MLS Messi

သရဲနီတွေရဲ့ဖုန်းတစ်ဂိုးရှင်ကို ဂိုးသမားဆုအတွက် မဲပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီရဲ့ ၂၀၂၃ ဖီဖာ အကောင်းဆုံးဂိုးသမားဆုအတွက် မဲပေးခဲ့မှု ထွက်ပေါ်လာခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အီဒါဆန် မိုရေးစ်၊ အန်ဒရီ အိုနာနာ၊ တာစတီဂျန်တို့ကို မဲပေးခဲ့ပါတယ်။

အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်ဟာ လီယွန်နယ် မက်ဆီရဲ့ ပထမဆုံး ရွေးချယ်မှုဖြစ်ပြီး ဘရာဇီးလ်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးရဲ့ ဆုဖလား ၃ လုံးအောင်မြင်မှုမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အီဒါဆန်ဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ စုစုပေါင်း ၄၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ပေးဂိုးမရှိပွဲစဉ် ၁၉ ပွဲအထိ ရရှိခဲ့တာဖြစ်ပြီး လက်ရှိ မန်ချက်စတာယူနိုက်တက်မှာ ဝေဖန်မှုတွေ ခံနေရတဲ့ အန်ဒရီ အိုနာနာကိုတော့ မက်ဆီက ဒုတိယရွေးချယ်မှုအဖြစ် မဲပေးခဲ့တာဖြစ်ပါတယ်။

ကင်မရွန်း လက်ရွေးစင်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အင်တာမီလန်အသင်းအတွက် အရေးကြီးတဲ့ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး အိုနာနာဟာ ၄၁ ပွဲ ကစားပေးခဲ့ရာမှာ ၁၉ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလက်စွမ်းကြောင့်ပဲ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ယူရို ၅၁ သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်တဲ့ တာစတီဂျန်ကတော့ အာဂျင်တီးနားဂန္တဝင်ရဲ့ နောက်ဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ဂိုးသမားဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ အလွန်ကောင်းမွန်ခဲ့သူဖြစ်ပြီး ဘာစီလိုနာအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားပေးခဲ့ရာမှာ ၂၈ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

တာစတီဂျန်ဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအတွက် လာလီဂါ ၂၆ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် လာလီဂါစံချိန်သစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုကို အာလင်း ဟာလန်းနဲ့ အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ဆုရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၈ ဆုရှင်ဟာ လက်ရှိမှာတော့ ဖီဖာရဲ့ အကောင်းဆုံးဆုကို ၄ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၀၉၊ ၂၀၁၉၊ ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွေမှာ အနိုင်ရရှိသူအဖြစ် ကြေညာခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီရဲ႕ ၂၀၂၃ ဖီဖာ အေကာင္းဆုံးဂိုးသမားဆုအတြက္ မဲေပးခဲ့မႈ ထြက္ေပၚလာခဲ့ၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ အီဒါဆန္ မိုေရးစ္၊ အန္ဒရီ အိုနာနာ၊ တာစတီဂ်န္တို႔ကို မဲေပးခဲ့ပါတယ္။

အေကာင္းဆုံးဂိုးသမားဆုကို ရရွိခဲ့တဲ့ မန္ခ်က္စတာစီးတီးဂိုးသမား အီဒါဆန္ဟာ လီယြန္နယ္ မက္ဆီရဲ႕ ပထမဆုံး ေ႐ြးခ်ယ္မႈျဖစ္ၿပီး ဘရာဇီးလ္ဂိုးသမားဟာ ၿပီးခဲ့တဲ့ရာသီ မန္စီးတီးရဲ႕ ဆုဖလား ၃ လုံးေအာင္ျမင္မႈမွာ အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

အီဒါဆန္ဟာ ၂၀၂၂-၂၀၂၃ ရာသီမွာ စုစုေပါင္း ၄၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ေပးဂိုးမရွိပြဲစဥ္ ၁၉ ပြဲအထိ ရရွိခဲ့တာျဖစ္ၿပီး လက္ရွိ မန္ခ်က္စတာယူႏိုက္တက္မွာ ေဝဖန္မႈေတြ ခံေနရတဲ့ အန္ဒရီ အိုနာနာကိုေတာ့ မက္ဆီက ဒုတိယေ႐ြးခ်ယ္မႈအျဖစ္ မဲေပးခဲ့တာျဖစ္ပါတယ္။

ကင္မ႐ြန္း လက္ေ႐ြးစင္ဂိုးသမားဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တဲ့ အင္တာမီလန္အသင္းအတြက္ အေရးႀကီးတဲ့ကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး အိုနာနာဟာ ၄၁ ပြဲ ကစားေပးခဲ့ရာမွာ ၁၉ ပြဲ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီလက္စြမ္းေၾကာင့္ပဲ ၿပီးခဲ့တဲ့ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ယူ႐ို ၅၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တာျဖစ္ၿပီး မက္ဆီရဲ႕ ဘာစီလိုနာအသင္းေဖာ္ေဟာင္းျဖစ္တဲ့ တာစတီဂ်န္ကေတာ့ အာဂ်င္တီးနားဂႏၲဝင္ရဲ႕ ေနာက္ဆုံးေ႐ြးခ်ယ္မႈျဖစ္ခဲ့ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ဂိုးသမားဟာ ၂၀၂၂-၂၀၂၃ ရာသီမွာ အလြန္ေကာင္းမြန္ခဲ့သူျဖစ္ၿပီး ဘာစီလိုနာအတြက္ ပြဲေပါင္း ၅၀ ပါဝင္ကစားေပးခဲ့ရာမွာ ၂၈ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

တာစတီဂ်န္ဟာ ၿပီးခဲ့တဲ့ရာသီ လာလီဂါခ်န္ပီယံျဖစ္ခဲ့တဲ့ ဘာစီလိုနာအတြက္ လာလီဂါ ၂၆ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ လာလီဂါစံခ်ိန္သစ္ ေရးထိုးႏိုင္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီဟာ ဖီဖာရဲ႕ အေကာင္းဆုံးကစားသမားဆုကို အာလင္း ဟာလန္းနဲ႔ အမ္ဘာေပတို႔ကို ေက်ာ္ျဖတ္ၿပီး ဆုရရွိသြားခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၈ ဆုရွင္ဟာ လက္ရွိမွာေတာ့ ဖီဖာရဲ႕ အေကာင္းဆုံးဆုကို ၄ ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ၿပီး ၂၀၀၉၊ ၂၀၁၉၊ ၂၀၂၂၊ ၂၀၂၃ ခုႏွစ္ေတြမွာ အႏိုင္ရရွိသူအျဖစ္ ေၾကညာျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.