Premier League

အာဆင်နယ်နဲ့ပွဲကို ဝေါ်ကာနဲ့အတူ လွဲချော်မှာစိုးရိမ်နေရတဲ့ မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီးကြယ်ပွင့် ဂျွန် စတုန်းစ်ဟာ ဘယ်လ်ဂျီယမ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ၁၀ မိနစ်သာ ကစားခဲ့ရပြီး လူစားလဲခံခဲ့ရတဲ့နောက် ဆုဖလားပြိုင်ဘက် အာဆင်နယ်နဲ့ ကစားရမယ့် အရေးကြီးပွဲကို လွဲချော်မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာ ဘရာဇီးလ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့လူစာရင်းထဲက အပြောင်းအလဲ အလုပ်မခံခဲ့ရတဲ့ ကစားသမား ၅ ဦးထဲက တစ်ဦးဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ဆက်ရခဲ့ပေမယ့် ၁၀ မိနစ်လောက်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ဂျွန် စတုန်းစ်ရဲ့ နေရာမှာ လီဗာပူးလ်ကြယ်ပွင့် ဂျိုး ဂိုးမက်ဇ်က ဝင်ကစားပေးခဲ့ပြီး ဘယ်လင်ဟမ်ရဲ့ နောက်ကျသွင်းဂိုးကြောင့် အင်္ဂလန်ဟာ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့မယ့်အရေးကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဂါးရတ် ဆောက်ဂိတ်က စတုန်းစ်ရဲ့ ဒဏ်ရာပြဿနာ ပြင်းထန်မှုနဲ့ပတ်သက်ပြီး သေချာမသိခဲ့ပေမယ့်လည်း စီးတီးကြယ်ပွင့်ဟာ ပေါင်အတွင်းပိုင်း ကြွက်သား ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ တနင်္ဂနွေနေ့ ကစားရမယ့် အစ်တီဟတ်က ပွဲစဉ်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်ပြီး စတုန်းစ်ဟာ တင်ပါးဒဏ်ရာကြောင့် ရာသီအစတုန်းကလည်း ၁၁ ပွဲအထိ လွဲချော်ခဲ့သူဖြစ်ပါတယ်။

Daily Star ရဲ့ သတင်းအရ ဂျွန် စတုန်းစ်ဟာ တနင်္ဂနွေနေ့ပွဲအမီ ကြံ့ခိုင်မှု ပြန်ရလာဖို့ မသေချာတာကြောင့် မန်စီးတီးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာဖို့ များတယ်လို့ သိရပြီး မန်စီးတီးကြယ်ပွင့် ကိုင်လီ ဝေါ်ကာကလည်း ဘရာဇီးလ်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးဖို့ တော်တော်လေး မရေမရာဖြစ်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဂြၽန္ စတုန္းစ္ဟာ ဘယ္လ္ဂ်ီယမ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ၁၀ မိနစ္သာ ကစားခဲ့ရၿပီး လူစားလဲခံခဲ့ရတဲ့ေနာက္ ဆုဖလားၿပိဳင္ဘက္ အာဆင္နယ္နဲ႔ ကစားရမယ့္ အေရးႀကီးပြဲကို လြဲေခ်ာ္မွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ဘရာဇီးလ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့လူစာရင္းထဲက အေျပာင္းအလဲ အလုပ္မခံခဲ့ရတဲ့ ကစားသမား ၅ ဦးထဲက တစ္ဦးျဖစ္ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ ပြဲထြက္ခြင့္ဆက္ရခဲ့ေပမယ့္ ၁၀ မိနစ္ေလာက္မွာပဲ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

ဂြၽန္ စတုန္းစ္ရဲ႕ ေနရာမွာ လီဗာပူးလ္ၾကယ္ပြင့္ ဂ်ိဳး ဂိုးမက္ဇ္က ဝင္ကစားေပးခဲ့ၿပီး ဘယ္လင္ဟမ္ရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ အဂၤလန္ဟာ ၂ ပြဲဆက္တိုက္ ရႈံးပြဲေတြ႕မယ့္အေရးကေန လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။ ဂါးရတ္ ေဆာက္ဂိတ္က စတုန္းစ္ရဲ႕ ဒဏ္ရာျပႆနာ ျပင္းထန္မႈနဲ႔ပတ္သက္ၿပီး ေသခ်ာမသိခဲ့ေပမယ့္လည္း စီးတီးၾကယ္ပြင့္ဟာ ေပါင္အတြင္းပိုင္း ႂကြက္သား ဒဏ္ရာရခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

ဒါေၾကာင့္ ဂြါဒီယိုလာအေနနဲ႔ တနဂၤေႏြေန႔ ကစားရမယ့္ အစ္တီဟတ္က ပြဲစဥ္အတြက္ စိုးရိမ္စရာျဖစ္လာခဲ့ၿပီျဖစ္ၿပီး စတုန္းစ္ဟာ တင္ပါးဒဏ္ရာေၾကာင့္ ရာသီအစတုန္းကလည္း ၁၁ ပြဲအထိ လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

Daily Star ရဲ႕ သတင္းအရ ဂြၽန္ စတုန္းစ္ဟာ တနဂၤေႏြေန႔ပြဲအမီ ႀကံ့ခိုင္မႈ ျပန္ရလာဖို႔ မေသခ်ာတာေၾကာင့္ မန္စီးတီးအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာဖို႔ မ်ားတယ္လို႔ သိရၿပီး မန္စီးတီးၾကယ္ပြင့္ ကိုင္လီ ေဝၚကာကလည္း ဘရာဇီးလ္နဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးဖို႔ ေတာ္ေတာ္ေလး မေရမရာျဖစ္ေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.