္ၿပီး ကစားေနႏိုင္တာက အဲဒါေၾကာင့္လို႔ ထင္ပါတယ္။ အိမ္ကြင္းနဲ႔ အေဝးကြင္းေတြမွာ ခ်စ္ျခင္းေမတၱာေတြ ခံစားခဲ့ရတယ္၊ ေႂကြးေၾကာ္သံေတြ ၾကားခဲ့ရတယ္။ ဒါက တျခားအသင္းေတြမွာဆိုရင္ ဒုတိယဂိုးသမားတစ္ေယာက္အေနနဲ႔ မရႏိုင္တဲ့အရာေတြပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

-အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဖာဘရီဂတ္စ္က ႀကီးမားတဲ့ အရႈပ္ထုပ္ႀကီး ျဖစ္လာေနတဲ့ ဂန္းနားေတြဆီကို အာတီတာေရာက္လာၿပီး ျပဳျပင္ေျပာင္းလဲေပးခဲ့တာေတြအတြက္ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

“အာဆင္နယ္က အရႈပ္ထုပ္ႀကီးအျဖစ္ကို ေရာက္ေနခဲ့တယ္လို႔ ထင္တယ္။ လူေတြ ေတာ္ေတာ္မ်ားမ်ားကလည္း ေျပာေနခဲ့ၾကတယ္လို႔ ထင္ပါတယ္။ အသင္းထဲမွာေရာ အသင္းပတ္ဝန္းက်င္မွာပါ အဆိပ္အေတာက္ေတြ အမ်ားႀကီးရွိေနခဲ့တယ္လို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ မီေခးလ္က ေရာက္လာခဲ့ၿပီး သူ႔မွာ အႀကံအစည္ေတြရွိတယ္။ သူ႔မွာ နည္းစနစ္က်နမႈ၊ ကစားဟန္ရွိၿပီး အဲဒါေတြအားလုံးကို တစ္ခုတည္းျဖစ္ေအာင္ ေပါင္းစပ္ခဲ့တယ္။ ကစားသမားေတြ၊ နည္းျပေတြကို ထိခိုက္ေစတဲ့ အသင္းပတ္ဝန္းက်င္က အဆိပ္အေတာက္ေတြအားလုံးကို သူ လႊင့္ပစ္ႏိုင္ခဲ့တယ္။ သူ တကယ္ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါတယ္။ ဒါက သူ လုပ္ခဲ့သမွ်ထဲမွာ အႀကီးမားဆုံးေသာ ေအာင္ျမင္မႈလို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္လူငယ္ၾကယ္ပြင့္ေလး အီသန္ ႏြာနယ္ရီဟာ အသင္းနဲ႔ ပထမဆုံး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို ခ်ဳပ္ဆိုလိုက္ၿပီလို႔ သိရၿပီး ဂန္းနားေတြဟာ ေဟးအမ္းရဲ႕ အေကာင္းဆုံးလူငယ္ပါရမီရွင္ေတြထဲက တစ္ဦးကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ႏြာနယ္ရီက အာဆင္နယ္ဟာ သူ႔ရဲ႕ မိသားစုျဖစ္ၿပီး ေျမာက္လန္ဒန္မွာ ေနရတာလည္း အိမ္မွာေနရသလို ခံစားရတာေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုအေၾကာင္းကို စဥ္းေတာင္မစဥ္းစားဘဲ လုပ္ခဲ့တာလို႔ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္ စာခ်ဳပ္ခ်ဳပ္ဖို႔ကိစၥ စဥ္းေတာင္ မစဥ္းစားခဲ့ရဘူး။ ဒါက ကြၽန္ေတာ့္မိသားစုျဖစ္ၿပီး ဒီမွာေနရတာ အိမ္မွာ ေနရသလိုပါပဲ။ ဒီအဆင့္ကို ေရာက္ဖို႔ အိပ္မက္မက္ခဲ့ရတာပါ။ ဒီလိုေန႔ ေရာက္လာဖို႔ ကြၽန္ေတာ္ ေစာင့္ေမွ်ာ္ခဲ့ရၿပီး အၿမဲတမ္း ေတြးေနမိခဲ့တာပါ။ ဒါက ကြၽန္ေတာ့္မိသားစုျဖစ္ၿပီး ဒီမွာေနရတာ အိမ္မွာ ေနရသလိုပါပဲ။ အားလုံးက ဒီမွာ အတူတူ မိသားစုလိုေနၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ဂ႐ုစိုက္ၾကတယ္။ ဒီမွာရွိရတာ ကြၽန္ေတာ့္အတြက္ အရမ္းကို ထူးျခားတယ္လို႔ ခံစားရပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

-နာမည္ေက်ာ္ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိုင္းက အာဆင္နယ္နဲ႔ သတင္းထြက္ေနတဲ့ တိုက္စစ္မႉးအမ်ားအျပားရွိေနေပမယ့္လည္း အမွန္တကယ္ ေခၚယူခ်င္တဲ့ တိုက္စစ္မႉးက ဘယ္သူလဲဆိုတာကို ေျပာျပခဲ့ပါတယ္။

“အရင္တုန္းက သတင္းေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ခဲ့တဲ့သတင္းေတြအရ ဆက္စ္ကိုနဲ႔ ဂေယာ္ကီရက္စ္တို႔လို ကစားသမားေတြကို ေခၚမယ္လို႔ ေတြးႏိုင္ပါတယ္။ ဖာဂူဆန္ေရာပါပဲ။ ဒါေပမယ့္ ဘ႐ိုက္တန္က သတ္မွတ္ထားတဲ့ေစ်းနဲ႔ လက္ရွိအခ်ိန္အထိ သူပိုင္ဆိုင္ထားတဲ့ရာသီေၾကာင့္ သူ႔ကို အခုအခ်ိန္မွာ ေခၚႏိုင္ေျခက နည္းသြားေစပါတယ္။ အိုဆီမန္ေရာ တိုနီပါ ေခၚမယ္လို႔ ကြၽန္ေတာ္ မျမင္ဘူး။ တျခားေ႐ြးခ်ယ္စရာေတြလည္းရွိေနပါေသးတယ္။ ကြၽန္ေတာ္ အီဆက္ခ္နဲ႔ သတင္းထြက္တာေတြ႕ခဲ့ၿပီး အာဆင္နယ္က အရင္တုန္းက သူ႔ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ သူ႔ကို ေခၚဖို႔ ႀကိဳးစားေနလားဆိုတာ ဘာသတင္းမွ ကြၽန္ေတာ္ မရထားပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.