Premier League

ဒီရာသီ ဂန်းနားတွေ ဖလားရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကို ပြောပြလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးက ဒီရာသီ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ တစ်ခုတည်းသော နည်းလမ်းက မန်ချက်စတာစီးတီးကို တနင်္ဂနွေနေ့မှာ အနိုင်ကစားမှ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အမှတ်ပေးဖလားကို ရရှိဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ရာသီကုန်ဖို့ ၁၀ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမယ့် တနင်္ဂနွေနေ့မှာ ဖလားပြိုင်ဘက် မန်စီးတီးအိမ်ကွင်းကို သွားကစားရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ပရီးမီးယားလိဂ်ဖလားရဖို့ နီးစပ်ခဲ့ပြီး ၂၄၈ ရက်ကြာ ဇယားထိပ်ဆုံးမှာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ မန်စီးတီးကို ဖလားပေးလိုက်ရတာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အချိန်အကြာဆုံး ဦးဆောင်ထားနိုင်ပြီးမှ ဖလားမရခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာလည်း အာဆင်နယ်ဟာ နောက်ထပ်တစ်ကြိမ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး မန်ယူနိုက်တက်ဂန္တဝင် နဗီးက အာတီတာရဲ့အသင်းအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ ၃ မှတ်ရယူနိုင်မှသာ ဖလားရနိုင်လိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“လက်ကျန်ပွဲစဉ်စာရင်းနဲ့ဆိုရင် အာဆင်နယ်က တနင်္ဂနွေနေ့မှာ အနိုင်ကစားရမယ်လို့ ထင်တယ်။ ခင်ဗျားအနေနဲ့ အမြဲတမ်း စီးတီးက ပြီးပြည့်စုံနေလိမ့်မယ်လို့ တွေးနေမိမှာပါ။ ကံဆိုးစွာနဲ့ ကျွန်တော်တို့ ဒီရာသီ ဒီအချိန်ရောက်တဲ့အချိန်မှာ သူတို့တွေ ၈ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တယ်။ အာဆင်နယ် အဲဒီလို လုပ်နိုင်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ ကျွန်တော် အာဆင်နယ် အနိုင်ကစားမှဖြစ်မယ်လို့ ပြောရတဲ့အကြောင်းအရင်းက မန်စီးတီး လက်ကျန်ပွဲတွေမှာ ဘယ်အသင်းက ရမှတ်ခွဲယူနိုင်မလဲဆိုတာကို မသေချာလို့ပါ။ ဟုတ်တာပေါ့။ သူတို့တွေလည်း ရမှတ်လျော့ကျနိုင်ပါတယ်။ ဒါက ဘောလုံးပါ။ ဒါပေမယ့် အဲဒါကြောင့် ကျွန်တော်ကတော့ တနင်္ဂနွေနေ့ပွဲက အရမ်းအရေးပါတယ်လို့ ထင်တာပါ။ စီးတီးက သရေကျရင်ကို စိတ်တော်တော်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ထိခိုက်အောင်လုပ်နိုင်ဖို့၊ ဂန်းနားတွေ ယုံကြည်ချက်အပြည့်အဝရဖို့က အနိုင်ကစားဖို့လိုတယ်လို့ ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂယ္ရီ နဗီးက ဒီရာသီ အာဆင္နယ္တို႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖို႔ တစ္ခုတည္းေသာ နည္းလမ္းက မန္ခ်က္စတာစီးတီးကို တနဂၤေႏြေန႔မွာ အႏိုင္ကစားမွ ျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ႏွစ္ ၂၀ ေက်ာ္အတြင္း ပထမဆုံး အမွတ္ေပးဖလားကို ရရွိဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ရာသီကုန္ဖို႔ ၁၀ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနေပမယ့္ တနဂၤေႏြေန႔မွာ ဖလားၿပိဳင္ဘက္ မန္စီးတီးအိမ္ကြင္းကို သြားကစားရမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ရာသီတုန္းကလည္း ပရီးမီးယားလိဂ္ဖလားရဖို႔ နီးစပ္ခဲ့ၿပီး ၂၄၈ ရက္ၾကာ ဇယားထိပ္ဆုံးမွာ ဦးေဆာင္ထားႏိုင္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ မန္စီးတီးကို ဖလားေပးလိုက္ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာ အခ်ိန္အၾကာဆုံး ဦးေဆာင္ထားႏိုင္ၿပီးမွ ဖလားမရခဲ့တဲ့အသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာလည္း အာဆင္နယ္ဟာ ေနာက္ထပ္တစ္ႀကိမ္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီး မန္ယူႏိုက္တက္ဂႏၲဝင္ နဗီးက အာတီတာရဲ႕အသင္းအေနနဲ႔ မန္စီးတီးနဲ႔ပြဲမွာ ၃ မွတ္ရယူႏိုင္မွသာ ဖလားရႏိုင္လိမ့္မယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“လက္က်န္ပြဲစဥ္စာရင္းနဲ႔ဆိုရင္ အာဆင္နယ္က တနဂၤေႏြေန႔မွာ အႏိုင္ကစားရမယ္လို႔ ထင္တယ္။ ခင္ဗ်ားအေနနဲ႔ အၿမဲတမ္း စီးတီးက ၿပီးျပည့္စုံေနလိမ့္မယ္လို႔ ေတြးေနမိမွာပါ။ ကံဆိုးစြာနဲ႔ ကြၽန္ေတာ္တို႔ ဒီရာသီ ဒီအခ်ိန္ေရာက္တဲ့အခ်ိန္မွာ သူတို႔ေတြ ၈ ပြဲဆက္ ႏိုင္ပြဲရယူႏိုင္ခဲ့တယ္။ အာဆင္နယ္ အဲဒီလို လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ခဲ့ဘူး။ ကြၽန္ေတာ္ အာဆင္နယ္ အႏိုင္ကစားမွျဖစ္မယ္လို႔ ေျပာရတဲ့အေၾကာင္းအရင္းက မန္စီးတီး လက္က်န္ပြဲေတြမွာ ဘယ္အသင္းက ရမွတ္ခြဲယူႏိုင္မလဲဆိုတာကို မေသခ်ာလို႔ပါ။ ဟုတ္တာေပါ့။ သူတို႔ေတြလည္း ရမွတ္ေလ်ာ့က်ႏိုင္ပါတယ္။ ဒါက ေဘာလုံးပါ။ ဒါေပမယ့္ အဲဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့ တနဂၤေႏြေန႔ပြဲက အရမ္းအေရးပါတယ္လို႔ ထင္တာပါ။ စီးတီးက သေရက်ရင္ကို စိတ္ေတာ္ေတာ္ပ်က္ပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ကို ထိခိုက္ေအာင္လုပ္ႏိုင္ဖို႔၊ ဂန္းနားေတြ ယုံၾကည္ခ်က္အျပည့္အဝရဖို႔က အႏိုင္ကစားဖို႔လိုတယ္လို႔ ထင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.