MLS Messi

တရုတ်မှာ မကစားတာ နိုင်ငံရေးကြောင့်လားဆိုတာ အဖြေပေးလိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဟောင်ကောင်မှာ ကစားခဲ့တဲ့ အင်တာ မိုင်ယာမီရဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားပေးခြင်းမရှိခဲ့တာက နိုင်ငံရေးအကြောင်းအရင်းတွေကြောင့်ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးက ဟောင်ကောင်မှာ ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲကို ဒဏ်ရာပြဿနာကြောင့် ပါဝင်မကစားပေးနိုင်ခဲ့တာဖြစ်တယ်လို့ ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့တာ ဖြစ်ပါတယ်။ မက်ဆီက တရုတ်လူမှုကွန်ရက် Weibo မှာ တင်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပေါင်တွင်းကြွက်သား ရောင်ရမ်းနေတာကြောင့် ယခုလအစောပိုင်းက အယ်လ်နာဆာနဲ့ ပွဲမှာလည်း ပွဲထွက်ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အင်တာမိုင်ယာမီကြယ်ပွင့်က နိုင်ငံရေးကြောင့်သာဆိုရင် ဂျပန်ကိုရော တရုတ်ကိုပါ လိုက်ပါခဲ့မှာမဟုတ်ဘူးလို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

“ဟောင်ကောင်က ပွဲအပြီးမှာ ပြောနေကြတဲ့ အရာတွေ တော်တော်များများကို ကြားခဲ့၊ ဖတ်ခဲ့ရတယ်။ ကျွန်တော် ဒီ ဗီဒီယိုကို မှတ်တမ်းတင်ပြီး ခင်ဗျားတို့ကို အမှန်တရားကို ပြောပြချင်တယ်။ အဲဒါမှ ဘယ်သူမှ ဆက်ပြီး သတင်းမှားတွေကို မဖတ်ကြတော့မှာပါ။ ကျွန်တော်က နိုင်ငံရေးအကြောင်းအရင်းတွေကြောင့် မကစားချင်ခဲ့ဘူးလို့ လူတွေ ပြောတာကို ကြားခဲ့ရပြီး အခြား အကြောင်းအရင်းတွေအများစုကလည်း လုံးဝကို မမှန်ပါဘူး။ အဲဒီလိုသာ တကယ်ဆိုရင် ကျွန်တော် ဂျပန်ကိုရော တရုတ်ကိုပါ လည်ပတ်ခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော့် ကစားသမားဘဝအစကတည်းက ကျွန်တော်က တရုတ်နဲ့ အရမ်းရင်းနှီးပြီး ထူးခြားတဲ့ ဆက်ဆံရေးရှိခဲ့တာပါ”

“သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော့်မှာ ပေါင်တွင်းကြွက်သား ရောင်ရမ်းတဲ့ပြဿနာရှိခဲ့ပြီး ဆော်ဒီအာရေဗျက ပထမဆုံးပွဲမှာ မကစားနိုင်ခဲ့ဘူး။ ဒုတိယပွဲမျာ ကျွန်တော် နည်းနည်းလောက် ကစားဖို့ ကြိုးစားခဲ့ပေမယ့် အဲဒါက ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။ ပြီးတော့ ဟောင်ကောင်က ပွဲမတိုင်ခင်နေ့မှာ လေ့ကျင့်ရေးဆင်းဖို့ ကြိုးစားခဲ့ပြီး လေ့ကျင့်ရေးကို ကြည့်ဖို့ လာခဲ့တဲ့သူအားလုံးအတွက် ကြိုးစားခဲ့ပါတယ်။ နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ ပိုကောင်းလာသလို နည်းနည်း ခံစားရပြီး အဲဒါကြောင့် ဂျပန်မှာ ရှေ့လာမယ့်ပွဲတွေအတွက် ကြံ့ခိုင်မှုအပိုင်းကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နည်းနည်း ဝင်ကစားခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ကစားဖို့ လိုအပ်ပြီး အရှိန်မြန်မြန်နဲ့ ပြန်ကောင်းလာဖို့ လိုလို့ပါ။”လို့ ပြောဆိုခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဗစ်ဆယ် ကိုဘေးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံကနေ ပါဝင်ကစားပေးခဲ့ပြီးနောက် မိခင်ကလပ် နီဝဲလ် အိုးဘွိုင်းစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန်အလယ်လောက်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ေဟာင္ေကာင္မွာ ကစားခဲ့တဲ့ အင္တာ မိုင္ယာမီရဲ႕ ေျခစမ္းပြဲမွာ ပါဝင္ကစားေပးျခင္းမရွိခဲ့တာက ႏိုင္ငံေရးအေၾကာင္းအရင္းေတြေၾကာင့္ျဖစ္တယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးက ေဟာင္ေကာင္မွာ ကစားခဲ့တဲ့ ခ်စ္ၾကည္ေရး ေျခစမ္းပြဲကို ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္မကစားေပးႏိုင္ခဲ့တာျဖစ္တယ္လို႔ ရွင္းျပထားတဲ့ ဗီဒီယိုဖိုင္ကို မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ မက္ဆီက တ႐ုတ္လူမႈကြန္ရက္ Weibo မွာ တင္ခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ ေပါင္တြင္းႂကြက္သား ေရာင္ရမ္းေနတာေၾကာင့္ ယခုလအေစာပိုင္းက အယ္လ္နာဆာနဲ႔ ပြဲမွာလည္း ပြဲထြက္ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အင္တာမိုင္ယာမီၾကယ္ပြင့္က ႏိုင္ငံေရးေၾကာင့္သာဆိုရင္ ဂ်ပန္ကိုေရာ တ႐ုတ္ကိုပါ လိုက္ပါခဲ့မွာမဟုတ္ဘူးလို႔ ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။

“ေဟာင္ေကာင္က ပြဲအၿပီးမွာ ေျပာေနၾကတဲ့ အရာေတြ ေတာ္ေတာ္မ်ားမ်ားကို ၾကားခဲ့၊ ဖတ္ခဲ့ရတယ္။ ကြၽန္ေတာ္ ဒီ ဗီဒီယိုကို မွတ္တမ္းတင္ၿပီး ခင္ဗ်ားတို႔ကို အမွန္တရားကို ေျပာျပခ်င္တယ္။ အဲဒါမွ ဘယ္သူမွ ဆက္ၿပီး သတင္းမွားေတြကို မဖတ္ၾကေတာ့မွာပါ။ ကြၽန္ေတာ္က ႏိုင္ငံေရးအေၾကာင္းအရင္းေတြေၾကာင့္ မကစားခ်င္ခဲ့ဘူးလို႔ လူေတြ ေျပာတာကို ၾကားခဲ့ရၿပီး အျခား အေၾကာင္းအရင္းေတြအမ်ားစုကလည္း လုံးဝကို မမွန္ပါဘူး။ အဲဒီလိုသာ တကယ္ဆိုရင္ ကြၽန္ေတာ္ ဂ်ပန္ကိုေရာ တ႐ုတ္ကိုပါ လည္ပတ္ခဲ့မွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္ ကစားသမားဘဝအစကတည္းက ကြၽန္ေတာ္က တ႐ုတ္နဲ႔ အရမ္းရင္းႏွီးၿပီး ထူးျခားတဲ့ ဆက္ဆံေရးရွိခဲ့တာပါ”

“သတင္းစာရွင္းလင္းပြဲမွာ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ ကြၽန္ေတာ့္မွာ ေပါင္တြင္းႂကြက္သား ေရာင္ရမ္းတဲ့ျပႆနာရွိခဲ့ၿပီး ေဆာ္ဒီအာေရဗ်က ပထမဆုံးပြဲမွာ မကစားႏိုင္ခဲ့ဘူး။ ဒုတိယပြဲမ်ာ ကြၽန္ေတာ္ နည္းနည္းေလာက္ ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဲဒါက ပိုၿပီးဆိုး႐ြားသြားခဲ့ပါတယ္။ ၿပီးေတာ့ ေဟာင္ေကာင္က ပြဲမတိုင္ခင္ေန႔မွာ ေလ့က်င့္ေရးဆင္းဖို႔ ႀကိဳးစားခဲ့ၿပီး ေလ့က်င့္ေရးကို ၾကည့္ဖို႔ လာခဲ့တဲ့သူအားလုံးအတြက္ ႀကိဳးစားခဲ့ပါတယ္။ ေနာက္ထပ္ ရက္အနည္းငယ္အၾကာမွာေတာ့ ပိုေကာင္းလာသလို နည္းနည္း ခံစားရၿပီး အဲဒါေၾကာင့္ ဂ်ပန္မွာ ေရွ႕လာမယ့္ပြဲေတြအတြက္ ႀကံ့ခိုင္မႈအပိုင္းကို ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ နည္းနည္း ဝင္ကစားခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ကစားဖို႔ လိုအပ္ၿပီး အရွိန္ျမန္ျမန္နဲ႔ ျပန္ေကာင္းလာဖို႔ လိုလို႔ပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဗစ္ဆယ္ ကိုေဘးနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အရန္ခုံကေန ပါဝင္ကစားေပးခဲ့ၿပီးေနာက္ မိခင္ကလပ္ နီဝဲလ္ အိုးဘြိဳင္းစ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ဒုတိယပိုင္းပြဲကစားခ်ိန္အလယ္ေလာက္မွာ လူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.