Premier League

ပရီးမီးယားလိဂ်ဖလား ရနိုင်တဲ့အသင်းကို ဟောကိန်းထုတ်လိုက်တဲ့ ခရောက်ချ်

ပီတာ ခရောက်ချ်က ဒီရာသီမှာ ကလော့ပ်ကို အကောင်းဆုံး နှုတ်ဆက်ဖို့အတွက် ပရီးမီးယားလိဂ်ဖလားကို ရရှိသွားမယ်လို့ ဟောကိန်းထုတ်ခဲ့ပေမယ့် အာဆင်နယ်က ဆုဖလားပြိုင်ပွဲထဲမှာ ပါဝင်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာအောင် လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ပြန်လည်သက်ဝင်လာခဲ့တဲ့ အာဆင်နယ်ဟာ မတ်လ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ၈ ပွဲဆက်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကအသင်းအဖြစ် ဖြတ်သန်းနေတာဖြစ်ပြီး ရာသီကုန်ဆုံးဖို့ကလည်း ၁၀ ပွဲသာ လိုတော့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ မတ်လ ၃၁ ရက်နေ့ မန်စီးတီးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လီဗာပူးလ်က ဘရိုက်တန်ကို အန်းဖီးမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ရာသီအစတုန်းက ပီတာ ခရောက်ချ်က ကလော့ပ်ဟာ ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပြီး ယခုအပတ်မှာလည်း လီဗာပူးလ်တိုက်စစ်မှူးဟောင်းက ရာသီအစဟောကိန်းအတိုင်းပဲ ဆက်လက်ရပ်တည်ခဲ့ပေမယ့် စိန်ခေါ်မှုပြင်းထန်တဲ့ ဆောင်းရာသီကာလမှာ အကောင်းဆုံးပုံစံ ပြန်ရအောင်လုပ်နိုင်ခဲ့တဲ့ အာဆင်နယ်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“လီဗာပူးလ်ကဖလားရလိမ့်မယ်လို့ ရာသီအစတုန်းက ကျွန်တော် ပြောခဲ့ပြီး လူတော်တော်များများက ဘက်လိုက်တယ်လို့ ပြောခဲ့ကြလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့တွေ နည်းနည်းတော့ မှန်ချင်မှန်မှာပေါ့။ ဒါပေမယ့် အာဆင်နယ်က ကျွန်တော့်အတွက်တော့ ဆုဖလားပြိုင်ပွဲ စကားဝိုင်းထဲ ပြန်ဝင်လာနိုင်အောင် ကစားပြနိုင်ခဲ့တယ်။ မန်စီးတီးက မကြာသေးမီက သမိုင်းကြောင်းအရ ရေပန်းအစားဆုံးဖြစ်ပါလိမ့်မယ်။ ခင်ဗျား မြင်း ၂ ကောင်ပြေးတဲ့ပွဲလို့ ပြောလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်က အခုဆိုရင် ပြိုင်ပွဲထဲကို ပြန်ရောက်အောင် လုပ်ထားနိုင်ခဲ့ပြီ။ အာဆင်နယ်ကစားခဲ့တဲ့ ပွဲပမာဏနဲ့ သူတို့တွေ အနိုင်ရခဲ့တာက တော်တော်လေးကို အထင်ကြီးစရာကောင်းတယ်။ သူတို့တွေရဲ့ ဒဏ်ရာရကစားသမားတွေသာ ပြန်ကစားနိုင်မယ်ဆိုရင် ကျိန်းသေပေါက် မြင်း ၃ ကောင်ပြေးတဲ့ပွဲဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူးလ် ဖလားရမယ့်ဘက်ကပဲ နေမှာပါ။ သူတို့တွေ ဖလားရအောင် ယူနိုင်တယ်လို့ ထင်နေတုန်းပါပဲ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီတာ ခေရာက္ခ်္က ဒီရာသီမွာ ကေလာ့ပ္ကို အေကာင္းဆုံး ႏႈတ္ဆက္ဖို႔အတြက္ ပရီးမီးယားလိဂ္ဖလားကို ရရွိသြားမယ္လို႔ ေဟာကိန္းထုတ္ခဲ့ေပမယ့္ အာဆင္နယ္က ဆုဖလားၿပိဳင္ပြဲထဲမွာ ပါဝင္ႏိုင္ဖို႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာေအာင္ လုပ္ႏိုင္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

ျပန္လည္သက္ဝင္လာခဲ့တဲ့ အာဆင္နယ္ဟာ မတ္လ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ကို ၈ ပြဲဆက္ႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားထိပ္ဆုံးကအသင္းအျဖစ္ ျဖတ္သန္းေနတာျဖစ္ၿပီး ရာသီကုန္ဆုံးဖို႔ကလည္း ၁၀ ပြဲသာ လိုေတာ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ မတ္လ ၃၁ ရက္ေန႔ မန္စီးတီးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လီဗာပူးလ္က ဘ႐ိုက္တန္ကို အန္းဖီးမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ ရာသီအစတုန္းက ပီတာ ခေရာက္ခ်္က ကေလာ့ပ္ဟာ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္လိမ့္မယ္လို႔ ေထာက္ခံခဲ့ၿပီး ယခုအပတ္မွာလည္း လီဗာပူးလ္တိုက္စစ္မႉးေဟာင္းက ရာသီအစေဟာကိန္းအတိုင္းပဲ ဆက္လက္ရပ္တည္ခဲ့ေပမယ့္ စိန္ေခၚမႈျပင္းထန္တဲ့ ေဆာင္းရာသီကာလမွာ အေကာင္းဆုံးပုံစံ ျပန္ရေအာင္လုပ္ႏိုင္ခဲ့တဲ့ အာဆင္နယ္ကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“လီဗာပူးလ္ကဖလားရလိမ့္မယ္လို႔ ရာသီအစတုန္းက ကြၽန္ေတာ္ ေျပာခဲ့ၿပီး လူေတာ္ေတာ္မ်ားမ်ားက ဘက္လိုက္တယ္လို႔ ေျပာခဲ့ၾကလိမ့္မယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ နည္းနည္းေတာ့ မွန္ခ်င္မွန္မွာေပါ့။ ဒါေပမယ့္ အာဆင္နယ္က ကြၽန္ေတာ့္အတြက္ေတာ့ ဆုဖလားၿပိဳင္ပြဲ စကားဝိုင္းထဲ ျပန္ဝင္လာႏိုင္ေအာင္ ကစားျပႏိုင္ခဲ့တယ္။ မန္စီးတီးက မၾကာေသးမီက သမိုင္းေၾကာင္းအရ ေရပန္းအစားဆုံးျဖစ္ပါလိမ့္မယ္။ ခင္ဗ်ား ျမင္း ၂ ေကာင္ေျပးတဲ့ပြဲလို႔ ေျပာလိမ့္မယ္။ ဒါေပမယ့္ အာဆင္နယ္က အခုဆိုရင္ ၿပိဳင္ပြဲထဲကို ျပန္ေရာက္ေအာင္ လုပ္ထားႏိုင္ခဲ့ၿပီ။ အာဆင္နယ္ကစားခဲ့တဲ့ ပြဲပမာဏနဲ႔ သူတို႔ေတြ အႏိုင္ရခဲ့တာက ေတာ္ေတာ္ေလးကို အထင္ႀကီးစရာေကာင္းတယ္။ သူတို႔ေတြရဲ႕ ဒဏ္ရာရကစားသမားေတြသာ ျပန္ကစားႏိုင္မယ္ဆိုရင္ က်ိန္းေသေပါက္ ျမင္း ၃ ေကာင္ေျပးတဲ့ပြဲျဖစ္လာမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ လီဗာပူးလ္ ဖလားရမယ့္ဘက္ကပဲ ေနမွာပါ။ သူတို႔ေတြ ဖလားရေအာင္ ယူႏိုင္တယ္လို႔ ထင္ေနတုန္းပါပဲ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.