Premier League

နေရတာအဆင်မပြေလို့ အသင်းပြောင်းခိုင်းနေတဲ့ နယူးကာဆယ်ကြယ်ပွင့်ရဲ့ ဇနီးလောင်း

နယူးကာဆယ်ဂိုးသမား လိုရစ် ကားရီးယပ်စ်ရဲ့ ဇနီးလောင်းဟာ အင်္ဂလန်ရဲ့ မြောက်ပိုင်းအကျဆုံးမြို့မှာ နေရတာ အဆင်မပြေလို့ ခင်ပွန်းလောင်းဖြစ်သူကို ပရီးမီးယားလိဂ်ကနေ ထွက်ခွာစေချင်တယ်လို့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

ကားရီးယပ်စ်နဲ့အတူ အေရီယာလို့ခေါ်တဲ့ သမီးတစ်ဦးပိုင်ဆိုင်ထားတဲ့ အီတလီ တီဗွီစီစဉ်တင်ဆက်သူ ဒီလက်တာ လီယော့တာက နယူးကာဆယ်ဂိုးသမားနဲ့အဝေးမှာ မိသားစုကို စောင့်ရှောက်ရတဲ့စိန်ခေါ်မှုကြောင့် အသင်းပြောင်းစေချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

“လိုရစ်မှာ သူ့အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေရှိတယ်။ သူ့ကစားသမားဘဝအတွက် အကောင်းဆုံးဆုံးဖြတ်ချက် ချနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မက မီလန်မှာနေတယ်။ အဲဒီတော့ မီလန်နဲ့ နီးတဲ့နေရာမှာ နေတာက ကျွန်မတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်။ ကျွန်မ အမြဲတမ်း သူ့ကို ပြောတယ်။ စီးရီးအေကို လာကစားတဲ့ကစားသမားတွေက အီတလီကို ချစ်သွားကြပြီး တသက်လုံး မပြန်ဘဲနေသွားကြတဲ့သူတွေတောင်ရှိတယ်လို့။ သူလည်း အဲဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ သူ့အနေနဲ့ မွန်ဇာ ဒါမှမဟုတ် အီတလီက တခြားအသင်းကို ပြောင်းသင့်တယ်။ သူသာ အီတလီကို ပြောင်းလာပြီး မိသားစုနဲ့ နီးနီးနားနားမှာနေရင် ကျွန်မ ပျော်ရွှင်မိပါလိမ့်မယ်။ နယူးကာဆယ်ကျတော့ နေရတာ တော်တော် အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ တိုက်ရိုက်ပြေးဆွဲတဲ့ လေယာဉ်ခရီးစဉ်မရှိလို့ပါ။ ပဲရစ်ကိုလည်း မရှိဘူး၊ အမ်စတာကိုလည်း မရှိဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
နယူးကာဆယ္ဂိုးသမား လိုရစ္ ကားရီးယပ္စ္ရဲ႕ ဇနီးေလာင္းဟာ အဂၤလန္ရဲ႕ ေျမာက္ပိုင္းအက်ဆုံးၿမိဳ႕မွာ ေနရတာ အဆင္မေျပလို႔ ခင္ပြန္းေလာင္းျဖစ္သူကို ပရီးမီးယားလိဂ္ကေန ထြက္ခြာေစခ်င္တယ္လို႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။

ကားရီးယပ္စ္နဲ႔အတူ ေအရီယာလို႔ေခၚတဲ့ သမီးတစ္ဦးပိုင္ဆိုင္ထားတဲ့ အီတလီ တီဗြီစီစဥ္တင္ဆက္သူ ဒီလက္တာ လီေယာ့တာက နယူးကာဆယ္ဂိုးသမားနဲ႔အေဝးမွာ မိသားစုကို ေစာင့္ေရွာက္ရတဲ့စိန္ေခၚမႈေၾကာင့္ အသင္းေျပာင္းေစခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“လိုရစ္မွာ သူ႔အတြက္ အလုပ္လုပ္ေပးေနတဲ့သူေတြရွိတယ္။ သူ႔ကစားသမားဘဝအတြက္ အေကာင္းဆုံးဆုံးျဖတ္ခ်က္ ခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္မက မီလန္မွာေနတယ္။ အဲဒီေတာ့ မီလန္နဲ႔ နီးတဲ့ေနရာမွာ ေနတာက ကြၽန္မတို႔အတြက္ အေကာင္းဆုံးျဖစ္လိမ့္မယ္။ ကြၽန္မ အၿမဲတမ္း သူ႔ကို ေျပာတယ္။ စီးရီးေအကို လာကစားတဲ့ကစားသမားေတြက အီတလီကို ခ်စ္သြားၾကၿပီး တသက္လုံး မျပန္ဘဲေနသြားၾကတဲ့သူေတြေတာင္ရွိတယ္လို႔။ သူလည္း အဲဒီလိုျဖစ္လိမ့္မယ္လို႔ ကြၽန္မ ထင္ပါတယ္။ သူ႔အေနနဲ႔ မြန္ဇာ ဒါမွမဟုတ္ အီတလီက တျခားအသင္းကို ေျပာင္းသင့္တယ္။ သူသာ အီတလီကို ေျပာင္းလာၿပီး မိသားစုနဲ႔ နီးနီးနားနားမွာေနရင္ ကြၽန္မ ေပ်ာ္႐ႊင္မိပါလိမ့္မယ္။ နယူးကာဆယ္က်ေတာ့ ေနရတာ ေတာ္ေတာ္ အဆင္မေျပဘူး။ ဘာလို႔လဲဆိုေတာ့ တိုက္႐ိုက္ေျပးဆြဲတဲ့ ေလယာဥ္ခရီးစဥ္မရွိလို႔ပါ။ ပဲရစ္ကိုလည္း မရွိဘူး၊ အမ္စတာကိုလည္း မရွိဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.