MLS Messi

အနားယူမယ့်အချိန်ကို ပရိသတ်တွေကို အဖြေပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝကနေ အနားယူမယ့် အစီအစဉ်မှာ အသက်အရွယ်က အဓိကအချက်အဖြစ် ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး အနားယူတဲ့အချိန်ရောက်လာရင် ဘာလုပ်ရမလဲဆိုတာ သေချာမသိဘူးလို့ ဝန်ခံခဲ့ပါတယ်။

အသက် ၃၇ နှစ်ပြည့်တော့မယ့် မက်ဆီဟာ ကစားသမားဘဝကနေ အနားယူဖို့ အချိန်ကျလာတဲ့အခါကျရင် အသက်အရွယ်ကြောင့် အနားယူဖို့ ဆုံးဖြတ်မှာမဟုတ်ဘူးဆိုတာကိုတော့ သေချာသိနေတာဖြစ်ပါတယ်။

“ကျွန်တော် နောက်ထပ် မကစားနိုင်တော့ဘူး၊ ဘောလုံးကစားရတာ မပျော်တော့ဘူး ဒါမှမဟုတ် အသင်းဖော်တွေကို မကူညီနိုင်တော့ဘူးလို့ ခံစားရတဲ့အခိုက်အတန့်ကျရင် အနားယူရမယ်ဆိုတာ သိပါတယ်။ ကျွန်တော်က ကိုယ့်ဘာသာ အရမ်းဝေဖန်သုံးသပ်တတ်တဲ့သူပါ။ ကျွန်တော် ကောင်းကောင်း လုပ်နိုင်နေတာကို သိပါတယ်။ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်တဲ့အချိန်ကိုလည်း သိတယ်။ ကျွန်တော် အနားယူရမယ့်အချိန်ကျလာပြီလို့ ခံစားရတဲ့အခါကျရင် အသက်အရွယ်ကြောင့်မဟုတ်ဘဲ အနားယူသွားမှာပါ။ ကျွန်တော် အဆင်ပြေနေတယ်လို့ ခံစားရမယ်ဆိုရင် ဆက်ပြီးတော့ ယှဉ်ပြိုင်ဖို့ ကြိုးစားသွားမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီလို လုပ်ရတာကို ကျွန်တော် နှစ်သက်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော် သိနေလို့ပါ။”

ရှေ့ဘာဆက်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး စပြီး တွေးနေပြီလားလို့ မေးမြန်းခဲ့ရာမှာ ဘလွန်ဒေါ ၈ ဆုရှင်က အဖြေတန်းမပေးခဲ့ဘဲ “ကျွန်တော် အဲဒါကို မတွေးရသေးပါဘူး။ အခုအချိန်အထိတော့ အနာဂတ်ကို မတွေးဘဲ ကျွန်တော် တစ်ရက်ချင်းစီ၊ အခိုက်အတန့်တစ်ခုချင်းစီကို ပျော်ရွှင်ဖို့ ကြိုးစားနေတယ်။ ကျွန်တော့်မှာ ဘာမှ ရှင်းရှင်းလင်းလင်းဖြစ်နေတာ မရှိသေးပါဘူး။ ကျွန်တော် နည်းနည်းကြာကြာ ဆက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုကစားနေရတာကို ပျော်လို့ပါ။ အချိန်ကျလာတဲ့အခါကျရင် ကျွန်တော့်ကို စိတ်ကျေနပ်စေမယ့် လမ်းကြောင်းအသစ်ကို ရှာဖွေသွားမှာပါ။ ကျွန်တော် လုပ်ချင်တဲ့ အခန်းကဏ္ဍအသစ်ကို ကျိန်းသေပေါက် ရှာသွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ တံကောက်ကြောဒဏ်ရာကြောင့် ဒီလ ယူအက်စ်အေမှာ ကစားခဲ့တဲ့ အာဂျင်တီးနားရဲ့ အယ်လ် ဆယ်ဗာဒေါ်၊ ကော်စတာရီကာတို့နဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီယြန္နယ္ မက္ဆီဟာ ကစားသမားဘဝကေန အနားယူမယ့္ အစီအစဥ္မွာ အသက္အ႐ြယ္က အဓိကအခ်က္အျဖစ္ ထည့္သြင္းစဥ္းစားမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ၿပီး အနားယူတဲ့အခ်ိန္ေရာက္လာရင္ ဘာလုပ္ရမလဲဆိုတာ ေသခ်ာမသိဘူးလို႔ ဝန္ခံခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္ျပည့္ေတာ့မယ့္ မက္ဆီဟာ ကစားသမားဘဝကေန အနားယူဖို႔ အခ်ိန္က်လာတဲ့အခါက်ရင္ အသက္အ႐ြယ္ေၾကာင့္ အနားယူဖို႔ ဆုံးျဖတ္မွာမဟုတ္ဘူးဆိုတာကိုေတာ့ ေသခ်ာသိေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေနာက္ထပ္ မကစားႏိုင္ေတာ့ဘူး၊ ေဘာလုံးကစားရတာ မေပ်ာ္ေတာ့ဘူး ဒါမွမဟုတ္ အသင္းေဖာ္ေတြကို မကူညီႏိုင္ေတာ့ဘူးလို႔ ခံစားရတဲ့အခိုက္အတန႔္က်ရင္ အနားယူရမယ္ဆိုတာ သိပါတယ္။ ကြၽန္ေတာ္က ကိုယ့္ဘာသာ အရမ္းေဝဖန္သုံးသပ္တတ္တဲ့သူပါ။ ကြၽန္ေတာ္ ေကာင္းေကာင္း လုပ္ႏိုင္ေနတာကို သိပါတယ္။ ကြၽန္ေတာ္ ေကာင္းေကာင္း မလုပ္ႏိုင္တဲ့အခ်ိန္ကိုလည္း သိတယ္။ ကြၽန္ေတာ္ အနားယူရမယ့္အခ်ိန္က်လာၿပီလို႔ ခံစားရတဲ့အခါက်ရင္ အသက္အ႐ြယ္ေၾကာင့္မဟုတ္ဘဲ အနားယူသြားမွာပါ။ ကြၽန္ေတာ္ အဆင္ေျပေနတယ္လို႔ ခံစားရမယ္ဆိုရင္ ဆက္ၿပီးေတာ့ ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားသြားမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒီလို လုပ္ရတာကို ကြၽန္ေတာ္ ႏွစ္သက္ၿပီး ဘယ္လိုလုပ္ရမလဲဆိုတာကို ကြၽန္ေတာ္ သိေနလို႔ပါ။”

ေရွ႕ဘာဆက္လုပ္မလဲဆိုတာနဲ႔ပတ္သက္ၿပီး စၿပီး ေတြးေနၿပီလားလို႔ ေမးျမန္းခဲ့ရာမွာ ဘလြန္ေဒါ ၈ ဆုရွင္က အေျဖတန္းမေပးခဲ့ဘဲ “ကြၽန္ေတာ္ အဲဒါကို မေတြးရေသးပါဘူး။ အခုအခ်ိန္အထိေတာ့ အနာဂတ္ကို မေတြးဘဲ ကြၽန္ေတာ္ တစ္ရက္ခ်င္းစီ၊ အခိုက္အတန႔္တစ္ခုခ်င္းစီကို ေပ်ာ္႐ႊင္ဖို႔ ႀကိဳးစားေနတယ္။ ကြၽန္ေတာ့္မွာ ဘာမွ ရွင္းရွင္းလင္းလင္းျဖစ္ေနတာ မရွိေသးပါဘူး။ ကြၽန္ေတာ္ နည္းနည္းၾကာၾကာ ဆက္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီလိုကစားေနရတာကို ေပ်ာ္လို႔ပါ။ အခ်ိန္က်လာတဲ့အခါက်ရင္ ကြၽန္ေတာ့္ကို စိတ္ေက်နပ္ေစမယ့္ လမ္းေၾကာင္းအသစ္ကို ရွာေဖြသြားမွာပါ။ ကြၽန္ေတာ္ လုပ္ခ်င္တဲ့ အခန္းက႑အသစ္ကို က်ိန္းေသေပါက္ ရွာသြားမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ဒီလ ယူအက္စ္ေအမွာ ကစားခဲ့တဲ့ အာဂ်င္တီးနားရဲ႕ အယ္လ္ ဆယ္ဗာေဒၚ၊ ေကာ္စတာရီကာတို႔နဲ႔ပြဲစဥ္ေတြမွာ ပါဝင္ကစားေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.