MLS Messi

မက်ဆီနဲ့ ဆွာရက်ဇ်တို့ အစွမ်းနဲ့ နက်ရှ်ဗီးကို ပြန်လိုက်တီးတဲ့ အင်တာ မိုင်ယာမီ

ဒီနေ့မနက် ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နက်ရှ်ဗီးနဲ့ အင်တာ မိုင်ယာမီတို့ရဲ့ Concacaf ချန်ပီယံဖလား ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ကြပြီး တစ်ဖက် ၂ ဂိုးစီ သရေနဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းစတင်ပြီး ၄ မိနစ်အကြာမှာပဲ ဂျေကော့ဘ် ရှက်ဖယ်ဘာ့ဂ်က ပင်နယ်တီဧရိယာအလယ်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ပြီး နက်ရှ်ဗီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။ အင်တာမိုင်ယာမီက စောစောစီးစီး ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် ပြန်လည်ချေပဖို့ ကြိုးပမ်းခဲ့ကြပြီး မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့ အပိုင်ဂိုးကန်သွင်းမှုတွေကို နက်ရှ်ဗီးဂိုးသမား ဝေလစ်က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စစချင်းမှာ ရှက်ဖယ်ဘာ့ဂ်ကပဲ ပင်နယ်တီဧရိယာဘယ်အစွန်ကနေ ညာခြေနဲ့ ဂိုးညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းယူသွားလို့ အင်တာမိုင်ယာမီတို့ နောက်ထပ် ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြန်ပါတယ်။ ၅၂ မိနစ်မှာတော့ အင်တာ မိုင်ယာမီအတွက် အရေးပါတဲ့ ချေပဂိုးကို လီယွန်နယ် မက်ဆီက လူးဝစ္စ ဆွာရက်ဇ်ရဲ့ ပေးပို့မှုကနေ ပင်နယ်တီဧရိယာထိပ်က ကန်သွင်းနေကျပုံစံအတိုင်း ဂိုးဘယ်ဖက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီက နောက်ထပ်လိုအပ်တဲ့ ချေပဂိုး ထပ်မံသွင်းယူနိုင်ဖို့ တရစပ်ကြိုးပမ်းလာတာကြောင့် ပွဲက အကြိတ်အနယ်ပိုရှိလာခဲ့ပြီး ၈၃ မိနစ်မှာ ရှက်မိုး နက်ရှ်ဗီးအတွက် နောက်ထပ်ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း VAR လူကျွံဘောအဖြစ် သတ်မှတ်ပြီး ဂိုးကိုပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီတို့ အဲဒီဂိုးကို မပေးခဲ့ရတာက တော်တော်လေး ကံကောင်းသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး နောက်ထပ် ၁၀ မိနစ်ကျော်အကြာ နာကျင်အချိန်ပိုမှာ လူးဝစ္စ ဆွာရက်ဇ်က ဆာဂီယို ဘူးစ်ကတ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်ပြီး တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီဟာ ပထမအကျော့ အဝေးကွင်းမှာ နက်ရှ်ဗီးကို သရေရအောင် ကစားနိုင်ခဲ့တာကြောင့် ဒုတိယအကျော့ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့်ပွဲမှာ အနိုင်ရလဒ်နဲ့အတူ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔မနက္ ၈ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ နက္ရွ္ဗီးနဲ႔ အင္တာ မိုင္ယာမီတို႔ရဲ႕ Concacaf ခ်န္ပီယံဖလား ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္ဟာ အႀကိတ္အနယ္ရွိခဲ့ၾကၿပီး တစ္ဖက္ ၂ ဂိုးစီ သေရနဲ႔ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ပထမပိုင္းစတင္ၿပီး ၄ မိနစ္အၾကာမွာပဲ ေဂ်ေကာ့ဘ္ ရွက္ဖယ္ဘာ့ဂ္က ပင္နယ္တီဧရိယာအလယ္ကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ၿပီး နက္ရွ္ဗီးအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့ပါတယ္။ အင္တာမိုင္ယာမီက ေစာေစာစီးစီး ဦးေဆာင္ဂိုးေပးလိုက္ရတာေၾကာင့္ ျပန္လည္ေခ်ပဖို႔ ႀကိဳးပမ္းခဲ့ၾကၿပီး မက္ဆီနဲ႔ ဆြာရက္ဇ္တို႔ရဲ႕ အပိုင္ဂိုးကန္သြင္းမႈေတြကို နက္ရွ္ဗီးဂိုးသမား ေဝလစ္က ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စစခ်င္းမွာ ရွက္ဖယ္ဘာ့ဂ္ကပဲ ပင္နယ္တီဧရိယာဘယ္အစြန္ကေန ညာေျခနဲ႔ ဂိုးညာဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းယူသြားလို႔ အင္တာမိုင္ယာမီတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရျပန္ပါတယ္။ ၅၂ မိနစ္မွာေတာ့ အင္တာ မိုင္ယာမီအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို လီယြန္နယ္ မက္ဆီက လူးဝစၥ ဆြာရက္ဇ္ရဲ႕ ေပးပို႔မႈကေန ပင္နယ္တီဧရိယာထိပ္က ကန္သြင္းေနက်ပုံစံအတိုင္း ဂိုးဘယ္ဖက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီက ေနာက္ထပ္လိုအပ္တဲ့ ေခ်ပဂိုး ထပ္မံသြင္းယူႏိုင္ဖို႔ တရစပ္ႀကိဳးပမ္းလာတာေၾကာင့္ ပြဲက အႀကိတ္အနယ္ပိုရွိလာခဲ့ၿပီး ၈၃ မိနစ္မွာ ရွက္မိုး နက္ရွ္ဗီးအတြက္ ေနာက္ထပ္ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ေပမယ့္လည္း VAR လူကြၽံေဘာအျဖစ္ သတ္မွတ္ၿပီး ဂိုးကိုပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီတို႔ အဲဒီဂိုးကို မေပးခဲ့ရတာက ေတာ္ေတာ္ေလး ကံေကာင္းသြားခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး ေနာက္ထပ္ ၁၀ မိနစ္ေက်ာ္အၾကာ နာက်င္အခ်ိန္ပိုမွာ လူးဝစၥ ဆြာရက္ဇ္က ဆာဂီယို ဘူးစ္ကတ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ေခါင္းတိုက္ၿပီး တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားေစမယ့္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီဟာ ပထမအေက်ာ့ အေဝးကြင္းမွာ နက္ရွ္ဗီးကို သေရရေအာင္ ကစားႏိုင္ခဲ့တာေၾကာင့္ ဒုတိယအေက်ာ့ အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမယ့္ပြဲမွာ အႏိုင္ရလဒ္နဲ႔အတူ ေနာက္တစ္ဆင့္တက္ဖို႔ အခြင့္အေရးေကာင္း ပိုင္ဆိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.