MLS Messi

မက်ဆီကြောင့် ဟားမတ်စ်စစ်သွေးကြွတွေရဲ့ဖမ်းဆီးခေါ်ဆောင်ခံရမယ့်အရေးက လွတ်မြောက်ခဲ့တဲ့ အဖွားအို

လီယွန်နယ် မက်ဆီရဲ့နာမည်ဟာ ဂါဇာက ဟားမတ်စ်တွေရဲ့ ပြန်ပေးဆွဲခံရတော့မယ့် အာဂျင်တီးနားလူမျိုး အဖွားအိုအတွက် ကယ်တင်ပေးဖို့ လုံလောက်ခဲ့ပုံပေါ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ မနက်မှာ အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ အက်စတာ ကူနီယိုရဲ့ အစ္စရေးလ်က အိမ်ကို လက်နက်ကိုင်ဆောင်ထားတဲ့သူတွေ ကျူးကျော်ဝင်ရောက်လာခဲ့တာကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ အက်စတာဟာဟာ ပြန်ပေးဆွဲခံရပြီး ဂါဇာကို ခေါ်ဆောင်သွားခြင်းခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း လီယွန်နယ် မက်ဆီရဲ့ နာမည်ကို တမ်းတလိုက်ချိန်မှာ အခြေအနေတွေက ရုတ်တရက်ပဲ ပြောင်းလဲသွားခဲ့ပါတယ်။

သေနတ်သမားက အက်စတာတို့ မိသားစုက ဘယ်ဇာတိလဲလို့ မေးမြန်းခဲ့ရာမှာ အာဂျင်တီးနားနိုင်ငံကဖြစ်ပြီး ဘောလုံးကို ချစ်မြတ်နိုးသူဖြစ်သလို အထူးသဖြင့် လီယွန်နယ် မက်ဆီကို အလွန်ချစ်မြတ်နိုးသူဖြစ်တယ်လို့ ပြောဆိုခဲ့ချိန်မှာ ပြန်ပေးဆွဲသမားရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ နာမည်က အမှောင်တိုက်ထဲက မျှော်လင့်ချက် အလင်းရောင်တစ်စဖြစ်ခဲ့ပြီး သေနတ်သမားက ချက်ချင်း သေနတ်နဲ့ ချိန်ထားတာကို ချလိုက်ပြီး အက်စတာနဲ့တောင် ဓာတ်ပုံအတူ တွဲရိုက်ခဲ့သေးတာဖြစ်ပါတယ်။

အက်စတာက “ကျွန်မ သူ့ကို အာဂျင်တီးနားဘာသာနဲ့ရော၊ စပိန်ဘာသာနဲ့ပါ ပြောခဲ့ပါတယ်။ သူ့ ဘာသာစကားကို ကျွန်မ နားမလည်ပါဘူး။ အာရပ်စကားနဲ့ ဟီးဘရူးစကားက ကျွန်မ တော်တော်လေး ညံ့ပါတယ်။ ကျွန်မက အာဂျင်တီးနားဆိုတာ စပိန်လိုပြောခဲ့တယ်။ သူက အာဂျင်တီးနားဆိုတာ ဘာလဲလို့ ပြန်ပေးတယ်။ အဲဒါနဲ့ ကျွန်မလည်း ဘောလုံးပွဲတွေ ကြည့်လားလို့ မေးတော့ သူလည်း ကြိုက်တယ်တဲ့။ အဲဒါနဲ့ ကျွန်မလည်း ကျွန်မက မက်ဆီရဲ့ နိုင်ငံကပါလို့ ပြောလိုက်တယ်။ သူက အံ့အားသင့်သွားပြီး ကျွန်မကို သူ မက်ဆီကို အရမ်းနှစ်သက်တယ်လို့ ပြောခဲ့တယ်။ သူက ကျွန်မ ပုခုံးပေါ်တောင် သူ့လက်ကို တင်ပြီး သူ့သေနတ်ကို ပေးခဲ့တယ်။ သူက ကျွန်မကို ငြိမ်းချမ်းရေးယူတဲ့သင်္ကေတလုပ်ပြပြီး သူတို့တွေ ဓာတ်ပုံရိုက်သွားခဲ့တယ်”

အက်စတာရဲ့ ပျော်ရွှင်မှုတွေဟာ သူမရဲ့ မြေးတွေ ဂါဇာမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိမှာတော့ မက်ဆီကို အဖမ်းခံထားရတဲ့ မြေးတွေ ပြန်လွတ်အောင် မက်ဆီကပဲ ကူညီပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် အာဂျင်တီးနားဂန္တဝင်ကို ကြားဝင်ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

“လီယွန်နယ်သာ သူ့နာမည်ကို ကျွန်မ တလိုက်လို့ အသက်ချမ်းသာရာရခဲ့တယ်ဆိုတာကို သိရင် အခု ဂါဇာမှာ ဖမ်းခံထားရတဲ့ ကျွန်မ မြေးလေးတွေကို ကယ်ပေးဖို့ တောင်းဆိုပါရစေ။ သူ့ကို ဘုရားသခင်ဆီ ဆုတောင်းပေးဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရွှေလိုအဖိုးတန်တဲ့သူတွေမို့လို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီရဲ႕နာမည္ဟာ ဂါဇာက ဟားမတ္စ္ေတြရဲ႕ ျပန္ေပးဆြဲခံရေတာ့မယ့္ အာဂ်င္တီးနားလူမ်ိဳး အဖြားအိုအတြက္ ကယ္တင္ေပးဖို႔ လုံေလာက္ခဲ့ပုံေပၚပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၇ ရက္ေန႔ မနက္မွာ အသက္ ၉၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ အက္စတာ ကူနီယိုရဲ႕ အစၥေရးလ္က အိမ္ကို လက္နက္ကိုင္ေဆာင္ထားတဲ့သူေတြ က်ဴးေက်ာ္ဝင္ေရာက္လာခဲ့တာေၾကာင့္ ထိတ္လန႔္တုန္လႈပ္ခဲ့ရပါတယ္။ အက္စတာဟာဟာ ျပန္ေပးဆြဲခံရၿပီး ဂါဇာကို ေခၚေဆာင္သြားျခင္းခံရႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း လီယြန္နယ္ မက္ဆီရဲ႕ နာမည္ကို တမ္းတလိုက္ခ်ိန္မွာ အေျခအေနေတြက ႐ုတ္တရက္ပဲ ေျပာင္းလဲသြားခဲ့ပါတယ္။

ေသနတ္သမားက အက္စတာတို႔ မိသားစုက ဘယ္ဇာတိလဲလို႔ ေမးျမန္းခဲ့ရာမွာ အာဂ်င္တီးနားႏိုင္ငံကျဖစ္ၿပီး ေဘာလုံးကို ခ်စ္ျမတ္ႏိုးသူျဖစ္သလို အထူးသျဖင့္ လီယြန္နယ္ မက္ဆီကို အလြန္ခ်စ္ျမတ္ႏိုးသူျဖစ္တယ္လို႔ ေျပာဆိုခဲ့ခ်ိန္မွာ ျပန္ေပးဆြဲသမားရဲ႕ အမူအရာက သိသိသာသာ ေျပာင္းလဲသြားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ နာမည္က အေမွာင္တိုက္ထဲက ေမွ်ာ္လင့္ခ်က္ အလင္းေရာင္တစ္စျဖစ္ခဲ့ၿပီး ေသနတ္သမားက ခ်က္ခ်င္း ေသနတ္နဲ႔ ခ်ိန္ထားတာကို ခ်လိုက္ၿပီး အက္စတာနဲ႔ေတာင္ ဓာတ္ပုံအတူ တြဲ႐ိုက္ခဲ့ေသးတာျဖစ္ပါတယ္။

အက္စတာက “ကြၽန္မ သူ႔ကို အာဂ်င္တီးနားဘာသာနဲ႔ေရာ၊ စပိန္ဘာသာနဲ႔ပါ ေျပာခဲ့ပါတယ္။ သူ႔ ဘာသာစကားကို ကြၽန္မ နားမလည္ပါဘူး။ အာရပ္စကားနဲ႔ ဟီးဘ႐ူးစကားက ကြၽန္မ ေတာ္ေတာ္ေလး ညံ့ပါတယ္။ ကြၽန္မက အာဂ်င္တီးနားဆိုတာ စပိန္လိုေျပာခဲ့တယ္။ သူက အာဂ်င္တီးနားဆိုတာ ဘာလဲလို႔ ျပန္ေပးတယ္။ အဲဒါနဲ႔ ကြၽန္မလည္း ေဘာလုံးပြဲေတြ ၾကည့္လားလို႔ ေမးေတာ့ သူလည္း ႀကိဳက္တယ္တဲ့။ အဲဒါနဲ႔ ကြၽန္မလည္း ကြၽန္မက မက္ဆီရဲ႕ ႏိုင္ငံကပါလို႔ ေျပာလိုက္တယ္။ သူက အံ့အားသင့္သြားၿပီး ကြၽန္မကို သူ မက္ဆီကို အရမ္းႏွစ္သက္တယ္လို႔ ေျပာခဲ့တယ္။ သူက ကြၽန္မ ပုခုံးေပၚေတာင္ သူ႔လက္ကို တင္ၿပီး သူ႔ေသနတ္ကို ေပးခဲ့တယ္။ သူက ကြၽန္မကို ၿငိမ္းခ်မ္းေရးယူတဲ့သေကၤတလုပ္ျပၿပီး သူတို႔ေတြ ဓာတ္ပုံ႐ိုက္သြားခဲ့တယ္”

အက္စတာရဲ႕ ေပ်ာ္႐ႊင္မႈေတြဟာ သူမရဲ႕ ေျမးေတြ ဂါဇာမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရတယ္ဆိုတာကို သိသြားတဲ့အခ်ိန္မွာေတာ့ ေပ်ာက္ကြယ္သြားခဲ့ၿပီး လက္ရွိမွာေတာ့ မက္ဆီကို အဖမ္းခံထားရတဲ့ ေျမးေတြ ျပန္လြတ္ေအာင္ မက္ဆီကပဲ ကူညီေပးႏိုင္မယ္လို႔ ယုံၾကည္တာေၾကာင့္ အာဂ်င္တီးနားဂႏၲဝင္ကို ၾကားဝင္ကူညီေပးဖို႔ ေမတၱာရပ္ခံခဲ့ပါတယ္။

“လီယြန္နယ္သာ သူ႔နာမည္ကို ကြၽန္မ တလိုက္လို႔ အသက္ခ်မ္းသာရာရခဲ့တယ္ဆိုတာကို သိရင္ အခု ဂါဇာမွာ ဖမ္းခံထားရတဲ့ ကြၽန္မ ေျမးေလးေတြကို ကယ္ေပးဖို႔ ေတာင္းဆိုပါရေစ။ သူ႔ကို ဘုရားသခင္ဆီ ဆုေတာင္းေပးဖို႔ ေျပာခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ေ႐ႊလိုအဖိုးတန္တဲ့သူေတြမို႔လို႔ပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.