MLS Messi

လယ်သမားတွေတောင် ဂိုးမသွင်းနိုင်ဘူးလို့ ဝေဖန်ခံနေရတဲ့ မက်ဆီ

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီ ဦးဆောင်ခဲ့တဲ့ အင်တာ မိုင်ယာမီအသင်းဟာ သောကြာနေ့ညက အယ်လ် ဆယ်ဗါဒေါ်နဲ့ ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ အနိုင်ကစားနိုင်ခြင်းမရှိခဲ့တာကို တုံ့ပြန်ခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ လာမယ့်ရာသီသစ်အတွက် သောကြာနေ့မှာ ကြိုတင်ပြင်ဆင်မှုတွေ စတင်တဲ့အနေနဲ့ ခြေစမ်းပွဲ ကစားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ရာသီပြန်မစတင်ခင် မတူညီတဲ့နေရာတွေမှာ ခြေစမ်းပွဲ ၇ ပွဲအထိ ကစားသွားမှာ ဖြစ်ပါတယ်။

အင်တာ မိုင်ယာမီဟာ သောကြာနေ့က ကပ်စ်ကတ်တလန်ကွင်းမှာ အယ်လ် ဆယ်ဗါဒေါ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းဖော်ဟောင်းဖြစ်တဲ့ ကစားသမားသစ် လူးဝစ္စ ဆွာရက်ဇ်နဲ့အတူ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီနဲ့ ဆွာရက်ဇ်တို့ တိုက်စစ်အတွဲဟာ အယ်လ် ဆေဗါဒေါ်နောက်တန်းကို မထိုးဖောက်နိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးသွားခဲ့ပြီး အင်တာ မိုင်ယာမီ နည်းပြက ကြယ်ပွင့်ကစားသမား ၂ ဦးစလုံးကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာဖြစ်ပါတယ်။

အင်တာ မိုင်ယာမီဟာ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၃ ကြိမ်က ဂိုးပေါက်တည့်ခဲ့ပေမယ့်လည်း အယ်လ် ဆယ်ဗါဒေါ်က ၁၀ ကြိမ်မှာ ၂ ကြိမ် ဂိုးပေါက်တည့်ခဲ့တာ ဖြစ်ပါတယ်။ ရာသီသစ်မစတင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းတဲ့သဘောသာဖြစ်ပေမယ့်လည်း လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကတော့ အင်တာမိုင်ယာမီနဲ့ လီယွန်နယ် မက်ဆီတို့ကို မညှာမတာ ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

“ထုံးစံအတိုင်းပဲ ပက်စီတို့ကတော့ ပျောက်နေပြန်ပြီ”လို့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့ ပုံကို ပရိုဖိုင်တင်ထားသူ ရော်နယ်လ်ဒိုပရိသတ်လို့ ယူဆရတဲ့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး ရော်နယ်လ်ဒိုပုံ ပရိုဖိုင်တင်ထားတဲ့ နောက်ထပ်တစ်ဦးကလည်း “မက်ဆီကတော့ အယ်လ် ဆယ်ဗါဒေါ်က လယ်သမားတွေကိုတောင် ဂိုးမသွင်းနိုင်ခဲ့ဘူး”လို့ လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ လီယြန္နယ္ မက္ဆီ ဦးေဆာင္ခဲ့တဲ့ အင္တာ မိုင္ယာမီအသင္းဟာ ေသာၾကာေန႔ညက အယ္လ္ ဆယ္ဗါေဒၚနဲ႔ ကစားခဲ့တဲ့ ခ်စ္ၾကည္ေရးေျခစမ္းပြဲမွာ အႏိုင္ကစားႏိုင္ျခင္းမရွိခဲ့တာကို တုံ႔ျပန္ခဲ့ပါတယ္။

အင္တာမိုင္ယာမီဟာ လာမယ့္ရာသီသစ္အတြက္ ေသာၾကာေန႔မွာ ႀကိဳတင္ျပင္ဆင္မႈေတြ စတင္တဲ့အေနနဲ႔ ေျခစမ္းပြဲ ကစားခဲ့တာျဖစ္ၿပီး ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ ရာသီျပန္မစတင္ခင္ မတူညီတဲ့ေနရာေတြမွာ ေျခစမ္းပြဲ ၇ ပြဲအထိ ကစားသြားမွာ ျဖစ္ပါတယ္။

အင္တာ မိုင္ယာမီဟာ ေသာၾကာေန႔က ကပ္စ္ကတ္တလန္ကြင္းမွာ အယ္လ္ ဆယ္ဗါေဒၚနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ကစားသမားသစ္ လူးဝစၥ ဆြာရက္ဇ္နဲ႔အတူ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ တိုက္စစ္အတြဲဟာ အယ္လ္ ေဆဗါေဒၚေနာက္တန္းကို မထိုးေဖာက္ႏိုင္ခဲ့ဘဲ ဂိုးမရွိသေရနဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ၿပီး အင္တာ မိုင္ယာမီ နည္းျပက ၾကယ္ပြင့္ကစားသမား ၂ ဦးစလုံးကို ပထမပိုင္းအၿပီးမွာ လူစားလဲခဲ့တာျဖစ္ပါတယ္။

အင္တာ မိုင္ယာမီဟာ ဂိုးေပါက္ကန္သြင္းဖို႔ ႀကိဳးပမ္းမႈ ၆ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ၃ ႀကိမ္က ဂိုးေပါက္တည့္ခဲ့ေပမယ့္လည္း အယ္လ္ ဆယ္ဗါေဒၚက ၁၀ ႀကိမ္မွာ ၂ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တာ ျဖစ္ပါတယ္။ ရာသီသစ္မစတင္ခင္ ေသြးပူေလ့က်င့္ခန္းဆင္းတဲ့သေဘာသာျဖစ္ေပမယ့္လည္း လူမႈကြန္ရက္ေပၚက ပရိသတ္ေတြကေတာ့ အင္တာမိုင္ယာမီနဲ႔ လီယြန္နယ္ မက္ဆီတို႔ကို မညႇာမတာ ျပစ္တင္ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

“ထုံးစံအတိုင္းပဲ ပက္စီတို႔ကေတာ့ ေပ်ာက္ေနျပန္ၿပီ”လို႔ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြရဲ႕ ပုံကို ပ႐ိုဖိုင္တင္ထားသူ ေရာ္နယ္လ္ဒိုပရိသတ္လို႔ ယူဆရတဲ့ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေရာ္နယ္လ္ဒိုပုံ ပ႐ိုဖိုင္တင္ထားတဲ့ ေနာက္ထပ္တစ္ဦးကလည္း “မက္ဆီကေတာ့ အယ္လ္ ဆယ္ဗါေဒၚက လယ္သမားေတြကိုေတာင္ ဂိုးမသြင္းႏိုင္ခဲ့ဘူး”လို႔ ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.