Premier League

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကြောင့် ဆုဖလားပြိုင်ပွဲရဲ့ဂုဏ်သိက္ခာကို မေးခွန်းထုတ်ခဲ့တဲ့ အသင်းများ

ပရီးမီးယားလိဂ်ဟာ နောက်ဆုံး ပွဲစဉ်တွေ ပြန်လည်ကျင်းပဖို့ အချိန်စာရင်းသတ်မှတ်မှုအတွက် ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်နေရပြီး အချို့ကလပ်တွေဆိုရင် အပြောင်းအလဲတွေအတွက် ဆုဖလားပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာပိုင်းကိုပါ မေးခွန်းထုတ်နေကြပါတယ်။

စနေနေ့မှာ ပရီးမီးယားလိဂ်က ဧပြီလအတွင်း နောက်ဆုံး ရက်သတ္တပတ် ၂ ပတ်မှာ ကစားရမယ့်ပွဲတွေအတွက် တီဗွီရုပ်သံထုတ်လွှင့်ဖို့အတွက် ပွဲစဉ်အချိန်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရွှေ့ဆိုင်းထားခဲ့တဲ့ ၆ ပွဲ ပြန်ကစားရမယ့်အချိန်ကို ပြန်လည်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ထုတ်ပြန်ကြေညာခဲ့တဲ့အထဲမှာ စိတ်ဝင်စားစရာ ထူးခြားတဲ့ ပွဲစဉ်အချို့ ရှိခဲ့ပြီး စပါးစ်ဟာ လက်ရှိမှာ ဧပြီလ ၂၈ ရက်နေ့ မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် ၁၅ ရက်အထိ အနားပေးခံထားရပါတယ်။ အဲဒီပွဲစဉ်ဟာ အာဆင်နယ်သာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် ထပ်ရွှေ့ဦးမှာဖြစ်ပြီး ဂန်းနားတွေအတွက် မယုံနိုင်စရာကောင်းလောက်အောင် ပွဲဆက်များ အလုပ်ရှုပ်နေတဲ့အချိန်မှာ ရောက်လာမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ တော့တင်ဟမ်ဟော့စပါးက အနားယူနေရချိန်မှာ ၄ ဆလောက် ကစားနေရမှာဖြစ်တာကြောင့် Mirror ရဲ့ ဖော်ပြချက်အရ အဲဒီပွဲစဉ်ဟာ အခြားဆုံးဖြတ်ချက်များနဲ့အတူ ကလပ်အသင်းတွေကို ဒေါသထွက်စေခဲ့သလို အချို့ကလည်း ပွဲချိန်စာရင်းရဲ့ သမာသမတ်ကျမှုကို မေးခွန်းထုတ်ခဲ့ပြီး ဆုဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်လာမှာကို စိုးရိမ်နေကြပါတယ်။

လီဗာပူးလ်ကိစ္စမှာတော့ မတူညီတဲ့ အခြေအနေဖြစ်ပြီး ကလော့ပ်ရဲ့အသင်းက ဧပြီ ၂၄ မှာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီ ကစားဖို့ ဂွတ်ဒီဆင်ပါ့ခ်ကို သွားရောက်ပြီးနောက် စနေနေ့နေ့လယ်စာစားချိန်မှာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် ၂ ပွဲကြားမှာ နားချိန်တောင် မရှိသလောက်ဖြစ်ပါတယ်။

အဲဒီပွဲစဉ်ကလည်း အချိန်ပြောင်းရွှေ့နိုင်သေးပြီး အာတီတာရဲ့ အသင်းသာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ကစားနေရမယ်ဆိုရင် စပါးစ်နဲ့ အာဆင်နယ်ပွဲက နေ့လယ်စာစားချိန် တီဗွီပြသချိန်ကို ရယူသွားမှာဖြစ်ပါတယ်။ ဒါက လီဗာပူးလ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲချိန်နဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေကို ဖန်တီးခဲ့တာဖြစ်ပေမယ့်လည်း ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးကတော့ ဘာပြဿနာမှ များများစားစား မရှိတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ခက်ခဲတဲ့ပွဲဆက်တွေအလယ်မှာ စပါးစ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရမှာဖြစ်ပေမယ့်လည်း အဲဒီပွဲဟာ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

တော့တင်ဟမ်ကို သွားရောက်ရမယ့် ခရီးစဉ်ကို မြောက်လန်ဒန်ဒါဘီမတိုင်ခင် တစ်ပတ်အလိုမှာ ပြန်လည်ကျင်းပဖို့ စီစဉ်နိုင်ပြီး အာဆင်နယ်နဲ့ပွဲမတိုင်ခင် ၎င်းတို့ရဲ့ အနားယူချိန်ကို လျှော့ချလို့ရပေမယ့်လည်း အခြား ရွှေ့ဆိုင်းခဲ့တဲ့ ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ပွဲကိုတော့ ဧပြီ ၂၅ ရက်နေ့မှာ ကစားရမယ့်အစား အဲဒီအားရက်ထဲကို ရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စပါးစ်ဟာ နယူးကာဆယ်၊ အာဆင်နယ်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲ ၂ ပွဲကြားမှာ ၁၅ ရက်အထိ နားရက်ရသွားတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဂန်းနားတွေကတော့ အက်စတန် ဗီလာ၊ ဘိုင်ယန်မြူးနစ်၊ ဝုဗ်၊ ချဲလ်ဆီးတို့နဲ့ ပွဲကြပ်တွေ ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအတွက် ကြီးမားတဲ့ နားရက်ရသွားတယ်လို့ ခံစားရတဲ့အပြင် ဂန်းနားတွေကိုပါ ဒုက္ခပေးနိုင်ခဲ့သလို ဖြစ်ခဲ့ပြီး ထိပ်ဆုံး ၄ နေရာတိုက်ပွဲမှာလည်း အက်စတန် ဗီလာနဲ့ မန်ချက်စတာယူနိုက်တက်တို့ထက် အသာစီးလည်း ရသွားနိုင်ခြေရှိပါတယ်။

မန်ချက်စတာစီးတီးရဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲဟာ ပြန်လည်ကျင်းပဖို့ စီစဉ်ရမယ့် အကောင်းဆုံး ပွဲ ၄ ပွဲထဲက တစ်ပွဲဖြစ်ပြီး စပါးစ်ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားပြီး ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲ၊ ချဲလ်ဆီးရဲ့ ဘရိုက်တန်အိမ်ကွင်းကို သွားကစားရမယ့်ပွဲ၊ မန်ချက်စတာယူနိုက်တက်ရဲ့ နယူးကာဆယ်နဲ့ ကစားရမယ့်ပွဲတွေကိုလည်း ပြန်လည်ကျင်းပဖို့ စီစဉ်သွားရဦးမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပရီးမီးယားလိဂ္ဟာ ေနာက္ဆုံး ပြဲစဥ္ေတြ ျပန္လည္က်င္းပဖို႔ အခ်ိန္စာရင္းသတ္မွတ္မႈအတြက္ ျပင္းထန္တဲ့ တုံ႔ျပန္မႈနဲ႔ ရင္ဆိုင္ေနရၿပီး အခ်ိဳ႕ကလပ္ေတြဆိုရင္ အေျပာင္းအလဲေတြအတြက္ ဆုဖလားၿပိဳင္ပြဲရဲ႕ ဂုဏ္သိကၡာပိုင္းကိုပါ ေမးခြန္းထုတ္ေနၾကပါတယ္။

စေနေန႔မွာ ပရီးမီးယားလိဂ္က ဧၿပီလအတြင္း ေနာက္ဆုံး ရက္သတၱပတ္ ၂ ပတ္မွာ ကစားရမယ့္ပြဲေတြအတြက္ တီဗြီ႐ုပ္သံထုတ္လႊင့္ဖို႔အတြက္ ပြဲစဥ္အခ်ိန္စာရင္းကို ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီး ေ႐ႊ႕ဆိုင္းထားခဲ့တဲ့ ၆ ပြဲ ျပန္ကစားရမယ့္အခ်ိန္ကို ျပန္လည္သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္က ထုတ္ျပန္ေၾကညာခဲ့တဲ့အထဲမွာ စိတ္ဝင္စားစရာ ထူးျခားတဲ့ ပြဲစဥ္အခ်ိဳ႕ ရွိခဲ့ၿပီး စပါးစ္ဟာ လက္ရွိမွာ ဧၿပီလ ၂၈ ရက္ေန႔ ေျမာက္လန္ဒန္ဒါဘီပြဲမတိုင္ခင္ ၁၅ ရက္အထိ အနားေပးခံထားရပါတယ္။ အဲဒီပြဲစဥ္ဟာ အာဆင္နယ္သာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့မယ္ဆိုရင္ ထပ္ေ႐ႊ႕ဦးမွာျဖစ္ၿပီး ဂန္းနားေတြအတြက္ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ပြဲဆက္မ်ား အလုပ္ရႈပ္ေနတဲ့အခ်ိန္မွာ ေရာက္လာမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးက အနားယူေနရခ်ိန္မွာ ၄ ဆေလာက္ ကစားေနရမွာျဖစ္တာေၾကာင့္ Mirror ရဲ႕ ေဖာ္ျပခ်က္အရ အဲဒီပြဲစဥ္ဟာ အျခားဆုံးျဖတ္ခ်က္မ်ားနဲ႔အတူ ကလပ္အသင္းေတြကို ေဒါသထြက္ေစခဲ့သလို အခ်ိဳ႕ကလည္း ပြဲခ်ိန္စာရင္းရဲ႕ သမာသမတ္က်မႈကို ေမးခြန္းထုတ္ခဲ့ၿပီး ဆုဖလားၿပိဳင္ပြဲကို အဆုံးအျဖတ္ေပးရာမွာ ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္လာမွာကို စိုးရိမ္ေနၾကပါတယ္။

လီဗာပူးလ္ကိစၥမွာေတာ့ မတူညီတဲ့ အေျခအေနျဖစ္ၿပီး ကေလာ့ပ္ရဲ႕အသင္းက ဧၿပီ ၂၄ မွာ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ဒါဘီ ကစားဖို႔ ဂြတ္ဒီဆင္ပါ့ခ္ကို သြားေရာက္ၿပီးေနာက္ စေနေန႔ေန႔လယ္စာစားခ်ိန္မွာ ဝက္စ္ဟမ္းနဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ ၂ ပြဲၾကားမွာ နားခ်ိန္ေတာင္ မရွိသေလာက္ျဖစ္ပါတယ္။

အဲဒီပြဲစဥ္ကလည္း အခ်ိန္ေျပာင္းေ႐ႊ႕ႏိုင္ေသးၿပီး အာတီတာရဲ႕ အသင္းသာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ကစားေနရမယ္ဆိုရင္ စပါးစ္နဲ႔ အာဆင္နယ္ပြဲက ေန႔လယ္စာစားခ်ိန္ တီဗြီျပသခ်ိန္ကို ရယူသြားမွာျဖစ္ပါတယ္။ ဒါက လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ရဲ႕ ပြဲခ်ိန္နဲ႔ပတ္သက္ၿပီး မေသခ်ာမေရရာမႈေတြကို ဖန္တီးခဲ့တာျဖစ္ေပမယ့္လည္း ဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးကေတာ့ ဘာျပႆနာမွ မ်ားမ်ားစားစား မရွိတာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ခက္ခဲတဲ့ပြဲဆက္ေတြအလယ္မွာ စပါးစ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ကစားခဲ့ရမွာျဖစ္ေပမယ့္လည္း အဲဒီပြဲဟာ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရတာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ကို သြားေရာက္ရမယ့္ ခရီးစဥ္ကို ေျမာက္လန္ဒန္ဒါဘီမတိုင္ခင္ တစ္ပတ္အလိုမွာ ျပန္လည္က်င္းပဖို႔ စီစဥ္ႏိုင္ၿပီး အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ ၎တို႔ရဲ႕ အနားယူခ်ိန္ကို ေလွ်ာ့ခ်လို႔ရေပမယ့္လည္း အျခား ေ႐ႊ႕ဆိုင္းခဲ့တဲ့ ပြဲျဖစ္တဲ့ ဘ႐ိုက္တန္နဲ႔ပြဲကိုေတာ့ ဧၿပီ ၂၅ ရက္ေန႔မွာ ကစားရမယ့္အစား အဲဒီအားရက္ထဲကို ေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ စပါးစ္ဟာ နယူးကာဆယ္၊ အာဆင္နယ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲ ၂ ပြဲၾကားမွာ ၁၅ ရက္အထိ နားရက္ရသြားတဲ့အဓိပၸာယ္ျဖစ္ၿပီး ဂန္းနားေတြကေတာ့ အက္စတန္ ဗီလာ၊ ဘိုင္ယန္ျမဴးနစ္၊ ဝုဗ္၊ ခ်ဲလ္ဆီးတို႔နဲ႔ ပြဲၾကပ္ေတြ ဆက္တိုက္ကစားသြားရမွာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ ႀကီးမားတဲ့ နားရက္ရသြားတယ္လို႔ ခံစားရတဲ့အျပင္ ဂန္းနားေတြကိုပါ ဒုကၡေပးႏိုင္ခဲ့သလို ျဖစ္ခဲ့ၿပီး ထိပ္ဆုံး ၄ ေနရာတိုက္ပြဲမွာလည္း အက္စတန္ ဗီလာနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ထက္ အသာစီးလည္း ရသြားႏိုင္ေျခရွိပါတယ္။

မန္ခ်က္စတာစီးတီးရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲဟာ ျပန္လည္က်င္းပဖို႔ စီစဥ္ရမယ့္ အေကာင္းဆုံး ပြဲ ၄ ပြဲထဲက တစ္ပြဲျဖစ္ၿပီး စပါးစ္ရဲ႕ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို သြားၿပီး ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ရမယ့္ပြဲ၊ ခ်ဲလ္ဆီးရဲ႕ ဘ႐ိုက္တန္အိမ္ကြင္းကို သြားကစားရမယ့္ပြဲ၊ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နယူးကာဆယ္နဲ႔ ကစားရမယ့္ပြဲေတြကိုလည္း ျပန္လည္က်င္းပဖို႔ စီစဥ္သြားရဦးမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.