Premier League

လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီး အာဆင်နယ်ကို ဓားကြိမ်းကြိမ်းခဲ့တဲ့ တန်ဟက်

အဲရစ် တန်ဟက်ဟာ စက်တင်ဘာလတုန်းက အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ဒေါသထွက်နေသေးတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညက အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးလ်ကို ၄-၃ နဲ့ အလဲထိုးနိုင်ခဲ့ပြီးနောက် ဒီနိုင်ပွဲက အသင်းအတွက် အလှည့်အပြောင်းဖြစ်လာမလားလို့ တန်ဟက်ကို သတင်းထောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက စက်တင်ဘာ ၃ ရက်နေ့က မန်ချက်စတာယူနိုက်တက်ကို အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရသွားတဲ့ပွဲကို ရည်ညွှန်းပြီး ၎င်းရဲ့အသင်းက အငြင်းပွားဖွယ် အခြေအနေမှာ ရှုံးနိမ့်ခဲ့ရတာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အလက်ဟန်းဒရိုး ဂါနာချိုက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဒုတိယပိုင်း ၈၈ မိနစ်မှာ အနိုင်ဂိုးဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR က အငြင်းပွားဖွယ် လူကျွံဘော သတ်မှတ်ပြီး ငြင်းပယ်ခဲ့ပြီးနောက် ဂန်းနားတွေက အချိန်ပိုမှာ ၂ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

“အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့တယ်။ ဥပမာအနေနဲ့ပြောရရင် အာဆင်နယ်နဲ့ပွဲပေါ့။ အဲဒါက ဒီရာသီရဲ့ ၄ ပွဲမြောက်ပွဲလားမသိဘူး။ ကျွန်တော်တို့ ဟွိုင်လန်းကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအတွက် ပင်နယ်တီရခဲ့သင့်တယ်။ ပြီးတော့ ဂါနာချို ဂိုးသွင်းတာ ခွင့်မပြုခဲ့ဘူး။ ပြီးတော့ ကျွန်တော်တို့ အမြဲတမ်း ခွင့်မပြုခဲ့သင့်တဲ့ဂိုးတွေ ပေးခဲ့ရတယ်။ အဲဒီလို အခိုက်အတန့်တွေက ခင်ဗျားကို အကူအညီပေးနိုင်ပါတယ်။ အသင်းတိုင်းက ရာသီထဲမှာ အဲဒီလို အခိုက်အတန့်တွေလိုတယ်။ ကျွန်တော်တို့ ဘယ်တုန်းကမှ အဲဒီလို အခိုက်အတန့်မျိုးမရခဲ့ဘူး။ ဒါပေမယ့် ခုကတော့ အဲဒီအခိုက်အတန့်ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်မေလ ၁၀ ရက်နေ့မှာ အာဆင်နယ်ကို ဒီရာသီ ဒုတိယအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားဖို့ ရှိနေပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဇယား ပြန်လည်ရယူဖို့ ကြိုးပမ်းနေတဲ့ ဂန်းနားတွေအတွက် အခက်ခဲဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်လာဦးမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အဲရစ္ တန္ဟက္ဟာ စက္တင္ဘာလတုန္းက အာဆင္နယ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္နဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနေသးတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တနဂၤေႏြေန႔ညက အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္မွာ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးလ္ကို ၄-၃ နဲ႔ အလဲထိုးႏိုင္ခဲ့ၿပီးေနာက္ ဒီႏိုင္ပြဲက အသင္းအတြက္ အလွည့္အေျပာင္းျဖစ္လာမလားလို႔ တန္ဟက္ကို သတင္းေထာက္က ေမးျမန္းခဲ့တာျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပက စက္တင္ဘာ ၃ ရက္ေန႔က မန္ခ်က္စတာယူႏိုက္တက္ကို အာဆင္နယ္က ၃-၁ နဲ႔ အႏိုင္ရသြားတဲ့ပြဲကို ရည္ၫႊန္းၿပီး ၎ရဲ႕အသင္းက အျငင္းပြားဖြယ္ အေျခအေနမွာ ရႈံးနိမ့္ခဲ့ရတာလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳက အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဒုတိယပိုင္း ၈၈ မိနစ္မွာ အႏိုင္ဂိုးျဖစ္ေစမယ့္ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ေပမယ့္လည္း VAR က အျငင္းပြားဖြယ္ လူကြၽံေဘာ သတ္မွတ္ၿပီး ျငင္းပယ္ခဲ့ၿပီးေနာက္ ဂန္းနားေတြက အခ်ိန္ပိုမွာ ၂ ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

“အလွည့္အေျပာင္း ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ အမ်ားႀကီး လြဲေခ်ာ္ခဲ့တယ္။ ဥပမာအေနနဲ႔ေျပာရရင္ အာဆင္နယ္နဲ႔ပြဲေပါ့။ အဲဒါက ဒီရာသီရဲ႕ ၄ ပြဲေျမာက္ပြဲလားမသိဘူး။ ကြၽန္ေတာ္တို႔ ဟြိဳင္လန္းကို ျပစ္ဒဏ္က်ဴးလြန္ခဲ့မႈအတြက္ ပင္နယ္တီရခဲ့သင့္တယ္။ ၿပီးေတာ့ ဂါနာခ်ိဳ ဂိုးသြင္းတာ ခြင့္မျပဳခဲ့ဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အၿမဲတမ္း ခြင့္မျပဳခဲ့သင့္တဲ့ဂိုးေတြ ေပးခဲ့ရတယ္။ အဲဒီလို အခိုက္အတန႔္ေတြက ခင္ဗ်ားကို အကူအညီေပးႏိုင္ပါတယ္။ အသင္းတိုင္းက ရာသီထဲမွာ အဲဒီလို အခိုက္အတန႔္ေတြလိုတယ္။ ကြၽန္ေတာ္တို႔ ဘယ္တုန္းကမွ အဲဒီလို အခိုက္အတန႔္မ်ိဳးမရခဲ့ဘူး။ ဒါေပမယ့္ ခုကေတာ့ အဲဒီအခိုက္အတန႔္ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လာမယ့္ေမလ ၁၀ ရက္ေန႔မွာ အာဆင္နယ္ကို ဒီရာသီ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္သြားဖို႔ ရွိေနၿပီး ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဇယား ျပန္လည္ရယူဖို႔ ႀကိဳးပမ္းေနတဲ့ ဂန္းနားေတြအတြက္ အခက္ခဲဆုံးပြဲစဥ္ေတြထဲက တစ္ပြဲျဖစ္လာဦးမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.