Premier League

လီဗာပူးလ် ပရိသတ်တွေကို ဒေါသထွက်စေခဲ့တဲ့ ဟောင်းဝပ် ဝက်ဘ်

PGMOL ဥက္ကဌ ဟောင်းဝပ် ဝက်ဘ်က လီဗာပူးလ်နဲ့ မန်စီးတီးတို့ ကစားခဲ့တဲ့ ပွဲစဉ်က နောက်ဆုံးမိနစ် ပင်နယ်တီ မပေးခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အန်းဖီးမှာ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်ပြီးခါနီးမှာ အငြင်းပွားဖွယ် အခိုက်အတန့် ဖြစ်ခဲ့တာဖြစ်ပြီး မန်စီးတီးကြယ်ပွင့် ဒိုကုနဲ့ မက္ကယ်လစ္စတာတို့ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးယှဉ်လုချိန်မှာ လီဗာပူးလ်ကြယ်ပွင့်ရဲ့ ရင်ဘတ်ကို ကန်မိခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက ပြစ်ဒဏ်ဘောသတ်မှတ်ဖို့ ငြင်းဆန်ခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက်မှာလည်း အဲဒီဆုံးဖြတ်ချက်အတိုင်း မပြောင်းလဲခဲ့တာကြောင့် လီဗာပူးလ်နည်းပြ ကလော့ပ်အတွက် စိတ်ပျက်ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟောင်းဝပ် ဝက်ဘ်က Mic’d Up အစီအစဉ် နောက်ဆုံးအပိုင်းမှာ ပြောဆိုခဲ့ပြီး အလွန်ငြင်းပွားစရာကောင်းခဲ့တာကို နားလည်ပေမယ့် ဒိုင်နဲ့ VAR တို့က မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အမြင်တွေ အများကြီး ကွဲပြားစေခဲ့ပါတယ်။ ဟုတ်တယ်မလား။ ကျွန်တော်ထင်တာက ဒိုင်လူကြီးသာ ကွင်းထဲမှာ ပင်နယ်တီ ပေးခဲ့ပြီး VAR ရဲ့ စစ်ဆေးမှု ပြီးမြောက်ခြင်းဖြစ်ခဲ့မယ့် ကိစ္စတွေထဲက တစ်ခုဆိုတာ သေချာတယ်။ အဲဒီအတိုင်းပဲ ပင်နယ်တီမပေးခဲ့တော့လည်း စစ်ဆေးမှု ပြီးမြောက်ခြင်းဖြစ်ခဲ့တာပါပဲ။ ခင်ဗျား ကြားလိုက်လား။ မိုက်ကယ် အိုလီဗာက ကစားသမား ၂ ဦးကြားမှာ ရှိတဲ့ ဘောလုံးကို အတူတူ ရယူဖို့ လုပ်ခဲ့ကြတယ်ဆိုတာ။ ဘောလုံးက ခေါင်းတိုက်ဖို့ကျတော့လည်း အရမ်းနိမ့်လွန်းနေတယ်။ ဒိုကုက ဘောလုံးကို ရယူဖို့ ခြေထောက်မြှောက်လိုက်တယ်။ သူ ဘောလုံးနဲ့ ထိတွေ့မှု ရှိခဲ့တယ်။ ပြီးတော့ ဟုတ်ပါတယ်။ မက္ကယ်လစ္စတာကိုလည်း သွားထိခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ မက္ကယ်လစ္စတာက သူ့ဆီ ဝင်လာတာပါ။ မက္ကယ်လစ္စတာက ဘောလုံးကို ထိတောင် မထိခဲ့ပါဘူး။ အဲဒီတော့ ဘာကြောင့် အမြင်တွေကွဲပြားနေလဲဆိုတာကို ကျွန်တော် နားလည်တယ်။ အဲဒါက စစ်ဆေးမှု ပြီးမြောက်ခြင်းလို့ သတ်မှတ်ရပါလိမ့်မယ်။ ဒိုင်လူကြီးကို အရမ်းမရှင်းလင်းတဲ့ အခြေအနေတွေမှာ ပြန်ပြီး သုံးသပ်မှုတွေ မလုပ်စေချင်လို့ပဲ ဒီလိုအခြေအနေတွေအတွက် VAR က ရှိနေတာလို့ ထင်ပါတယ်။ VAR ကလည်း ပါဝင်ပတ်သက်ဖို့ လက်ရှောင်တယ်။ အဲဒါက ကျွန်တော်တို့ မျှော်လင့်ထားရမယ့်အရာလို့ ထင်ပါတယ်။ အဲဒီပွဲက ၁-၁ ဖြစ်နေတဲ့ပွဲပါ။ ခင်ဗျား တကယ်ကို လုံးဝ ကျိန်းသေပေါက်ဖြစ်ချင်မှာပါ။ ခင်ဗျား ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိချင်မှာပါ။ အဲဒါမှ ခင်ဗျား မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်မှာပါ။ မိုက်ကယ်က အဲဒီအခြေအနေမှာ သူ အနားရှိမနေခဲ့တာ ရှင်းပါတယ်။ ပြီးတော့ VAR က အဲဒီဖြစ်စဉ်ကို ပြန်ကြည့်ပြီး ရှင်းလင်းပြီးသိသာတဲ့အခြေအနေမျိုး မမြင်ခဲ့ရဘူး။ ခင်ဗျား တော်တော်လေးကို ပုဂ္ဂလဓိဌာန်ဆန်တဲ့အရာကို မြင်ရင် အဲဒီကိစ္စမှာ ဝင်ပါဖို့ကို လက်ရှောင်မှာပဲ။ ကျွန်တော်တို့ ပွဲအတွင်းက လူတွေဆီကနေ တုံ့ပြန်မှုတွေ ရခဲ့တာကတော့ တော်တော်လေးကို ပုဂ္ဂလဓိဌာန်ဆန်တဲ့အခြေအနေ(ကိုယ်လိုရာဆွဲတွေးနိုင်တဲ့အခြေအနေ)ပါ။ အဲဒါက သဘောထားကွဲလွဲစေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
PGMOL ဥကၠဌ ေဟာင္းဝပ္ ဝက္ဘ္က လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ ကစားခဲ့တဲ့ ပြဲစဥ္က ေနာက္ဆုံးမိနစ္ ပင္နယ္တီ မေပးခဲ့တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အန္းဖီးမွာ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္ၿပီးခါနီးမွာ အျငင္းပြားဖြယ္ အခိုက္အတန႔္ ျဖစ္ခဲ့တာျဖစ္ၿပီး မန္စီးတီးၾကယ္ပြင့္ ဒိုကုနဲ႔ မကၠယ္လစၥတာတို႔ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးယွဥ္လုခ်ိန္မွာ လီဗာပူးလ္ၾကယ္ပြင့္ရဲ႕ ရင္ဘတ္ကို ကန္မိခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက ျပစ္ဒဏ္ေဘာသတ္မွတ္ဖို႔ ျငင္းဆန္ခဲ့ၿပီး VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္မွာလည္း အဲဒီဆုံးျဖတ္ခ်က္အတိုင္း မေျပာင္းလဲခဲ့တာေၾကာင့္ လီဗာပူးလ္နည္းျပ ကေလာ့ပ္အတြက္ စိတ္ပ်က္ေဒါသထြက္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေဟာင္းဝပ္ ဝက္ဘ္က Mic’d Up အစီအစဥ္ ေနာက္ဆုံးအပိုင္းမွာ ေျပာဆိုခဲ့ၿပီး အလြန္ျငင္းပြားစရာေကာင္းခဲ့တာကို နားလည္ေပမယ့္ ဒိုင္နဲ႔ VAR တို႔က မွန္မွန္ကန္ကန္ လုပ္ေဆာင္ခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အျမင္ေတြ အမ်ားႀကီး ကြဲျပားေစခဲ့ပါတယ္။ ဟုတ္တယ္မလား။ ကြၽန္ေတာ္ထင္တာက ဒိုင္လူႀကီးသာ ကြင္းထဲမွာ ပင္နယ္တီ ေပးခဲ့ၿပီး VAR ရဲ႕ စစ္ေဆးမႈ ၿပီးေျမာက္ျခင္းျဖစ္ခဲ့မယ့္ ကိစၥေတြထဲက တစ္ခုဆိုတာ ေသခ်ာတယ္။ အဲဒီအတိုင္းပဲ ပင္နယ္တီမေပးခဲ့ေတာ့လည္း စစ္ေဆးမႈ ၿပီးေျမာက္ျခင္းျဖစ္ခဲ့တာပါပဲ။ ခင္ဗ်ား ၾကားလိုက္လား။ မိုက္ကယ္ အိုလီဗာက ကစားသမား ၂ ဦးၾကားမွာ ရွိတဲ့ ေဘာလုံးကို အတူတူ ရယူဖို႔ လုပ္ခဲ့ၾကတယ္ဆိုတာ။ ေဘာလုံးက ေခါင္းတိုက္ဖို႔က်ေတာ့လည္း အရမ္းနိမ့္လြန္းေနတယ္။ ဒိုကုက ေဘာလုံးကို ရယူဖို႔ ေျခေထာက္ေျမႇာက္လိုက္တယ္။ သူ ေဘာလုံးနဲ႔ ထိေတြ႕မႈ ရွိခဲ့တယ္။ ၿပီးေတာ့ ဟုတ္ပါတယ္။ မကၠယ္လစၥတာကိုလည္း သြားထိခဲ့တယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ မကၠယ္လစၥတာက သူ႔ဆီ ဝင္လာတာပါ။ မကၠယ္လစၥတာက ေဘာလုံးကို ထိေတာင္ မထိခဲ့ပါဘူး။ အဲဒီေတာ့ ဘာေၾကာင့္ အျမင္ေတြကြဲျပားေနလဲဆိုတာကို ကြၽန္ေတာ္ နားလည္တယ္။ အဲဒါက စစ္ေဆးမႈ ၿပီးေျမာက္ျခင္းလို႔ သတ္မွတ္ရပါလိမ့္မယ္။ ဒိုင္လူႀကီးကို အရမ္းမရွင္းလင္းတဲ့ အေျခအေနေတြမွာ ျပန္ၿပီး သုံးသပ္မႈေတြ မလုပ္ေစခ်င္လို႔ပဲ ဒီလိုအေျခအေနေတြအတြက္ VAR က ရွိေနတာလို႔ ထင္ပါတယ္။ VAR ကလည္း ပါဝင္ပတ္သက္ဖို႔ လက္ေရွာင္တယ္။ အဲဒါက ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားရမယ့္အရာလို႔ ထင္ပါတယ္။ အဲဒီပြဲက ၁-၁ ျဖစ္ေနတဲ့ပြဲပါ။ ခင္ဗ်ား တကယ္ကို လုံးဝ က်ိန္းေသေပါက္ျဖစ္ခ်င္မွာပါ။ ခင္ဗ်ား ရွင္းရွင္းလင္းလင္း၊ တိတိက်က် သိခ်င္မွာပါ။ အဲဒါမွ ခင္ဗ်ား မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ ခ်ႏိုင္မွာပါ။ မိုက္ကယ္က အဲဒီအေျခအေနမွာ သူ အနားရွိမေနခဲ့တာ ရွင္းပါတယ္။ ၿပီးေတာ့ VAR က အဲဒီျဖစ္စဥ္ကို ျပန္ၾကည့္ၿပီး ရွင္းလင္းၿပီးသိသာတဲ့အေျခအေနမ်ိဳး မျမင္ခဲ့ရဘူး။ ခင္ဗ်ား ေတာ္ေတာ္ေလးကို ပုဂၢလဓိဌာန္ဆန္တဲ့အရာကို ျမင္ရင္ အဲဒီကိစၥမွာ ဝင္ပါဖို႔ကို လက္ေရွာင္မွာပဲ။ ကြၽန္ေတာ္တို႔ ပြဲအတြင္းက လူေတြဆီကေန တုံ႔ျပန္မႈေတြ ရခဲ့တာကေတာ့ ေတာ္ေတာ္ေလးကို ပုဂၢလဓိဌာန္ဆန္တဲ့အေျခအေန(ကိုယ္လိုရာဆြဲေတြးႏိုင္တဲ့အေျခအေန)ပါ။ အဲဒါက သေဘာထားကြဲလြဲေစပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.