Premier League

ကမ္ဘာ့အကောင်းဆုံးနည်းပြကို တချက်လေးတောင် မတုံ့ဆိုင်းဘဲ အဖြေပေးခဲ့တဲ့ ဘရူနို

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြလို့ ထင်တဲ့သူနာမည်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မန်ယူနိုက်တက်ပရိသတ်အချို့အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ခဲ့နိုင်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ၂၀၂၀ မှာ စပို့တင်း လစ္စဘွန်းကနေ အိုးထရက်ဖို့ဒ်ကို ပေါင် ၅၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်မှာ နည်းပြအများအပြားနဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ရတာဖြစ်ပါတယ်။

အိုလေ ဂန်နာ ဆိုးလ်ရှား၊ မိုက်ကယ် ကားရစ်၊ ရန်းနစ်ခ်၊ လက်ရှိနည်းပြ တန်ဟက်တို့ အားလုံးဟာ ဖာနန်ဒက်စ် အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ၃ နှစ်ကျော် ကာလအတွင်းမှာ မန်ချက်စတာယူနိုက်တက်နည်းပြတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝတလျှောက်လုံးဟာ  ခက်ခဲကြမ်းတမ်းခဲ့ပေမယ့်လည်း ပရိသတ်တွေအတွက်တော့ မျှော်လင့်ချက် အလင်းရောင်တစ်ခု ဖြစ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြက ဘယ်သူလို့ထင်လဲလို့ အမေးခံရချိန်မှာ ဖာနန်ဒက်စ်ရဲ့ အဖြေက မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မဟုတ်ခဲ့တဲ့အပေါ် ပရိသတ်တွေအတွက် ကြီးကြီးမားမား ပြဿနာမဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်အချို့ကတော့ ဖာနန်ဒက်စ်ရဲ့ အဖြေက အသင်းရဲ့ အကြီးမားဆုံးသော ပြိုင်ဘက်အသင်းရဲ့ နည်းပြဖြစ်နေတဲ့အတွက်တော့ ကြားရတာ အံ့အားသင့်ခဲ့ကောင်း အံ့အားသင့်ခဲ့နိုင်ပါတယ်။

“ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံးနည်းပြအကြောင်း ပြောတဲ့အခါမှာ သံသယ မြူမှုန်လောက်တောင် မရှိမိပါဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ သူက ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြဖြစ်ခဲ့တယ်။ သူက ဘောလုံးပြိုင်ပွဲကို အများဆုံး အပြောင်းအလဲဖြစ်စေခဲ့တဲ့ နည်းပြ ဖြစ်ကောင်း​ ဖြစ်ပါလိမ့်မယ်။ အားလုံးက ပပ် ဂွါဒီယိုလာ ဖြစ်ချင်ကြပါတယ်။ ဒုတိယတန်းကနေ ပထမတန်းအသင်းတွေအထိ အားလုံးက မန်စီးတီးလိုမျိုး ကစားဖို့ ကြိုးစားကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ရလဒ်တွေနဲ့ အောင်မြင်မှုတွေကြောင့်ပါ။ ဂွါဒီယိုလာလို နည်းပြတစ်ယောက်ဆီကနေ ချီးကျူးစကားကြားရတာက ထူးခြားဆန်းကြယ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့က ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြလို့ ကျွန်တော် တကယ် အသိအမှတ်ပြုထားတဲ့ နည်းပြအကြောင်း ပြောနေတာကြောင့်ပါ။ ကလော့ပ်ကလည်း ကျွန်တော် အသိအမှတ်ပြု အချီးကျူးရဆုံးနည်းပြတွေထဲက တစ်ဦးပါ။ သူ ပြိုင်ပွဲတွေကို ယူဆောင်လာတဲ့ ပြင်းထန်မှုနဲ့ ဘောလုံးအတွက် သူ့မှာရှိနေတဲ့ စိတ်ဆန္ဒပြင်းပြမှုတွေကြောင့်ပါ။ သူ ချခဲ့တဲ့ဆုံးဖြတ်ချက်က(ရာသီကုန်ထွက်မယ့်ကိစ္စ)ဘောလုံးကို သူ ဘယ်လောက်အထိ ချစ်လဲဆိုတာကို နောက်ထပ်ထုတ်ဖော်ပြသလိုက်တဲ့နည်းတစ်မျိုးပါပဲ။ သူသာ အကောင်းဆုံးဖြစ်မနေဘူးဆိုရင် ပြိုင်ပွဲကို အကောင်းဆုံးတွေပေးနိုင်မှာမဟုတ်ဘူးလို့ သူ ခံစားမိပုံရပါတယ်။ ကျွန်တော်လည်း သူ့အတိုင်းပဲ ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။သူက ဘောလုံးအပေါ် ကျွန်တော့်ရဲ့ စိတ်ဆန္ဒပြင်းပြမှုအပေါ်မှာ တကယ် လွှမ်းမိုးနိုင်တဲ့ နည်းပြပါ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ကမာၻေပၚက အေကာင္းဆုံးနည္းျပလို႔ ထင္တဲ့သူနာမည္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး မန္ယူႏိုက္တက္ပရိသတ္အခ်ိဳ႕အတြက္ေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ျဖစ္ခဲ့ႏိုင္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဖာနန္ဒက္စ္ဟာ ၂၀၂၀ မွာ စပို႔တင္း လစၥဘြန္းကေန အိုးထရက္ဖို႔ဒ္ကို ေပါင္ ၅၅ သန္းဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္မွာ နည္းျပအမ်ားအျပားနဲ႔ အလုပ္အတူတူ တြဲလုပ္ခဲ့ရတာျဖစ္ပါတယ္။

အိုေလ ဂန္နာ ဆိုးလ္ရွား၊ မိုက္ကယ္ ကားရစ္၊ ရန္းနစ္ခ္၊ လက္ရွိနည္းျပ တန္ဟက္တို႔ အားလုံးဟာ ဖာနန္ဒက္စ္ အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့ ၃ ႏွစ္ေက်ာ္ ကာလအတြင္းမွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပေတြအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘဝတေလွ်ာက္လုံးဟာ  ခက္ခဲၾကမ္းတမ္းခဲ့ေပမယ့္လည္း ပရိသတ္ေတြအတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ အလင္းေရာင္တစ္ခု ျဖစ္ေပးခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ ကမာၻေပၚက အေကာင္းဆုံးနည္းျပက ဘယ္သူလို႔ထင္လဲလို႔ အေမးခံရခ်ိန္မွာ ဖာနန္ဒက္စ္ရဲ႕ အေျဖက မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း မဟုတ္ခဲ့တဲ့အေပၚ ပရိသတ္ေတြအတြက္ ႀကီးႀကီးမားမား ျပႆနာမျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္အခ်ိဳ႕ကေတာ့ ဖာနန္ဒက္စ္ရဲ႕ အေျဖက အသင္းရဲ႕ အႀကီးမားဆုံးေသာ ၿပိဳင္ဘက္အသင္းရဲ႕ နည္းျပျဖစ္ေနတဲ့အတြက္ေတာ့ ၾကားရတာ အံ့အားသင့္ခဲ့ေကာင္း အံ့အားသင့္ခဲ့ႏိုင္ပါတယ္။

“ကြၽန္ေတာ္တို႔ ကမာၻ႔အေကာင္းဆုံးနည္းျပအေၾကာင္း ေျပာတဲ့အခါမွာ သံသယ ျမဴမႈန္ေလာက္ေတာင္ မရွိမိပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ သူက ကမာၻေပၚက အေကာင္းဆုံးနည္းျပျဖစ္ခဲ့တယ္။ သူက ေဘာလုံးၿပိဳင္ပြဲကို အမ်ားဆုံး အေျပာင္းအလဲျဖစ္ေစခဲ့တဲ့ နည္းျပ ျဖစ္ေကာင္း​ ျဖစ္ပါလိမ့္မယ္။ အားလုံးက ပပ္ ဂြါဒီယိုလာ ျဖစ္ခ်င္ၾကပါတယ္။ ဒုတိယတန္းကေန ပထမတန္းအသင္းေတြအထိ အားလုံးက မန္စီးတီးလိုမ်ိဳး ကစားဖို႔ ႀကိဳးစားၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕ ရလဒ္ေတြနဲ႔ ေအာင္ျမင္မႈေတြေၾကာင့္ပါ။ ဂြါဒီယိုလာလို နည္းျပတစ္ေယာက္ဆီကေန ခ်ီးက်ဴးစကားၾကားရတာက ထူးျခားဆန္းၾကယ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ ကြၽန္ေတာ္တို႔က ကမာၻေပၚက အေကာင္းဆုံးနည္းျပလို႔ ကြၽန္ေတာ္ တကယ္ အသိအမွတ္ျပဳထားတဲ့ နည္းျပအေၾကာင္း ေျပာေနတာေၾကာင့္ပါ။ ကေလာ့ပ္ကလည္း ကြၽန္ေတာ္ အသိအမွတ္ျပဳ အခ်ီးက်ဴးရဆုံးနည္းျပေတြထဲက တစ္ဦးပါ။ သူ ၿပိဳင္ပြဲေတြကို ယူေဆာင္လာတဲ့ ျပင္းထန္မႈနဲ႔ ေဘာလုံးအတြက္ သူ႔မွာရွိေနတဲ့ စိတ္ဆႏၵျပင္းျပမႈေတြေၾကာင့္ပါ။ သူ ခ်ခဲ့တဲ့ဆုံးျဖတ္ခ်က္က(ရာသီကုန္ထြက္မယ့္ကိစၥ)ေဘာလုံးကို သူ ဘယ္ေလာက္အထိ ခ်စ္လဲဆိုတာကို ေနာက္ထပ္ထုတ္ေဖာ္ျပသလိုက္တဲ့နည္းတစ္မ်ိဳးပါပဲ။ သူသာ အေကာင္းဆုံးျဖစ္မေနဘူးဆိုရင္ ၿပိဳင္ပြဲကို အေကာင္းဆုံးေတြေပးႏိုင္မွာမဟုတ္ဘူးလို႔ သူ ခံစားမိပုံရပါတယ္။ ကြၽန္ေတာ္လည္း သူ႔အတိုင္းပဲ ျဖစ္လိမ့္မယ္လို႔ ထင္မိပါတယ္။သူက ေဘာလုံးအေပၚ ကြၽန္ေတာ့္ရဲ႕ စိတ္ဆႏၵျပင္းျပမႈအေပၚမွာ တကယ္ လႊမ္းမိုးႏိုင္တဲ့ နည္းျပပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.