Premier League

လက်ရှိ လီဗာပူးလ်အသင်းထဲက တွဲကစားချင်တဲ့သူကို ပြောပြခဲ့တဲ့ တောရက်စ်

လီဗာပူးလ်ဂန္တဝင် ဖာနန်ဒို တောရက်စ်က ထရင့် အလက်ဇန်းဒါး-အာနိုးနဲ့အတူ တစ်သင်းတည်းမှာ အတူတူ ကစားခွင့်ရမယ်ဆိုရင် အလွန်ဝမ်းမြောက်ပျော်ရွှင်မိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလကတည်းက ဆိုးရွားတဲ့ ဒူးဒဏ်ရာကြောင့် အနားယူနေရပေမယ့်လည်း အလက်ဇန်းဒါး-အာနိုးဟာ ၂၉ ပွဲမှာ သွင်းဂိုး ၂ ဂိုး၊ ဂိုးဖန်တီးမှု ၁၀ ကြိမ်နဲ့ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

လီဗာပူးလ်ဒုတိယအသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ အသင်းကို ကာရာဘောင်းဖလား ရရှိအောင် ကူညီပေးထားနိုင်ခဲ့ပြီး လက်ရှိမှာ ကလော့ပ်ရဲ့အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဖလားနဲ့ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတို့မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

အာနိုးဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ညာနောက်ခံကစားသမားမဟုတ်ဘူးဆိုရင်တောင်မှ လီဗာပူးလ်သမိုင်းမှာ အကောင်းဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ဖာနန်ဒို တောရက်စ်ကလည်း အာနိုးရဲ့ ပရိသတ်ဖြစ်ပြီး မကြာသေးမီက အားကစားရုံမှာ လေ့ကျင့်ရေး လုပ်နေတာကို ဗီဒီယိုရိုက်ကူးခဲ့ချိန်မှာတောင်မှ လီဗာပူးလ်ကြယ်ပွင့်ရဲ့ ရှပ်ကို ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။

“အာနိုးက ပရိသတ်တွေအတွက် အရမ်းထူးခြားတဲ့ကစားသမားလို့ ထင်တယ်။ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက်လည်း အတူတူပါပဲ။ လူငယ်ကစားသမားတွေက သူတို့နည်း သူတို့ဟန်နဲ့ တိုးတက်ဖွံ့ဖြိုးလာပြီး ပထမအသင်းမှာ အဓိကကစားသမားတွေထဲက တစ်ယောက်ဖြစ်လာတာ မြင်ရတာက တကယ်ကောင်းပါတယ်။ လီဗာပူးလ်ပရိသတ်တွေက သူတို့ထဲက တစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို ချစ်မြတ်နိုးကြမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ သူလုပ်နေတဲ့ အဆင့်အတန်းနဲ့ ကွင်းထဲမှာ အကောင်းဆုံးကစားနေတယ်။ အဲဒါက ကျွန်တော် အက်သလက်တီကိုမှာ လုပ်ခဲ့တာနဲ့ အတူတူပါပဲ။ ပွဲကြည့်စင်ကနေ ကွင်းထဲအထိ ကျွန်တော်က ပရိသတ်တွေအတွက် ထူးခြားခဲ့တယ်လို့ အမြဲတမ်း ခံစားခဲ့ရပါတယ်။ ထရင့်လည်း အဲဒီအတိုင်း ခံစားနေရမယ်ဆိုတာ သေချာပါတယ်။ သူက ပထမအသင်းအတွက် ကစားပေးနေတဲ့ လီဗာပူးလ်သားဖြစ်ပြီး အရမ်းကို အရေးပါတဲ့ အဓိကကစားသမားတွေထဲက တစ်ဦးပါ။ ကျွန်တော်တို့ အားလုံးအတွက်တော့ သူက ထူးခြားတဲ့သူပါ။ ကျွန်တော် သူ့ရှပ်ကို ရခဲ့ပြီး လေ့ကျင့်ရေးအချို့လုပ်ရင် ဝတ်ဆင်ရတာကို နှစ်သက်ပါတယ်။ သူနဲ့အတူ ကစားရရင် အရမ်းကောင်းမှာပဲလို့ အမြဲတမ်း တွေးမိတယ်။ သူ လုပ်ပေးနိုင်တဲ့ ဖြတ်တင်ဘောမျိုးသာ ရရင် တော်တော်ကောင်းမှာပါ။ ထရင့်နဲ့ တစ်သင်းတည်း အတူတူ ကစားရရင် ဝမ်းသာမိမှာဖြစ်ပြီး အဲဒီဖြတ်တင်ဘောတွေကို ခေါင်းတိုက်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ အဲဒါက ကောင်းမွန်တဲ့ အချိတ်အဆက်တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

တောရက်စ်ဟာ လီဗာပူးလ်အတွက် ၁၄၂ ပွဲမှာ ၈၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ပရိသတ်တွေအနေနဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးသာ စပိန်တိုက်စစ်မှူးနဲ့ အတူတူ ကစားခဲ့ရမယ်ဆိုရင် သွင်းဂိုးတွေ ဘယ်လောက်တောင် ဖန်တီးပေးနိုင်မလဲဆိုတာ စိတ်ကူးယဉ်လို့ပဲ ရနိုင်ပါတယ်။

အသက် ၂၅ နှစ်အရွယ် နောက်ခံကစားသမားဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၅၈ ကြိမ်အထိ ပြုလုပ်ပေးထားပြီး သူ့ထက် ဂိုးဖန်တီးမှု ပိုမို ပြုလုပ်ထားသူဆိုလို့ လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ်နဲ့ မိုဟာမက် ဆာလားတို့ပဲ ရှိပါတော့တယ်။

အာနိုးဟာ ဧပြီလအစောပိုင်းမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲအတွက် အချိန်မီ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္ဂႏၲဝင္ ဖာနန္ဒို ေတာရက္စ္က ထရင့္ အလက္ဇန္းဒါး-အာႏိုးနဲ႔အတူ တစ္သင္းတည္းမွာ အတူတူ ကစားခြင့္ရမယ္ဆိုရင္ အလြန္ဝမ္းေျမာက္ေပ်ာ္႐ႊင္မိလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဇန္နဝါရီလကတည္းက ဆိုး႐ြားတဲ့ ဒူးဒဏ္ရာေၾကာင့္ အနားယူေနရေပမယ့္လည္း အလက္ဇန္းဒါး-အာႏိုးဟာ ၂၉ ပြဲမွာ သြင္းဂိုး ၂ ဂိုး၊ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္နဲ႔ အလြန္ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။

လီဗာပူးလ္ဒုတိယအသင္းေခါင္းေဆာင္ဟာ ဒီရာသီမွာ အသင္းကို ကာရာေဘာင္းဖလား ရရွိေအာင္ ကူညီေပးထားႏိုင္ခဲ့ၿပီး လက္ရွိမွာ ကေလာ့ပ္ရဲ႕အသင္းက ပရီးမီးယားလိဂ္အမွတ္ေပးဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားၿပိဳင္ပြဲတို႔မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

အာႏိုးဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး ညာေနာက္ခံကစားသမားမဟုတ္ဘူးဆိုရင္ေတာင္မွ လီဗာပူးလ္သမိုင္းမွာ အေကာင္းဆုံး ေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ ဖာနန္ဒို ေတာရက္စ္ကလည္း အာႏိုးရဲ႕ ပရိသတ္ျဖစ္ၿပီး မၾကာေသးမီက အားကစား႐ုံမွာ ေလ့က်င့္ေရး လုပ္ေနတာကို ဗီဒီယို႐ိုက္ကူးခဲ့ခ်ိန္မွာေတာင္မွ လီဗာပူးလ္ၾကယ္ပြင့္ရဲ႕ ရွပ္ကို ဝတ္ဆင္ထားခဲ့တာျဖစ္ပါတယ္။

“အာႏိုးက ပရိသတ္ေတြအတြက္ အရမ္းထူးျခားတဲ့ကစားသမားလို႔ ထင္တယ္။ ကစားသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ ကြၽန္ေတာ့္အတြက္လည္း အတူတူပါပဲ။ လူငယ္ကစားသမားေတြက သူတို႔နည္း သူတို႔ဟန္နဲ႔ တိုးတက္ဖြံ႕ၿဖိဳးလာၿပီး ပထမအသင္းမွာ အဓိကကစားသမားေတြထဲက တစ္ေယာက္ျဖစ္လာတာ ျမင္ရတာက တကယ္ေကာင္းပါတယ္။ လီဗာပူးလ္ပရိသတ္ေတြက သူတို႔ထဲက တစ္ေယာက္ျဖစ္တဲ့အတြက္ သူ႔ကို ခ်စ္ျမတ္ႏိုးၾကမယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ သူလုပ္ေနတဲ့ အဆင့္အတန္းနဲ႔ ကြင္းထဲမွာ အေကာင္းဆုံးကစားေနတယ္။ အဲဒါက ကြၽန္ေတာ္ အက္သလက္တီကိုမွာ လုပ္ခဲ့တာနဲ႔ အတူတူပါပဲ။ ပြဲၾကည့္စင္ကေန ကြင္းထဲအထိ ကြၽန္ေတာ္က ပရိသတ္ေတြအတြက္ ထူးျခားခဲ့တယ္လို႔ အၿမဲတမ္း ခံစားခဲ့ရပါတယ္။ ထရင့္လည္း အဲဒီအတိုင္း ခံစားေနရမယ္ဆိုတာ ေသခ်ာပါတယ္။ သူက ပထမအသင္းအတြက္ ကစားေပးေနတဲ့ လီဗာပူးလ္သားျဖစ္ၿပီး အရမ္းကို အေရးပါတဲ့ အဓိကကစားသမားေတြထဲက တစ္ဦးပါ။ ကြၽန္ေတာ္တို႔ အားလုံးအတြက္ေတာ့ သူက ထူးျခားတဲ့သူပါ။ ကြၽန္ေတာ္ သူ႔ရွပ္ကို ရခဲ့ၿပီး ေလ့က်င့္ေရးအခ်ိဳ႕လုပ္ရင္ ဝတ္ဆင္ရတာကို ႏွစ္သက္ပါတယ္။ သူနဲ႔အတူ ကစားရရင္ အရမ္းေကာင္းမွာပဲလို႔ အၿမဲတမ္း ေတြးမိတယ္။ သူ လုပ္ေပးႏိုင္တဲ့ ျဖတ္တင္ေဘာမ်ိဳးသာ ရရင္ ေတာ္ေတာ္ေကာင္းမွာပါ။ ထရင့္နဲ႔ တစ္သင္းတည္း အတူတူ ကစားရရင္ ဝမ္းသာမိမွာျဖစ္ၿပီး အဲဒီျဖတ္တင္ေဘာေတြကို ေခါင္းတိုက္ဖို႔ အဆင္သင့္ျဖစ္ေနမွာပါ။ အဲဒါက ေကာင္းမြန္တဲ့ အခ်ိတ္အဆက္တစ္ခု ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာရက္စ္ဟာ လီဗာပူးလ္အတြက္ ၁၄၂ ပြဲမွာ ၈၁ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ပရိသတ္ေတြအေနနဲ႔ ထရင့္ အလက္ဇန္းဒါး-အာႏိုးသာ စပိန္တိုက္စစ္မႉးနဲ႔ အတူတူ ကစားခဲ့ရမယ္ဆိုရင္ သြင္းဂိုးေတြ ဘယ္ေလာက္ေတာင္ ဖန္တီးေပးႏိုင္မလဲဆိုတာ စိတ္ကူးယဥ္လို႔ပဲ ရႏိုင္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ၅၈ ႀကိမ္အထိ ျပဳလုပ္ေပးထားၿပီး သူ႔ထက္ ဂိုးဖန္တီးမႈ ပိုမို ျပဳလုပ္ထားသူဆိုလို႔ လီဗာပူးလ္ဂႏၲဝင္ စတီဗင္ ဂ်ရတ္နဲ႔ မိုဟာမက္ ဆာလားတို႔ပဲ ရွိပါေတာ့တယ္။

အာႏိုးဟာ ဧၿပီလအေစာပိုင္းမွာ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲအတြက္ အခ်ိန္မီ ပါဝင္လာႏိုင္ဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.