Carabao & FA Match Report

မခန့်လေးစားလုပ်ခဲ့တဲ့ ကလော့ပ်ကို ၃ မိနစ် မန်ယူဝိဉာဉ်ပူးပြီး နှိပ်ကွပ်လိုက်တဲ့ တန်ဟက်ရဲ့မန်ချက်

တနင်္ဂနွေနေ့ည အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး အချိန်ပိုမှာ အာမက် ဂျယ်လို သွင်းယူပေးခဲ့တဲ့ နောက်ကျ အနိုင်ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်က ၄-၃ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့က ပိုမိုကောင်းမွန်တဲ့ ကစားပုံနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပြီး မက်တော်မီနေးရဲ့ ၁၀ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ အစောပိုင်းကတည်းက ဦးဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကလည်း ဂိုးပေါက်အပိုင်ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း အိုနာနာက အကောင်းဆုံးပုံစံနဲ့ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး အန်ဒိုရဲ့ ဂိုးက လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းပြီးဆုံးဖို့ ၁ မိနစ်အလိုမှာ မက္ကယ်လစ္စတာရဲ့ ပင်နယ်တီဧရိယာထဲက ကန်ချက်ကို မိန်းနိုး ပိတ်ဆို့ဖို့ ကြိုးပမ်းရာမှာ လမ်းကြောင်းပြောင်းသွားခဲ့ပြီး အိုနာနာလည်း လက်လှမ်းမမီဘဲ ချေပဂိုး ပေးခဲ့ရတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၄၅+၂ မိနစ်မှာ နူးညက်ဇ် ကန်သွင်းလိုက်တဲ့ ဘောလုံးကို အိုနာနာ ပုတ်ထုတ်ကာကွယ်ရာကနေ လျှံထွက်လာတဲ့ဘောလုံးကို ဆာလားက ညာခြေနဲ့ ပိတ်သွင်းယူပြီး ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးလ်က အိမ်ရှင်တွေကို ၂-၁ နဲ့ ဦးဆောင်နေပါတယ်။

ဒုတိယပိုင်း စတယ်ဆိုတာနဲ့ လီဗာပူးလ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ တရစပ် ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တစ်သင်းလုံး ခံစစ်ကိုဆင်းပြီး ခုခံနေခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်ဂိုးသမား အိုနာနာကို လီဗာပူးလ်တစ်သင်းလုံးနီးပါး ဂိုးကန်သွင်းမှု လေ့ကျင့်နေသလား ထင်မှတ်ရလောက်အောင် ဂိုးပေါက်ကန်သွင်းမှု အများအပြား ပြုလုပ်ခဲ့ပြီး အိမ်ရှင်တွေကတော့ ပထမပိုင်းအစက ခြေစွမ်းနဲ့ ဆန့်ကျင်ဘက် တပ်ပျက်နေခဲ့ပါတယ်။

၈၇ မိနစ်မှာတော့ လီဗာပူးလ်ကို မန်ချက်စတာယူနိုက်တက်က တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး မက်တော်မီနေးခြေထောက်ထဲက ဘောလုံးကို လီဗာပူးလ်ကစားသမားသမားတွေ ဖျက်ထုတ်ခဲ့ရာကနေ အန်တိုနီရသွားပြီး ဘယ်တောင်ပံက ဂါနာချိုဆီ ပေးပို့ခဲ့ရာမှာ အာဂျင်တီးနားတောင်ပံကစားသမားက ကန်သွင်းဖို့ ကြိုးစားခဲ့ရာကနေ အန်တိုနီ ပြန်ရသွားပြီး ၃၆၀ ဒီဂရီ တပတ်လည်ပြီး ညာခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို ပတ်ကန်သွင်းသွားပြီး အိမ်ရှင်တို့ ချေပဂိုးရခဲ့ပါတယ်။

ချေပဂိုးရသွားခဲ့တဲ့နောက် အိမ်ရှင် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားအားက သိသိသာသာ တက်လာခဲ့ပြီး လီဗာပူးလ်ကွင်းဘက်ခြမ်းမှာ တရစပ်ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာ ရက်ရှ်ဖို့ဒ် အပိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့်လည်း ပုံမှန်သွင်းယူနေကျပုံစံအတိုင်း မသွင်းယူနိုင်ခဲ့ဘဲ ဂိုးညာဘက်တိုင်ဘေးကို ကပ်ထွက်သွားခဲ့လို့ အိမ်ရှင်တို့ နောက်ကျအနိုင်ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ပုံမှန်ပွဲကစားချိန်ပြည့်တဲ့အချိန်အထိ တစ်ဖက် ၂ ဂိုးစီ သရေကျနေတာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး ပထမပိုင်းပြီးဆုံးခါနီးနောက်ဆုံးမိနစ်မှာ ဟာဗီး အဲလီးယော့တ်က ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းမှုကို ပိတ်ဆို့ခဲ့တဲ့ အဲရစ်ဆင်ရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားတာကြောင့် အိုနာနာ ဟန်ချက်ပျက်ပြီး ဒိုင်ဗင်ပစ်ပေမယ့် မမီတော့ဘဲ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်တို့ ချေပဂိုး ပြန်ရဖို့ အသည်းအသန် တိုက်စစ်ဆင်လာခဲ့ပြီး ၁၁၂ မိနစ်မှာ ဒါဝင် နူးညက်ဇ်က လီဗာပူးလ်ကွင်းဘက်ခြမ်းကနေ တိုက်စစ်ကို ဘောလုံးပေးပို့ဖို့ ကြိုးပမ်းခဲ့ရာမှာ မက်တော်မီနေးက ကြားဖြတ်ရယူသွားနိုင်ခဲ့ပြီး ဂိုးဧရိယာထဲ ပြေးဝင်ဖို့ စောင့်နေတဲ့ ရက်ရှ်ဖို့ဒ်ကို ထိုးပေးခဲ့တာဖြစ်ပါတယ်။

တစ်ပွဲလုံး ဂိုးပေါက်ရှာတွေ့ဖို့ ရုန်းကန်နေခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ကတော့ ဒီတစ်ကြိမ်မှာတော့ ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ ရှာဖွေနေတဲ့ အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်နောက်ဆုံးမိနစ်မှာ လီဗာပူးလ် ထောင့်ကန်ဘောရခဲ့ရာကနေ မက်တော်မီနေး ခေါင်းတိုက်ရှင်းထုတ်လိုက်တဲ့ဘောလုံးကို အဲလီးယော့တ်ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အာမက် ဂျယ်လိုက ကြားဖြတ်ရယူသွားပြီး ဂါနာချိုဆီပေးပို့ပြီး လျင်လျင်မြန်မြန်ပဲ တန်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။

ဂါနာချိုက ပင်နယ်တီ ဧရိယာထိပ်နားအရောက်မှာ ဘေးမှာလိုက်ပါလာတဲ့ အာမက် ဂျယ်လိုကို ပေးခဲ့ရာမှာ ဘယ်ခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့ပြီး ကယ်လီဟာ ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာကြောင့် မန်ချက်စတာယူနိုက်တက်တို့ ၄-၃ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
တနဂၤေႏြေန႔ည အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့ၿပီး အခ်ိန္ပိုမွာ အာမက္ ဂ်ယ္လို သြင္းယူေပးခဲ့တဲ့ ေနာက္က် အႏိုင္ဂိုးေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္က ၄-၃ နဲ႔ အႏိုင္ရၿပီး ဆီမီးဖိုင္နယ္ကို တက္လွမ္းသြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္တို႔က ပိုမိုေကာင္းမြန္တဲ့ ကစားပုံနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ပိုမို ျပဳလုပ္ႏိုင္ခဲ့ၿပီး မက္ေတာ္မီေနးရဲ႕ ၁၀ မိနစ္မွာ သြင္းယူခဲ့တဲ့ဂိုးနဲ႔ အေစာပိုင္းကတည္းက ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ လီဗာပူးလ္ကလည္း ဂိုးေပါက္အပိုင္ကန္သြင္းခြင့္ေတြ ရခဲ့ေပမယ့္လည္း အိုနာနာက အေကာင္းဆုံးပုံစံနဲ႔ လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့ၿပီး အန္ဒိုရဲ႕ ဂိုးက လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းၿပီးဆုံးဖို႔ ၁ မိနစ္အလိုမွာ မကၠယ္လစၥတာရဲ႕ ပင္နယ္တီဧရိယာထဲက ကန္ခ်က္ကို မိန္းႏိုး ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းရာမွာ လမ္းေၾကာင္းေျပာင္းသြားခဲ့ၿပီး အိုနာနာလည္း လက္လွမ္းမမီဘဲ ေခ်ပဂိုး ေပးခဲ့ရတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၄၅+၂ မိနစ္မွာ ႏူးညက္ဇ္ ကန္သြင္းလိုက္တဲ့ ေဘာလုံးကို အိုနာနာ ပုတ္ထုတ္ကာကြယ္ရာကေန လွ်ံထြက္လာတဲ့ေဘာလုံးကို ဆာလားက ညာေျခနဲ႔ ပိတ္သြင္းယူၿပီး ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့လို႔ ပထမပိုင္းအၿပီးမွာ လီဗာပူးလ္က အိမ္ရွင္ေတြကို ၂-၁ နဲ႔ ဦးေဆာင္ေနပါတယ္။

ဒုတိယပိုင္း စတယ္ဆိုတာနဲ႔ လီဗာပူးလ္ကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ တရစပ္ ဖိအားေပး တိုက္စစ္ဆင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တစ္သင္းလုံး ခံစစ္ကိုဆင္းၿပီး ခုခံေနခဲ့ရပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား အိုနာနာကို လီဗာပူးလ္တစ္သင္းလုံးနီးပါး ဂိုးကန္သြင္းမႈ ေလ့က်င့္ေနသလား ထင္မွတ္ရေလာက္ေအာင္ ဂိုးေပါက္ကန္သြင္းမႈ အမ်ားအျပား ျပဳလုပ္ခဲ့ၿပီး အိမ္ရွင္ေတြကေတာ့ ပထမပိုင္းအစက ေျခစြမ္းနဲ႔ ဆန႔္က်င္ဘက္ တပ္ပ်က္ေနခဲ့ပါတယ္။

၈၇ မိနစ္မွာေတာ့ လီဗာပူးလ္ကို မန္ခ်က္စတာယူႏိုက္တက္က တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး မက္ေတာ္မီေနးေျခေထာက္ထဲက ေဘာလုံးကို လီဗာပူးလ္ကစားသမားသမားေတြ ဖ်က္ထုတ္ခဲ့ရာကေန အန္တိုနီရသြားၿပီး ဘယ္ေတာင္ပံက ဂါနာခ်ိဳဆီ ေပးပို႔ခဲ့ရာမွာ အာဂ်င္တီးနားေတာင္ပံကစားသမားက ကန္သြင္းဖို႔ ႀကိဳးစားခဲ့ရာကေန အန္တိုနီ ျပန္ရသြားၿပီး ၃၆၀ ဒီဂရီ တပတ္လည္ၿပီး ညာေျခနဲ႔ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ပတ္ကန္သြင္းသြားၿပီး အိမ္ရွင္တို႔ ေခ်ပဂိုးရခဲ့ပါတယ္။

ေခ်ပဂိုးရသြားခဲ့တဲ့ေနာက္ အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကစားအားက သိသိသာသာ တက္လာခဲ့ၿပီး လီဗာပူးလ္ကြင္းဘက္ျခမ္းမွာ တရစပ္ထိုးေဖာက္တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့ၿပီး ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၄ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ အပိုင္ဂိုးသြင္းခြင့္ရခဲ့ေပမယ့္လည္း ပုံမွန္သြင္းယူေနက်ပုံစံအတိုင္း မသြင္းယူႏိုင္ခဲ့ဘဲ ဂိုးညာဘက္တိုင္ေဘးကို ကပ္ထြက္သြားခဲ့လို႔ အိမ္ရွင္တို႔ ေနာက္က်အႏိုင္ဂိုးရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ပုံမွန္ပြဲကစားခ်ိန္ျပည့္တဲ့အခ်ိန္အထိ တစ္ဖက္ ၂ ဂိုးစီ သေရက်ေနတာေၾကာင့္ အခ်ိန္ပို ဆက္လက္ ယွဥ္ၿပိဳင္ခဲ့ရၿပီး ပထမပိုင္းၿပီးဆုံးခါနီးေနာက္ဆုံးမိနစ္မွာ ဟာဗီး အဲလီးေယာ့တ္က ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းမႈကို ပိတ္ဆို႔ခဲ့တဲ့ အဲရစ္ဆင္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားတာေၾကာင့္ အိုနာနာ ဟန္ခ်က္ပ်က္ၿပီး ဒိုင္ဗင္ပစ္ေပမယ့္ မမီေတာ့ဘဲ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ဒုတိယပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္တို႔ ေခ်ပဂိုး ျပန္ရဖို႔ အသည္းအသန္ တိုက္စစ္ဆင္လာခဲ့ၿပီး ၁၁၂ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္က လီဗာပူးလ္ကြင္းဘက္ျခမ္းကေန တိုက္စစ္ကို ေဘာလုံးေပးပို႔ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ မက္ေတာ္မီေနးက ၾကားျဖတ္ရယူသြားႏိုင္ခဲ့ၿပီး ဂိုးဧရိယာထဲ ေျပးဝင္ဖို႔ ေစာင့္ေနတဲ့ ရက္ရွ္ဖို႔ဒ္ကို ထိုးေပးခဲ့တာျဖစ္ပါတယ္။

တစ္ပြဲလုံး ဂိုးေပါက္ရွာေတြ႕ဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့ ရက္ရွ္ဖို႔ဒ္ကေတာ့ ဒီတစ္ႀကိမ္မွာေတာ့ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ ရွာေဖြေနတဲ့ အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းပြဲကစားခ်ိန္ေနာက္ဆုံးမိနစ္မွာ လီဗာပူးလ္ ေထာင့္ကန္ေဘာရခဲ့ရာကေန မက္ေတာ္မီေနး ေခါင္းတိုက္ရွင္းထုတ္လိုက္တဲ့ေဘာလုံးကို အဲလီးေယာ့တ္ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အာမက္ ဂ်ယ္လိုက ၾကားျဖတ္ရယူသြားၿပီး ဂါနာခ်ိဳဆီေပးပို႔ၿပီး လ်င္လ်င္ျမန္ျမန္ပဲ တန္ျပန္တိုက္စစ္ဆင္ခဲ့ပါတယ္။

ဂါနာခ်ိဳက ပင္နယ္တီ ဧရိယာထိပ္နားအေရာက္မွာ ေဘးမွာလိုက္ပါလာတဲ့ အာမက္ ဂ်ယ္လိုကို ေပးခဲ့ရာမွာ ဘယ္ေျခနဲ႔ ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့ၿပီး ကယ္လီဟာ ဘယ္လိုမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔ ၄-၃ နဲ႔ အႏိုင္ရရွိၿပီး ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.