MLS Messi

မက်ဆီကို လေ့ကျင့်ရေးမှာ အရူးလို့ သမုတ်ခဲ့တဲ့ ဆွာရက်ဇ်

လီယွန်နယ် မက်ဆီကို တော်ရုံတန်ရုံလူတော်တော်များများက စော်ကားမော်ကားမပြောရဲပေမယ့်လည်း လူးဝစ္စ ဆွာရက်ဇ်ကတော့ အင်တာမိုင်ယာမီ လေ့ကျင့်ရေးက အာဂျင်တီးနားကြယ်ပွင့်ရဲ့ အပြုအမူကြောင့် ပြောဖို့လိုအပ်တယ်လို့ ခံစားခဲ့ရပါတယ်။

ဘာစီလိုနာမှာ အတူတူရှိခဲ့တဲ့အချိန်အတွင်း အလွန်ကောင်းမွန်တဲ့ တိုက်စစ်အတွဲကို ပုံဖော်နိုင်ခဲ့တဲ့ အသင်းဖော်ဟောင်း ၂ ဦးဟာ ဒေးဗစ် ဘက်ဟမ်းရဲ့ အင်တာ မိုင်ယာမီအသင်းမှာ ပြန်လည် ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီဟာ လက်ရှိမှာတော့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကစားရမယ့် ရာသီသစ် အဖွင့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေပြီး အယ်လ် ဆယ်ဗာဒေါ်၊ ဒါးလက်စ်အသင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲကစားခဲ့ကြပါတယ်။ နောက်ထပ် လာမယ့် ခြေစမ်းပွဲကတော့ ဆော်ဒီ အာရေဗျကို သွားပြီး အယ်လ်ဟီလာလ်၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာတို့နဲ့ ကစားသွားမှာဖြစ်ပြီး အင်တာ မိုင်ယာမီကြယ်ပွင့်တွေဟာ လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ပြောမနာ ဆိုမနာ သူငယ်ချင်း လီယွန်နယ် မက်ဆီကို စိတ်တိုတိုနဲ့ ငေါက်ခဲ့တဲ့အထိ တော်တော်လေး ပြင်းထန်တဲ့ နောက်ပြောင်ခြင်းကို ခံခဲ့ရပြီး လီဗာပူးလ်နဲ့ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟောင်းဟာ အသင်းဖော်တွေ ဟိုဘက်ဒီဘက် ၂ တန်းတန်းပြီး ဝန်းရံထားတဲ့ကြားကနေ ပြေးလွှားခဲ့ချိန်မှာ အသင်းဖော်တွေက လည်ပင်းကို ဝိုင်းရိုက်ခဲ့ကြတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက လူတန်းရဲ့ အဆုံးမှာ ရှိနေခဲ့ပြီး သူငယ်ချင်းဖြစ်သူကို ရိုက်ရမယ့်အလှည့်မှာ လိုတာထက် ပိုပြီး အားထည့်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဆွာရက်ဇ်က အဲဒါကို မကျေမနပ်ဖြစ်ခဲ့ပြီး “မင်း ဘယ်တုန်းကတည်းက စင်္ကြံအတိုင်း ပြေးလာတဲ့သူကို လက်သီးနဲ့ ထိုးနေခဲ့တာလဲ သောက်ရူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ တနင်္လာနေ့က ကော့တွန်ဘောင်းမှာ ပထမဆုံးအကြိမ် ပြန်လည် တွဲကစားခဲ့ကြပြီး ဘောလုံးစူပါစတားတွေ ပါဝင်ကစားတဲ့ပွဲဖြစ်ပေမယ့်လည်း တက်ရောက်ကြည့်ရှုသူ နည်းပါးခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ လီယွန်နယ် မက်ဆီက ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းဖို့ ကြိုးပမ်းခဲ့ပြီး ဂိုးသမား မာတန် ပေးစ်က ဂိုးစည်းပေါ်ကနေ လက်မတင်လေးကာကွယ်နိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

အင်တာမိုင်ယာမီနဲ့ လီယွန်နယ် မက်ဆီတို့ဟာ တနင်္လာနေ့ ရီယက်ဒ်မှာ အယ်လ် ဟီလာလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ပြီးရင် ဖေဖော်ဝါရီ ၁ ရက်နေ့ညမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာနဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီကို ေတာ္႐ုံတန္႐ုံလူေတာ္ေတာ္မ်ားမ်ားက ေစာ္ကားေမာ္ကားမေျပာရဲေပမယ့္လည္း လူးဝစၥ ဆြာရက္ဇ္ကေတာ့ အင္တာမိုင္ယာမီ ေလ့က်င့္ေရးက အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ အျပဳအမူေၾကာင့္ ေျပာဖို႔လိုအပ္တယ္လို႔ ခံစားခဲ့ရပါတယ္။

ဘာစီလိုနာမွာ အတူတူရွိခဲ့တဲ့အခ်ိန္အတြင္း အလြန္ေကာင္းမြန္တဲ့ တိုက္စစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့တဲ့ အသင္းေဖာ္ေဟာင္း ၂ ဦးဟာ ေဒးဗစ္ ဘက္ဟမ္းရဲ႕ အင္တာ မိုင္ယာမီအသင္းမွာ ျပန္လည္ ဆုံဆည္းခဲ့ၾကတာျဖစ္ပါတယ္။

အင္တာ မိုင္ယာမီဟာ လက္ရွိမွာေတာ့ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔မွာ ကစားရမယ့္ ရာသီသစ္ အဖြင့္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္ေနၿပီး အယ္လ္ ဆယ္ဗာေဒၚ၊ ဒါးလက္စ္အသင္းတို႔နဲ႔ ရာသီႀကိဳေျခစမ္းပြဲကစားခဲ့ၾကပါတယ္။ ေနာက္ထပ္ လာမယ့္ ေျခစမ္းပြဲကေတာ့ ေဆာ္ဒီ အာေရဗ်ကို သြားၿပီး အယ္လ္ဟီလာလ္၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာတို႔နဲ႔ ကစားသြားမွာျဖစ္ၿပီး အင္တာ မိုင္ယာမီၾကယ္ပြင့္ေတြဟာ ေလ့က်င့္ေရးေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ ေျပာမနာ ဆိုမနာ သူငယ္ခ်င္း လီယြန္နယ္ မက္ဆီကို စိတ္တိုတိုနဲ႔ ေငါက္ခဲ့တဲ့အထိ ေတာ္ေတာ္ေလး ျပင္းထန္တဲ့ ေနာက္ေျပာင္ျခင္းကို ခံခဲ့ရၿပီး လီဗာပူးလ္နဲ႔ အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉးေဟာင္းဟာ အသင္းေဖာ္ေတြ ဟိုဘက္ဒီဘက္ ၂ တန္းတန္းၿပီး ဝန္းရံထားတဲ့ၾကားကေန ေျပးလႊားခဲ့ခ်ိန္မွာ အသင္းေဖာ္ေတြက လည္ပင္းကို ဝိုင္း႐ိုက္ခဲ့ၾကတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက လူတန္းရဲ႕ အဆုံးမွာ ရွိေနခဲ့ၿပီး သူငယ္ခ်င္းျဖစ္သူကို ႐ိုက္ရမယ့္အလွည့္မွာ လိုတာထက္ ပိုၿပီး အားထည့္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဆြာရက္ဇ္က အဲဒါကို မေက်မနပ္ျဖစ္ခဲ့ၿပီး “မင္း ဘယ္တုန္းကတည္းက စႀကႍအတိုင္း ေျပးလာတဲ့သူကို လက္သီးနဲ႔ ထိုးေနခဲ့တာလဲ ေသာက္႐ူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ဟာ တနလၤာေန႔က ေကာ့တြန္ေဘာင္းမွာ ပထမဆုံးအႀကိမ္ ျပန္လည္ တြဲကစားခဲ့ၾကၿပီး ေဘာလုံးစူပါစတားေတြ ပါဝင္ကစားတဲ့ပြဲျဖစ္ေပမယ့္လည္း တက္ေရာက္ၾကည့္ရႈသူ နည္းပါးခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ လီယြန္နယ္ မက္ဆီက ေထာင့္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဂိုးသမား မာတန္ ေပးစ္က ဂိုးစည္းေပၚကေန လက္မတင္ေလးကာကြယ္ႏိုင္ခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြၾကားမွာ ပ်ံ႕ႏွံ႔ခဲ့ပါေသးတယ္။

အင္တာမိုင္ယာမီနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ တနလၤာေန႔ ရီယက္ဒ္မွာ အယ္လ္ ဟီလာလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ၿပီးရင္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ညမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာနဲ႔ ေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.