Premier League

နည်းပြဆီက တောင်းပန်စကားရရှိခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လာဖို့ ပြင်နေတဲ့ မန်ယူနိုက်တက်အပယ်ခံ

မန်ချက်စတာယူနိုက်တက်အပယ်ခံဟာ အငှားနဲ့ သွားကစားနေတဲ့အသင်းနည်းပြဆီကနေ တောင်းပန်စကားကို လက်ခံရရှိခဲ့ပြီးနောက် အသင်းကို ပြန်လာဖို့ ပြင်ဆင်နေပုံပေါ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မအောင်မြင်တဲ့ ကစားသမားခေါ်ယူမှုအများအပြား ပြုလုပ်ခဲ့တာဖြစ်ပြီး ဆန်ချိုကတော့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ မအောင်မြင်တဲ့ ခေါ်ယူမှုဖြစ်ပါတယ်။ သရဲနီတွေဟာ ဒေါ့မွန်တောင်ပံကစားသမားကို ၂၀၂၁ ခုနှစ်မှာ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီမှာ နည်းပြတန်ဟက်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါကို အငှားနဲ့ ပြန်သွားကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆန်ချိုက အနည်းဆုံးတော့ အိုးထရက်ဖို့ဒ်မှာ အကျိုးသက်ရောက်မှုအနည်းငယ် ပြုလုပ်နိုင်ခဲ့ပြီး ဒွန်နီ ဗန်ဒီဘိခ်ကတော့ အဲဒီလိုမျိုး မဟုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒတ်ချ်ကွင်းလယ်လူဟာ အိုင်းယက်စ်ကို ၂၀၁၈-၂၀၁၉ ရာသီမှာ ချန်ပီယံလိဂ်ဆီမီးအထိ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဥရောပမှာ အသင်းတိုင်းက လိုချင်တဲ့ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ၂၀၂၀ မှာ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နယ်သာလန်ကွင်းလယ်လူဟာ အိုးထရက်ဖို့ဒ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့ဘဲ လက်ရှိမှာတော့ ဒုတိယအကြိမ်မြောက် အငှားထွက်ကစားနေတာဖြစ်ပါတယ်။

ဖရန့်ဖွတ်အသင်းဟာ ဗန်ဒီဘိခ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားတာဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်လည်း ပါဝင်ပေမယ့် ဘွန်ဒက်စ်လီဂါအသင်းက အပြီးသတ်ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ Bild က ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဘွန်ဒက်စ်လီဂါအသင်းအတွက် ၆ ပွဲ ပါဝင်ကစားပေးထားပြီး ယူရိုပါကွန်းဖရင့်လိဂ်ရှုံးထွက်အဆင့်အတွက် လူစာရင်းထဲကနေ လုံးဝ ချန်လှပ်ထားခဲ့ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဗန်ဒီဘိခ်ကို ဥရောပပွဲကစားမယ့် လူစာရင်းကနေ ချန်လှပ်ထားခဲ့ပြီးနောက် ဖရန့်ဖွတ်နည်းပြ ဒီနို တော့ပ်မိုလာက ဒတ်ချ်ကွင်းလယ်ကစားသမားကို တောင်းပန်စကား ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူက ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ၄ ပွဲပဲ ကစားခဲ့ရတယ်။ အဲဒီတော့ နေ့ချင်းညချင်းတော့ ပုံမှန်ကစားခွင့်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေးအပေါ်မှာ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိပါတယ်။ သူက ရာသီဒုတိယပိုင်းမှာ ကျွန်တော်တို့ကို ကျိန်းသေပေါက် ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော် သူ့ကို လူစာရင်းထဲကနေ ချန်လှပ်ခဲ့တဲ့အတွက် စိတ်မကောင်းတဲ့အကြောင်း ဒွန်နီကို ပြောခဲ့သလို သူ့ဆီကနေ အခု ဘာတွေမျှော်လင့်ထားလဲဆိုတာကိုလည်း ပြောခဲ့ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အဲရစ် တန်ဟက်အနေနဲ့ ဒီနွေရာသီမှာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းရဲ့ အနာဂတ်ကို ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်ပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အပယ္ခံဟာ အငွားနဲ႔ သြားကစားေနတဲ့အသင္းနည္းျပဆီကေန ေတာင္းပန္စကားကို လက္ခံရရွိခဲ့ၿပီးေနာက္ အသင္းကို ျပန္လာဖို႔ ျပင္ဆင္ေနပုံေပၚတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ မေအာင္ျမင္တဲ့ ကစားသမားေခၚယူမႈအမ်ားအျပား ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဆန္ခ်ိဳကေတာ့ ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့ မေအာင္ျမင္တဲ့ ေခၚယူမႈျဖစ္ပါတယ္။ သရဲနီေတြဟာ ေဒါ့မြန္ေတာင္ပံကစားသမားကို ၂၀၂၁ ခုႏွစ္မွာ ေပါင္ ၇၃ သန္းနဲ႔ ေခၚယူခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ နည္းျပတန္ဟက္နဲ႔ အဆင္မေျပျဖစ္ခဲ့ၿပီးေနာက္ ဘြန္ဒက္စ္လီဂါကို အငွားနဲ႔ ျပန္သြားကစားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆန္ခ်ိဳက အနည္းဆုံးေတာ့ အိုးထရက္ဖို႔ဒ္မွာ အက်ိဳးသက္ေရာက္မႈအနည္းငယ္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဒြန္နီ ဗန္ဒီဘိခ္ကေတာ့ အဲဒီလိုမ်ိဳး မဟုတ္ခဲ့တာ ျဖစ္ပါတယ္။ ဒတ္ခ်္ကြင္းလယ္လူဟာ အိုင္းယက္စ္ကို ၂၀၁၈-၂၀၁၉ ရာသီမွာ ခ်န္ပီယံလိဂ္ဆီမီးအထိ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ ဥေရာပမွာ အသင္းတိုင္းက လိုခ်င္တဲ့ကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ ၂၀၂၀ မွာ ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ၿပီး နယ္သာလန္ကြင္းလယ္လူဟာ အိုးထရက္ဖို႔ဒ္မွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ျခင္းမရွိခဲ့ဘဲ လက္ရွိမွာေတာ့ ဒုတိယအႀကိမ္ေျမာက္ အငွားထြက္ကစားေနတာျဖစ္ပါတယ္။

ဖရန႔္ဖြတ္အသင္းဟာ ဗန္ဒီဘိခ္ကို ရာသီကုန္အထိ အငွားနဲ႔ ေခၚယူထားတာျဖစ္ၿပီး အၿပီးသတ္ ဝယ္ယူခြင့္လည္း ပါဝင္ေပမယ့္ ဘြန္ဒက္စ္လီဂါအသင္းက အၿပီးသတ္ေခၚယူဖို႔ အစီအစဥ္မရွိဘူးလို႔ Bild က ေဖာ္ျပခဲ့ပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားဟာ ဘြန္ဒက္စ္လီဂါအသင္းအတြက္ ၆ ပြဲ ပါဝင္ကစားေပးထားၿပီး ယူ႐ိုပါကြန္းဖရင့္လိဂ္ရႈံးထြက္အဆင့္အတြက္ လူစာရင္းထဲကေန လုံးဝ ခ်န္လွပ္ထားခဲ့ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဗန္ဒီဘိခ္ကို ဥေရာပပြဲကစားမယ့္ လူစာရင္းကေန ခ်န္လွပ္ထားခဲ့ၿပီးေနာက္ ဖရန႔္ဖြတ္နည္းျပ ဒီႏို ေတာ့ပ္မိုလာက ဒတ္ခ်္ကြင္းလယ္ကစားသမားကို ေတာင္းပန္စကား ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူက ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ ၄ ပြဲပဲ ကစားခဲ့ရတယ္။ အဲဒီေတာ့ ေန႔ခ်င္းညခ်င္းေတာ့ ပုံမွန္ကစားခြင့္ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ အရည္အေသြးအေပၚမွာ ကြၽန္ေတာ္ ၁၀၀ ရာခိုင္ႏႈန္း ယုံၾကည္မႈရွိပါတယ္။ သူက ရာသီဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ကို က်ိန္းေသေပါက္ ကူညီေပးႏိုင္ပါလိမ့္မယ္။ ကြၽန္ေတာ္ သူ႔ကို လူစာရင္းထဲကေန ခ်န္လွပ္ခဲ့တဲ့အတြက္ စိတ္မေကာင္းတဲ့အေၾကာင္း ဒြန္နီကို ေျပာခဲ့သလို သူ႔ဆီကေန အခု ဘာေတြေမွ်ာ္လင့္ထားလဲဆိုတာကိုလည္း ေျပာခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းက ၂၀၂၅ ခုႏွစ္ ဇြန္လမွာ ကုန္ဆုံးမွာျဖစ္ၿပီး အဲရစ္ တန္ဟက္အေနနဲ႔ ဒီေႏြရာသီမွာ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းရဲ႕ အနာဂတ္ကို ဘယ္လိုဆုံးျဖတ္သြားမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.