Premier League

ဂွါဒီယိုလာနဲ့ မန်စီးတီးတို့နဲ့ပတ်သက်ပြီး အလိမ်အညာတွေလို့ ပြောလိုက်တဲ့ ကန်ဆယ်လို

ဂျာအို ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးကို ပြန်သွားဖို့ အစီအစဉ်မရှိကြောင်း ပြသတဲ့အနေနဲ့ အသင်းဟောင်းအပေါ် ဒေါသတကြီး ပေါက်ကွဲပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်ဆယ်လိုဟာ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့မှာ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ မန်စီးတီးအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သူဖြစ်ပေမယ့်လည်း ဖလား ၃ လုံးရခဲ့တဲ့ရာသီအလယ်မှာ ဘိုင်ယန်မြူးနစ်ကို အငှားချခံခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီမှာလည်း နောက်ထပ်တစ်ရာသီ အငှားချခံခဲ့ရတာဖြစ်ပြီး ပေါ်တူဂီနောက်ခံကစားသမားဟာ ဘာစီလိုနာကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လိုရဲ့ မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ရဲ့ မှတ်ချက်ဟာ မိခင်ကလပ်နဲ့ နည်းပြ ဂွါဒီယိုလာတို့ကို ဒေါသထွက်စေခဲ့မှာ သေချာပါတယ်။

 

ကန်ဆယ်လိုက ဂွါဒီယိုလာဟာ ၎င်းကို ချန်လှပ်ခဲ့မှုကို တုံ့ပြန်ခဲ့မှုကြောင့် ထွက်ခွာခွင့်ပေးခဲ့တာဆိုတဲ့ သတင်းကို မေးမြန်းခဲ့ရာမှာ အလိမ်အညာတွေလို့ စွပ်စွဲခဲ့ပေမယ့်လည်း မန်စီးတီးက ကျေးဇူးမသိတတ်တဲ့အသင်းလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ဒီရာသီ နူးကမ့်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ နာပိုလီကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူချင်နေမှာဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြိး သဘောတူညီမှု တစ်စုံတရာရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

“အလိမ်အညာတွေ ပြောနေကြတာ။ ကျွန်တော် ဘယ်တုန်းကမှ သူတို့အတွက် ဆိုးရွားတဲ့ အသင်းဖော်မဖြစ်ခဲ့ပါဘူး။ ခင်ဗျား အကီ ဒါမှမဟုတ် ရီကိုကို မေးလို့ရတယ်။ ကျွန်တော် သူတို့အပေါ်မှာ ဘာမှ အထက်စီးယူတာ၊ အသာစီးယူတာမျိုး မရှိပါဘူး။ ဒါပေမယ့် အဲဒါက နည်းပြရဲ့ ထင်မြင်ချက်ပါ။ ကျွန်တော် ဆက်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒါက မမှန်လို့ပါ။ မန်စီးတီးက အဲဒီလို သူတို့တွေ ပြောတာက ကျွန်တော့်ကို ကျေးဇူးမသိတတ်တာလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒီမှာရှိခဲ့တဲ့ နှစ်တွေအတွင်းမှာ အရမ်းအရေးပါတဲ့ကစားသမားဖြစ်ခဲ့လို့ပါ။ ကျွန်တော် ဘယ်တုန်းကမှ အသင်းအပေါ်မှာ၊ ပရိသတ်တွေအပေါ် ရေသာခိုတာမျိုးမရှိခဲ့ဘူး။ ကျွန်တော် အရာအားလုံး အမြဲတမ်းပေးခဲ့တယ်။ ကျွန်တော် လုယက်ခံရပြီး တိုက်ခိုက်ခံခဲ့ရတဲ့အချိန်ကို မှတ်မိသေးတယ်။ နောက်နေ့ကျတော့ ကျွန်တော် အမ်းမရိတ်စ်မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တယ်။ ခင်ဗျား မေ့လို့မရတဲ့အရာတွေရှိပါတယ်။ ကျွန်တော့် ဇနီးနဲ့ သမီးကို အိမ်မှာ ၂ ယောက်တည်း ပစ်ထားခဲ့တယ်။ သူတို့တွေ ကြောက်လန့်နေခဲ့ကြတယ်။ လူတွေက ဒါကိုပဲ မှတ်မိနေမှာပါ။ ဘာလို့လဲဆိုတော့ မစ္စတာ ဂွါဒီယိုလာက ကျွန်တော့်ထက်ပိုပြီး ပါဝါရှိလို့ပါ။ သူ တစ်ခုခုပြောတဲ့အခါကျရင် ကျွန်တော့်ရင်ထဲမှာပဲ သိမ်းထားပါတယ်။ ကျွန်တော် အမှန်တရားကို ပြောနေတယ်ဆိုတာကို သိစေချင်တယ်။ ကျွန်တော် လုပ်ခဲ့တာတွေအတွက် ကျွန်တော် ပြည့်စုံတယ်လို့ ခံစားရပါတယ်။ ကျွန်တော်က ပွင့်လင်းမြင်သာတဲ့သူပါ။ ဘယ်တုန်းကမှ မလိမ်ဘူး။ ဘဝဆိုတာ ဒီလိုပဲ သွားနေရမှာဖြစ်ပြီး အရာအားလုံး အဆင်ပြေပြေဖြစ်ဖို့ပဲ ကျွန်တော် ဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီမှာ ရှိနေတုန်းက ဘောလုံးကစားခဲ့ရတာနဲ့ အသင်းနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရလို့ပါ။ သူတို့တွေက ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတုန်းပါပဲ။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်ာအို ကန္ဆယ္လိုဟာ မန္ခ်က္စတာစီးတီးကို ျပန္သြားဖို႔ အစီအစဥ္မရွိေၾကာင္း ျပသတဲ့အေနနဲ႔ အသင္းေဟာင္းအေပၚ ေဒါသတႀကီး ေပါက္ကြဲျပခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကန္ဆယ္လိုဟာ ၂၀၂၁၊ ၂၀၂၂ ခုႏွစ္တို႔မွာ ပရီးမီးယားလိဂ္ဖလားရခဲ့တဲ့ မန္စီးတီးအသင္းရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ခဲ့သူျဖစ္ေပမယ့္လည္း ဖလား ၃ လုံးရခဲ့တဲ့ရာသီအလယ္မွာ ဘိုင္ယန္ျမဴးနစ္ကို အငွားခ်ခံခဲ့ရတာျဖစ္ပါတယ္။

ဒီရာသီမွာလည္း ေနာက္ထပ္တစ္ရာသီ အငွားခ်ခံခဲ့ရတာျဖစ္ၿပီး ေပၚတူဂီေနာက္ခံကစားသမားဟာ ဘာစီလိုနာကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ကစားခဲ့တာျဖစ္ပါတယ္။ ကန္ဆယ္လိုရဲ႕ မန္ခ်က္စတာစီးတီးနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၇ ခုႏွစ္အထိ က်န္ရွိေနေသးတာျဖစ္ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ရဲ႕ မွတ္ခ်က္ဟာ မိခင္ကလပ္နဲ႔ နည္းျပ ဂြါဒီယိုလာတို႔ကို ေဒါသထြက္ေစခဲ့မွာ ေသခ်ာပါတယ္။

 

ကန္ဆယ္လိုက ဂြါဒီယိုလာဟာ ၎ကို ခ်န္လွပ္ခဲ့မႈကို တုံ႔ျပန္ခဲ့မႈေၾကာင့္ ထြက္ခြာခြင့္ေပးခဲ့တာဆိုတဲ့ သတင္းကို ေမးျမန္းခဲ့ရာမွာ အလိမ္အညာေတြလို႔ စြပ္စြဲခဲ့ေပမယ့္လည္း မန္စီးတီးက ေက်းဇူးမသိတတ္တဲ့အသင္းလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ကန္ဆယ္လိုဟာ ဒီရာသီ ႏူးကမ့္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနခဲ့တာျဖစ္ၿပီး ဘာစီလိုနာရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ နာပိုလီကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ကန္ဆယ္လိုကို အၿပီးသတ္ေခၚယူခ်င္ေနမွာျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပတ္သက္ၿပိး သေဘာတူညီမႈ တစ္စုံတရာရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။

“အလိမ္အညာေတြ ေျပာေနၾကတာ။ ကြၽန္ေတာ္ ဘယ္တုန္းကမွ သူတို႔အတြက္ ဆိုး႐ြားတဲ့ အသင္းေဖာ္မျဖစ္ခဲ့ပါဘူး။ ခင္ဗ်ား အကီ ဒါမွမဟုတ္ ရီကိုကို ေမးလို႔ရတယ္။ ကြၽန္ေတာ္ သူတို႔အေပၚမွာ ဘာမွ အထက္စီးယူတာ၊ အသာစီးယူတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ အဲဒါက နည္းျပရဲ႕ ထင္ျမင္ခ်က္ပါ။ ကြၽန္ေတာ္ ဆက္ေနခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက မမွန္လို႔ပါ။ မန္စီးတီးက အဲဒီလို သူတို႔ေတြ ေျပာတာက ကြၽန္ေတာ့္ကို ေက်းဇူးမသိတတ္တာလို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က အဲဒီမွာရွိခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ အရမ္းအေရးပါတဲ့ကစားသမားျဖစ္ခဲ့လို႔ပါ။ ကြၽန္ေတာ္ ဘယ္တုန္းကမွ အသင္းအေပၚမွာ၊ ပရိသတ္ေတြအေပၚ ေရသာခိုတာမ်ိဳးမရွိခဲ့ဘူး။ ကြၽန္ေတာ္ အရာအားလုံး အၿမဲတမ္းေပးခဲ့တယ္။ ကြၽန္ေတာ္ လုယက္ခံရၿပီး တိုက္ခိုက္ခံခဲ့ရတဲ့အခ်ိန္ကို မွတ္မိေသးတယ္။ ေနာက္ေန႔က်ေတာ့ ကြၽန္ေတာ္ အမ္းမရိတ္စ္မွာ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တယ္။ ခင္ဗ်ား ေမ့လို႔မရတဲ့အရာေတြရွိပါတယ္။ ကြၽန္ေတာ့္ ဇနီးနဲ႔ သမီးကို အိမ္မွာ ၂ ေယာက္တည္း ပစ္ထားခဲ့တယ္။ သူတို႔ေတြ ေၾကာက္လန႔္ေနခဲ့ၾကတယ္။ လူေတြက ဒါကိုပဲ မွတ္မိေနမွာပါ။ ဘာလို႔လဲဆိုေတာ့ မစၥတာ ဂြါဒီယိုလာက ကြၽန္ေတာ့္ထက္ပိုၿပီး ပါဝါရွိလို႔ပါ။ သူ တစ္ခုခုေျပာတဲ့အခါက်ရင္ ကြၽန္ေတာ့္ရင္ထဲမွာပဲ သိမ္းထားပါတယ္။ ကြၽန္ေတာ္ အမွန္တရားကို ေျပာေနတယ္ဆိုတာကို သိေစခ်င္တယ္။ ကြၽန္ေတာ္ လုပ္ခဲ့တာေတြအတြက္ ကြၽန္ေတာ္ ျပည့္စုံတယ္လို႔ ခံစားရပါတယ္။ ကြၽန္ေတာ္က ပြင့္လင္းျမင္သာတဲ့သူပါ။ ဘယ္တုန္းကမွ မလိမ္ဘူး။ ဘဝဆိုတာ ဒီလိုပဲ သြားေနရမွာျဖစ္ၿပီး အရာအားလုံး အဆင္ေျပေျပျဖစ္ဖို႔ပဲ ကြၽန္ေတာ္ ဆုေတာင္းတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အဲဒီမွာ ရွိေနတုန္းက ေဘာလုံးကစားခဲ့ရတာနဲ႔ အသင္းနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ခဲ့ရလို႔ပါ။ သူတို႔ေတြက ခ်န္ပီယံလိဂ္ဖလားရဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနတုန္းပါပဲ။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.