MLS Messi

မက်ဆီနဲ့ ဆွာရက်ဇ်တို့ ဂိုးပေါက်ထပ်ပျောက်ပြီး နီဝဲလ်အိုးဘွိုင်းစ်ကိုတောင် မနိုင်ခဲ့တဲ့ မိုင်ယာမီ

အင်တာမိုင်ယာမီနဲ့ နီဝဲလ် အိုးဘွိုင်းစ်တို့ဟာ ကြာသပတေးနေ့ညက ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ငယ်ဘဝကလပ်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ တစ်နေ့ကျရင် နီဝဲလ် အိုးဘွိုင်းစ်ကို ပြန်သွားကစားပြီး ကစားသမားဘဝကနေ အနားယူလိမ့်မယ်ဆိုတဲ့ ပြောဆိုမှုတွေ အများအပြားရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြာသပတေးနေ့ပွဲစဉ်မှာတော့ အာဂျင်တီးနားကလပ်ဟာ အင်တာမိုင်ယာမီရဲ့ ခက်ခဲတဲ့ ကမ္ဘာပတ်ရာသီကြိုခရီးစဉ်ကို နောက်ချန်ထားခဲ့လို့ရနိုင်မယ့်ပုံပေါ်တဲ့ ပြိုင်ဘက်အသင်းပုံစံပေါက်ခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ လူးဝစ္စ ဆွာရက်ဇ်တို့ဟာ အင်တာ မိုင်ယာမီရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့ပေမယ့်လည်း မိနစ် ၆၀ အထိ ဂိုးပေါက်ရှာမတွေ့ခဲ့တာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပြီး လူစားဝင်ကစားသမားဖြစ်တဲ့ ဘော်ဂျီလင်က ၆၄ မိနစ်မှာ အင်တာမိုင်ယာမီအတွက် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နီဝဲလ် အိုးဘွိုင်းစ်ဟာ ဘော်ဂျီလင်ရဲ့ သူရဲကောင်းဖြစ်ခွင့်ကို ခိုးယူခဲ့ပြီး ဆိုးရွားတဲ့ ဘောလုံးပေးခဲ့ရမှုကနေ ဖရန်ကို မာတင် ဒီယက်ဇ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

မကြာမီအချိန်အတွင်း မေဂျာလိဂ်ရာသီသစ် စတင်တော့မှာဖြစ်တာကြောင့် ရာသီကြိုမှာ တစ်ဂိုးစီသာ သွင်းယူထားနိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီနဲ့ လူးဝစ္စ ဆွာရက်ဇ်တို့ရဲ့ စွမ်းဆောင်ရည်ကို အင်တာမိုင်ယာမီ ပရိသတ်တွေကြား စိုးရိမ်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာမိုင္ယာမီနဲ႔ နီဝဲလ္ အိုးဘြိဳင္းစ္တို႔ဟာ ၾကာသပေတးေန႔ညက ခ်စ္ၾကည္ေရး ေျခစမ္းပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္နဲ႔ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ငယ္ဘဝကလပ္အသင္းနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ တစ္ေန႔က်ရင္ နီဝဲလ္ အိုးဘြိဳင္းစ္ကို ျပန္သြားကစားၿပီး ကစားသမားဘဝကေန အနားယူလိမ့္မယ္ဆိုတဲ့ ေျပာဆိုမႈေတြ အမ်ားအျပားရွိေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၾကာသပေတးေန႔ပြဲစဥ္မွာေတာ့ အာဂ်င္တီးနားကလပ္ဟာ အင္တာမိုင္ယာမီရဲ႕ ခက္ခဲတဲ့ ကမာၻပတ္ရာသီႀကိဳခရီးစဥ္ကို ေနာက္ခ်န္ထားခဲ့လို႔ရႏိုင္မယ့္ပုံေပၚတဲ့ ၿပိဳင္ဘက္အသင္းပုံစံေပါက္ခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ လူးဝစၥ ဆြာရက္ဇ္တို႔ဟာ အင္တာ မိုင္ယာမီရဲ႕ တိုက္စစ္ကို ဦးေဆာင္ခဲ့ေပမယ့္လည္း မိနစ္ ၆၀ အထိ ဂိုးေပါက္ရွာမေတြ႕ခဲ့တာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး လူစားဝင္ကစားသမားျဖစ္တဲ့ ေဘာ္ဂ်ီလင္က ၆၄ မိနစ္မွာ အင္တာမိုင္ယာမီအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နီဝဲလ္ အိုးဘြိဳင္းစ္ဟာ ေဘာ္ဂ်ီလင္ရဲ႕ သူရဲေကာင္းျဖစ္ခြင့္ကို ခိုးယူခဲ့ၿပီး ဆိုး႐ြားတဲ့ ေဘာလုံးေပးခဲ့ရမႈကေန ဖရန္ကို မာတင္ ဒီယက္ဇ္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

မၾကာမီအခ်ိန္အတြင္း ေမဂ်ာလိဂ္ရာသီသစ္ စတင္ေတာ့မွာျဖစ္တာေၾကာင့္ ရာသီႀကိဳမွာ တစ္ဂိုးစီသာ သြင္းယူထားႏိုင္ခဲ့တဲ့ လီယြန္နယ္ မက္ဆီနဲ႔ လူးဝစၥ ဆြာရက္ဇ္တို႔ရဲ႕ စြမ္းေဆာင္ရည္ကို အင္တာမိုင္ယာမီ ပရိသတ္ေတြၾကား စိုးရိမ္မႈေတြ ရွိလာေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.