Premier League

ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံကို ပြောပြလိုက်တဲ့ အဲရစ်ဆင်

ဆဗင်-ဂိုရန် အဲရစ်ဆင်က လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်းဟာ မေလမှာ ကြိုးကြာနီတို့ ဖလားကိုင်မြှောက်နိုင်မယ်လို့ ထောက်ခံခဲ့ပေမယ့်လည်း ယာဂန် ကလော့ပ် ထွက်ခွာမှာကို ဝမ်းနည်းမိတယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

မကြာသေးမီက ကင်ဆာကြောင့် ၁ နှစ်လောက်သာ လူ့လောကထဲမှာ နေရတော့မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အဲရစ်ဆင်ဟာ ဒီနေ့ည အန်းဖီးမှာ အိုင်းယက်စ်ဂန္တဝင်တွေနဲ့ ရန်ပုံငွေပွဲအဖြစ် ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ်ဂန္တဝင်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး ဆွီဒင်လူမျိုးနည်းပြကြီးက ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့အသင်းကို ကိုင်တွယ်ချင်တဲ့အိပ်မက်လည်း ပြည့်မြောက်တော့မှာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်ကြောင့် ဖလား ၄ လုံး အိပ်မက်ပျက်စီးခဲ့ရပြီးနောက် ဒီရာသီမှာ အမှတ်ပေးဖလားကို ရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“လီဗာပူးလ်က လိဂ်ကို အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့တွေ ကံဆိုးစွာနဲ့ အက်ဖ်အေဖလားကို မရခဲ့ဘူး။ သူတို့တွေက အရမ်းကောင်းတဲ့ ဘောလုံးကစားပုံမျိုး ကစားခဲ့တာပါ။ လူငယ်ကစားသမားတွေ အသင်းထဲကို ရောက်လာပြီး ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ကစားသမားတွေပါ။ ရုတ်တရက်ပဲ သူတို့တွေကို အရမ်းအရေးပါတဲ့ပွဲတွေမှာလည်း ထည့်သုံးခဲ့တယ်။ ခင်ဗျား အဲဒီလိုလုပ်ဖို့က တော်တော်လေး သတ္တိရှိဖို့လိုပါတယ်။ အဲဒီလို မြင်ရတာ အရမ်းကောင်းပါတယ်။ လီဗာပူးလ်က အရမ်းကောင်းတယ်။ လီဗာပူးလ်က ကြီးမြတ်လာပါလိမ့်မယ်။ အနာဂတ်မှာတောင်မှပေါ့။ လူငယ်ကစားသမားလေးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဆဗင္-ဂိုရန္ အဲရစ္ဆင္က လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ကို ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္နည္းျပေဟာင္းဟာ ေမလမွာ ႀကိဳးၾကာနီတို႔ ဖလားကိုင္ေျမႇာက္ႏိုင္မယ္လို႔ ေထာက္ခံခဲ့ေပမယ့္လည္း ယာဂန္ ကေလာ့ပ္ ထြက္ခြာမွာကို ဝမ္းနည္းမိတယ္လို႔ ဝန္ခံ ေျပာဆိုခဲ့ပါတယ္။

မၾကာေသးမီက ကင္ဆာေၾကာင့္ ၁ ႏွစ္ေလာက္သာ လူ႔ေလာကထဲမွာ ေနရေတာ့မယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ အဲရစ္ဆင္ဟာ ဒီေန႔ည အန္းဖီးမွာ အိုင္းယက္စ္ဂႏၲဝင္ေတြနဲ႔ ရန္ပုံေငြပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားမယ့္ လီဗာပူးလ္ဂႏၲဝင္အသင္းကို နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္သြားမွာျဖစ္ၿပီး ဆြီဒင္လူမ်ိဳးနည္းျပႀကီးက ငယ္ငယ္ကတည္းက အားေပးခဲ့ရတဲ့အသင္းကို ကိုင္တြယ္ခ်င္တဲ့အိပ္မက္လည္း ျပည့္ေျမာက္ေတာ့မွာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ေၾကာင့္ ဖလား ၄ လုံး အိပ္မက္ပ်က္စီးခဲ့ရၿပီးေနာက္ ဒီရာသီမွာ အမွတ္ေပးဖလားကို ရရွိဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားသြားလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“လီဗာပူးလ္က လိဂ္ကို အႏိုင္ရသြားလိမ့္မယ္လို႔ ထင္ပါတယ္။ သူတို႔ေတြ ကံဆိုးစြာနဲ႔ အက္ဖ္ေအဖလားကို မရခဲ့ဘူး။ သူတို႔ေတြက အရမ္းေကာင္းတဲ့ ေဘာလုံးကစားပုံမ်ိဳး ကစားခဲ့တာပါ။ လူငယ္ကစားသမားေတြ အသင္းထဲကို ေရာက္လာၿပီး ကြၽန္ေတာ္ ဘယ္တုန္းကမွ မျမင္ဖူးတဲ့ ကစားသမားေတြပါ။ ႐ုတ္တရက္ပဲ သူတို႔ေတြကို အရမ္းအေရးပါတဲ့ပြဲေတြမွာလည္း ထည့္သုံးခဲ့တယ္။ ခင္ဗ်ား အဲဒီလိုလုပ္ဖို႔က ေတာ္ေတာ္ေလး သတၱိရွိဖို႔လိုပါတယ္။ အဲဒီလို ျမင္ရတာ အရမ္းေကာင္းပါတယ္။ လီဗာပူးလ္က အရမ္းေကာင္းတယ္။ လီဗာပူးလ္က ႀကီးျမတ္လာပါလိမ့္မယ္။ အနာဂတ္မွာေတာင္မွေပါ့။ လူငယ္ကစားသမားေလးေတြကို ၾကည့္လိုက္ရင္ သိႏိုင္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.